ပျောက်ဆုံးခရီးသည်တင်ယာဉ်နှင့် ခရီးသည်အချို့ သုံးရက်ကြာချိန်အထိ အဆက်အသွယ်မရသေးဟုဆို

မူဆယ်မြို့နယ် နမ့်ဖက် ကာကျေးရွာနှင့် နမ့်ခမ်းမြို့ကြား တွင် ပျောက်ဆုံးနေသည့် ယာဉ် မောင်းနှင့် ခရီးသည်အချို့ ၃ ရက် မြောက်အထိ အဆက်အသွယ်မ ရသေးသဖြင့် ၎င်းတို့၏ အသက် အန္တရာယ်အတွက် စိုးရိမ်နေရ ကြောင်း မိသားစုဝင်များက ပြော သည်။

မူဆယ်မှ မန္တလေးမြို့သို့ ပြေးဆွဲနေသည့် လူလေး၊ ငါးဦး ခန့်လိုက်ပါနိုင်သော ခရီးသည် တင်ယာဉ်အချို့သည် နမ့်ဖက် ကာကျေးရွာနှင့် နမ့်ခမ်းမြို့ကြား ဖာလိုင်ကျေးရွာတွင် ဇွန်လ ၅ ရက် နံနက်က ပျောက်ဆုံးသွား ခြင်းဖြစ်ပြီး ဇွန်လ ၇ ရက် ညနေ အထိ အဆက်အသွယ်မရသေး ပေ။ ယာဉ်မောင်းနှင့် ခရီးသည် အချို့ ဖမ်းဆီးခေါ်ဆောင်ခံရခြင်း ကို မျက်မြင်တွေ့ရှိသည့် အခြား ယာဉ်မောင်းများ၏ ပြောစကား အရ ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ခေါ်ဆောင်သွားကြောင်း ပျောက် ဆုံးနေသူ ယာဉ်မောင်းတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

‘‘လူဆယ်ယောက်လောက် ကို ကြိုးနဲ့တုပ်ပြီး ခေါ်သွားတာ တွေ့လိုက်တယ်တဲ့။ ကားသမား တွေက ပြောတယ်။ ရဲကိုတော့ ကျွန်တော်တို့ တိုင်ထားတယ်။ အခု သုံးရက်မြောက်ပြီဆိုတော့ ဘာတွေ ဆက်လုပ်ရမယ်မှန်းမသိ သေးဘူး၊ စိုးရိမ်နေပြီ’’ဟု ပြော သည်။

ပျောက်ဆုံးခရီးသည်အချို့ ၏ မိသားစုဝင်များက ဇွန်လ ၇ ရက်တွင် ရဲစခန်းသို့ လာရောက်၍ အမှုဖွင့်ကြကြောင်း သတင်းရရှိ သည်။

‘‘သွားရှာဖို့လည်း လုံခြုံရေး အရ ကြောက်နေရတယ်။ သူတို့ (ဖမ်းဆီးသွားသော လက်နက် ကိုင်အဖွဲ့) ကို ဆက်သွယ်နိုင်တဲ့ သူကို အားကိုးပြီး ဆက်သွယ်နေ တယ်။ အကြောင်းတော့ မထူး သေးဘူး’’ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့ ဒေသခံအချို့နှင့် ယာဉ်မောင်းအချို့က ခရီးသည် တင်ယာဉ် လေးစီးထက်မနည်း ပျောက်ဆုံးနေကြောင်းပြောပြီး နမ့်ခမ်းမြို့နယ် ရဲတပ်ဖွဲ့က ပျောက်ဆုံးလူအရေအတွက်ကို အတိအကျမပြောပေ။ မိသားစု ၀င်အချို့က လူပျောက်မှုဖြင့် အမှု လာဖွင့်ထားသည်ကိုသာ အတည် ပြုပေးပြီး စုံစမ်းမှုများပြုလုပ်နေ ကြောင်း နမ့်ခမ်းမြို့နယ်ရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက ပြောသည်။

မူဆယ်၊ နမ့်ခမ်းဒေသတစ် ၀ိုက်သည် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသော ကေအိုင် အေ၊ TNLA နှင့် SSPP/SSA တို့ ၏ လှုပ်ရှားရာဒေသဖြစ်သည်။

အောင်သစ်လွင် - 7day
Previous
Next Post »
Powered by Blogger.