ဗီဒီယိုအကြိုခံစားခြင်း


ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍ မှာတော့ လူငယ်အချစ်ဇာတ်ကား လေးတစ်ကားကို ညွှန်းပေးလိုက်ပါတယ်။

မြယွန်းမှုံက ကောင်မလေး တွေရဲ့ ရည်းစားတွေကို သစ္စာရှိ၊ မရှိစမ်းသပ်ပေးရတဲ့ အလုပ်လုပ် ပါတယ်။ တကယ်တော့ သူ့ရဲ့ စားဝတ်နေရေးကြောင့် မလုပ်ချင်ဘဲ လုပ်နေရတာပါ။ မြယွန်းမှုံရဲ့ တကယ့်ဝါသနာက မင်းသမီးဖြစ် ဖို့ပါ။ မင်းသမီးဖြစ်ဖို့အတွက် မြ ယွန်းမှုံမပြိုင်ဖူးတဲ့ သရုပ်ဆောင် ရွေးပွဲလည်း မရှိသလောက်ပါပဲ။ သရုပ်ဆောင်ရွေးပွဲတွေမှာ ဒါရိုက် တာတွေနဲ့ အဆင်မပြေလို့ ပြန်လာရတာရှိသလို လိုတာထက်ပိုပြီး ဖော်ခိုင်းတာတွေနဲ့လည်း ကြုံရ တာကြောင့် တစ်ခုမှ အဆင်မပြေ ခဲ့ပါဘူး။

အဲဒီလိုနဲ့ သူနဲ့အတူတူနေတဲ့ သူငယ်ချင်းရဲ့ ရည်းစားက အပြင် မှာ ပွေရှုပ်နေတာကြောင့် မြယွန်း မှုံကို အဲဒီကောင်မလေးက သူ့ ရည်းစား သူ့အပေါ် သစ္စာရှိ၊ မရှိသိချင်လို့ဆိုပြီး မြယွန်းမှုံကို ပိုက်ဆံ ပေးပြီး လုပ်ပေးဖို့ အကူအညီ တောင်းခဲ့ပါတယ်။ မင်းသမီးဖြစ် ချင်တဲ့ မြယွန်းမှုံကလည်း အကယ်ဒမီအိုက်တင်တွေနဲ့ ၀င်ကပ်လိုက် တာကြောင့် သူ့သူငယ်ချင်းရဲ့ ရည်းစားက မြယွန်းမှုံကို ချစ်ရေးဆိုခဲ့ပါတယ်။ အဲဒီလိုနဲ့ အဲဒီ့ရည်းစားကို သူ့သူငယ်ချင်းက ဖြတ်လိုက်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ မြယွန်းမှုံကို သူ့သူငယ်ချင်းက သူတို့နဲ့ ရင်းနှီးတဲ့ လူတွေကိုခေါ်လာပြီး အဲဒီအလုပ်ကို ဆက်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ မြယွန်းမှုံလုပ်ပေးသမျှ လူတိုင်းကလည်း သူတို့ရဲ့ ရည်းစားတွေအပေါ်မှာ သစ္စာရှိခဲ့တဲ့ သူတွေတစ်ယောက်မှမရှိပါဘူး။ မြယွန်းမှုံလည်း ယောက်ျားတွေအပေါ်မှာ အယုံအကြည် နည်းလာခဲ့ပါတယ်။ အဲဒီလိုနဲ့ မြယွန်းမှုံ ဇာတ်လမ်းတွဲတစ်ခု ရိုက်ဖို့အတွက် သရုပ်ဆောင် သွားပြိုင်ခဲ့ပါတယ်။ အဲဒီသရုပ်ဆောင် ရွေးပွဲမှာတော့ မြယွန်းမှုံကို ထုတ်လုပ်သူ အပါအ၀င် ဒါရိုက်တာတွေကလည်း သဘောကျခဲ့ပါတယ်။ အဲဒါကြောင့် ထုတ်လုပ်သူအမျိုး သမီးကြီးက မြယွန်းမှုံကို သီးသန့် ခေါ်တွေ့ခဲ့ပါတယ်။

တကယ်တော့ အဲဒီအမျိုး သမီးက မြယွန်းမှုံကို ခေါ်တွေ့တာ အကြောင်းရှိပါတယ်။ သူက မြ ယွန်းမှုံလုပ်တဲ့အလုပ်ကိုလည်း သိ တာကြောင့် မင်းသမီးဖြစ်ဖို့ အ တွက် အပေးအယူတစ်ခုလုပ်ခဲ့ပါ တယ်။ အဲဒါကတော့ သူ့ရဲ့ ရည်း စားဟောင်းသုတစွယ်စုံကို ချစ်သူ ဖြစ်အောင် ကြိုးစားပြီး အသည်းခွဲဖို့ ခိုင်းခဲ့ပါတယ်။ မြယွန်းမှုံက တော့ အဲဒီအလုပ်ကို မလုပ်နိုင် တော့ဘူးလို့ ငြင်းခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ မြယွန်းမှုံလက်ခံခဲ့ရပါတယ်။ ရည်းစားတွေ သစ္စာရှိ၊ မရှိစမ်းသပ်ပေးရတဲ့ မြယွန်းမှုံတစ်ယောက် ဒီတစ်ခါလက်ခံတဲ့အလုပ်ကိုကော အောင်မြင်မှာလားဆိုတာကိုတော့ လာဗင်ဒါထုတ်လုပ်ရေးက ဖြန့်ချိပေးထားတဲ့ လေဒီကာလာဆိုတဲ့ ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ သုတစွယ်စုံ အဖြစ် ဇေရဲထက်၊ မြယွန်းမှုံအဖြစ် ဖွေးဖွေးတို့က ပါဝင်သရုပ်ဆောင် ထားပါတယ်။ PTZ ရဲ့ ဇာတ်လမ်းကို ရာဇ၀င်ကို ဇတ်ညွှန်းရေးပေး ပြီး ဒါရိုက်တာ အရုဏ်ဦးပွင့်သိင်္ဂီ ဇော်က ရိုက်ကူး ပုံဖော်ထားပါ တယ်။ ။

7day
Previous
Next Post »
Powered by Blogger.