ဒီနေ့ညနေ ကြည့်ကြရမယ့် ကမ္ဘာကျော်အဆိုတော်သုံးဦး ဖျော်ဖြေပွဲ


ကမ္ဘာကျော်တေးသံရှင် Charice နှင့် အခြားနာမည်ကြီး အဆိုတော်များ ပါဝင်ဖျော်ဖြေ မည့် Voice Of Angels 2016 Concert Series ကို ဧပြီ ၈ ရက် ညနေ ၆ နာရီတွင် ချက်ထရီယံ ဟိုတယ် ရေကူးကန်ဧရိယာ၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ဖျော်ဖြေပွဲတွင် ကမ္ဘာကျော် အဆိုတော်များဖြစ် ကြသည့် ဖိလစ်ပိုင်နိုင်ငံမှ နာမည် ကြီးအဆိုတော် Charice အပါအဝင် အမေရိကန်ပေါ့ပ် အဆို တော် Paula Deanda, Karina Pasian နှင့် မြန်မာနိုင်ငံမှ အဆိုတော် အိုင်ရင်းဇင်မာမြင့်တို့ ပါဝင်ဖျော်ဖြေမည်ဖြစ်ပြီး လက်မှတ် ဈေးနှုန်းများကို အမေရိကန်ဒေါ်လာ ၃၆၀၊ ၂၀၀ နှင့် ၉၅ ဒေါ်လာအသီးသီးသတ်မှတ်ထားကြောင်း သိရသည်။

‘‘ဖျော်ဖြေပွဲမှာ ကိုယ်ပိုင် သီချင်းတွေ သီဆိုဖျော်ဖြေသွားပါ မယ်။ ပရိသတ်တွေသိပြီးသားဖြစ် တဲ့ Cover Song တွေကိုလည်း ဆိုမယ်။ အကောင်းဆုံးပြင်ဆင် ထားပါတယ်’’ဟု ဖိလစ်ပိုင်အဆို တော် Charice က ပြောကြား သည်။ Charice သည် Pyramid သီချင်းဖြင့် တစ်ကမ္ဘာလုံးမှ ပရိ သတ်များ လက်ခံအားပေးခဲ့သည့် အဆိုတော်တစ်ဦးဖြစ်လာခဲ့သူ ဖြစ်သည်။ ထို့အပြင် ကမ္ဘာကျော် အစီအစဉ်တင်ဆက်သူ အော် ပရာဝင်းဖရေးက ကမ္ဘာပေါ်တွင် အဆိုအကောင်းဆုံးသူဟု သတ် မှတ်ခံရသည့် ဘုရားပေးသော အသံလက်ဆောင်ဖြင့် မွေးဖွား လာသူ၊ အာရှသူ၊ အာရှသားများ ကို ကမ္ဘာ့ဂီတလောကတွင် ဂုဏ် ယူနိုင်စေခဲ့သူဟု မှတ်ချက်ချထား ခြင်းခံရသူတစ်ဦးလည်း ဖြစ် သည်။

‘‘အိုင်ရင်း ဒီကမ္ဘာကျော် အဆိုတော်တွေနဲ့အတူ ထိုင်နေရ တာတောင်မှ အရမ်းကို စိတ်လှုပ် ရှားရပါတယ်။ အိုင်ရင်း အရမ်း နှစ်ခြိုက်သဘောကျရတဲ့ အဆို တော် Charice ကို ဒီဒီဇိုင်းလေးနဲ့ တွေ့ရတာလည်း အရမ်းကို ချစ်ဖို့ ကောင်းပါတယ်။ ဒီလိုကမ္ဘာ ကျော်အဆိုတော်တွေနဲ့အတူ ဖျော်ဖြေရမှာကိုလည်း အရမ်း ဂုဏ်ယူမိပါတယ်။ အကောင်းဆုံး လည်းပြင်ဆင်ဖျော်ဖြေသွားပါ မယ်’’ဟု အဆိုတော် အိုင်ရင်းဇင် မာမြင့်က ပြောသည်။

အဆိုပါဖျော်ဖြေပွဲတွင် ပါဝင်ဖျော်ဖြေမည့် Walk Away သီချင်းဖြင့် နာမည်ကျော်ကြား လာသူ Paula Deanda သည် လည်း မြန်မာပရိသတ်များ နား ယဉ်ပြီးသားဖြစ်သည့် သီချင်းများ ပိုင်ရှင် အဆိုတော်တစ်ဦးဖြစ် သည်။

‘‘ပရိသတ်ကြီးကိုဖျော်ဖြေဖို့ ရန်ကုန်ကို လာရောက်မှာ ဖြစ်ပါ တယ်။ ပွဲလက်မှတ်တွေကို အမြန် ဝယ်ပြီး အရမ်းမိုက်တဲ့ သီချင်းတွေ နဲ့ ညကို အတူတူဖြတ်သန်းရ အောင်’’ဟု Charice က ပွဲစီစဉ် သည့် Living Sound Entertain-ment ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင်ထားသည့် ဗီဒီယိုဖိုင်၌ ဖိတ် ခေါ်ထားသည်။

ဖြူဖွေးသန် - 7day
Previous
Next Post »
Powered by Blogger.