ဖြိုးဖြိုးအောင်၊ မင်းသွေးသစ်နှင့် နန္ဒာစစ်အောင်တို့ ၃ ဦးမှာမူ မလွတ်သေး




ကျောင်းသားသပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ ဖြိုးဖြိုးအောင်၊ မင်းသွေးသစ်နဲ့ နန္ဒာစစ်အောင်တို့ ၃ ဦးကတော့ သာယာဝတီတရားရုံးမှာ ရင်ဆိုင်နေရတဲ့ အမှုအတွက် လွတ်မြောက်ပြီဖြစ်ပေမယ့် ရန်ကုန်အပါအ၀င် အခြားတရားရုံးတွေက စွဲဆိုထားတဲ့အမှုတွေအတွက် အမှုပိတ်သိမ်းတာတွေမရှိသေးလို့ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခြားတရားရုံးတွေက အမှု ပိတ်သိမ်းတာတွေ သိပ်မကြာခင်မှာ ဖြစ်လာဖို့ရှိနေတာမို့ များမကြာမီ လွတ်မြောက်လာဖို့ ရှိနေတယ်လို့ ကျောင်းသားတွေက ဆိုပါတယ်။

ဧရာဝတီ
Previous
Next Post »
Powered by Blogger.