ဆီးဖြူသီးနဲ့ ဆံပင်တွေဖြူတာကို ကာကွယ်မယ်


သုံးနည်းက အလွန် လွယ်ကူပါတယ်။

ဆီးဖြူသီးဟာ ဗီတာမင်စီ ကြွယ်ဝကာ အသည်းကို အားကောင်းစေပြီး အစာအိမ်တွင်းက အက်ဆစ်ရည်တွေကို ထိန်းညှိပေးပါတယ်။

ဆံပင်ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်တာ ဖြစ်ပြီး ခေါင်းလျှော်ရည်နဲ့ ဆံပင်ထုတ်ကုန် တော်တော်များများဟာ ဆီးဖြူသီး ပါဝင်ပါတယ်။ ဆံပင်ဖြူကို ကာကွယ်ဖို့ ဆီးဖြူသီးကို သုံးနည်းကတော့ လွယ်ကူပါတယ်။

ဆီးဖြူသီးအနည်းငယ်ကို အုန်းဆီထဲထည့်ပြီး ချက်ရမှာဖြစ်ပါတယ်။ အရောင်တွေ မဲသွားတဲ့ထိ ချက်ပေးရမှာ ဖြစ်ပြီး ရလာတဲ့အနှစ်ကို ဦးရေပြားတွေမှာ ပွတ်ထားပေးရမှာ ဖြစ်ပါတယ်။ နာရီအနည်းငယ်အကြာမှာ ရေဆေးချရမှာ ဖြစ်ပါတယ်။ ဆီးဖြူသီးဖျော်ရည်ကိုလည်း သောက်ပေးသင့်ပါတယ်။

Photos & Source: Zee News
duwun
Previous
Next Post »
Powered by Blogger.