၂၄ နှစ်ရောက်ရင် မလုပ်တော့တဲ့ အရာ (၇) ခု


၁ - ဈေးပေါတဲ့ အဝတ်တွေ မဝယ်တော့ဘူး

ငယ်တုန်းကတော့ ဈေးကောင်းတာ ၊ ဈေးပေါတာ မကြည့်ဘဲ ဒီဇိုင်းမိုက်ပြီး၊ ကိုယ်ကြိုက်တယ်ဆိုရင် ဝယ်လိုက်တာပါပဲ။ ဒါပေမဲ့ အသက်ကြီးလာတော့ အဝတ်အစားဝယ်မယ်ဆိုရင် အသားတွေ၊ ချုပ်ပုံတွေနဲ့ စတဲ့ အရာတွေကိုပါ ထည့်သွင်းစဉ်းစားလာပါတယ်။

၂ - ကြုံရာ မတွဲတော့ဘူး

ငယ်ငယ်တုန်းကတော့ ရုပ်ရည်နဲ့ စတိုင်မိုက်ရင် စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ အသက် ၂၄ နှစ်လောက်ရောက်လာပြီဆိုရင် ပညာ၊ အသိုင်းအဝိုင်း၊ အလုပ်အကိုင် ဒါတွေပါ ဦးစားပေးလာပါတယ်။ အရေးကြီးဆုံးကတော့ ကိုယ့်ပုံစံနဲ့ ဖြစ်ပါ့မလားဆိုတာပါပဲ။

၃ - ဂရုမစိုက်ဘူး

အရင်တုန်းက တစ်ခုခုဆို အများကို ဂရုစိုက်တတ်ပါတယ်။ အများကဘယ်လိုထင်မလဲ၊ ဘယ်လိုတွေးနေမလဲ ဆိုတာ ဂရုစိုက်တတ်ပါတယ်။ အသက် ၂၄ နှစ်ရောက်လာရင်တော့ ဒီလိုတွေးခေါ်ပုံတွေ နည်းလာပြီး ကိုယ့်အကြိုက်ကိုပဲ ရဲရဲဝံ့ဝံ့ ရွေးချယ်လာပါတယ်။

၎ - မိဘတွေကို အပြစ်မတင်

မိဘတွေကို အပြစ်တင်တာမျိုး မလုပ်တော့ပါဘူး။ ဒါကတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်သွားနိုင်တာအပါအဝင် လက်တွေ့ဘဝကို စတင်ရင်ဆိုင်ပြီး ရင့်ကျက်လာတာကြောင့်ပါ။

၅ - ဆုပ်ကိုင်မှု

တစ်ခုခုကို တရားသေကြီးဆုပ်ကိုင်ထားတာမျိုးကို မနှစ်သက်တော့ပါဘူး။ ဒါရမှ၊ ဒါမျိုးဖြစ်ရမှ ဆိုတဲ့ အတွေးမျိုးလျော့နည်းလာပါတယ်။

၆ - သိချင် ခင်ချင်

လူတကာနဲ့ သိချင်ခင်ချင်တဲ့စိတ် ပျင်းပြနေတာမျိုး မရှိတော့ပါဘူး။ ဒီလိုစိတ်မရှိတော့တာကြောင့် လူတိုင်းကို ပျော်အောင်လုပ်ရမယ်ဆိုတဲ့ စိတ်မျိုးလည်း မရှိတော့ပါဘူး။ ကိုယ့်ပုံစံနဲ့ကိုယ် စတင်ရပ်တည်လာပါတယ်။

၇ - ကျန်းမာရေး

ဘာပဲလုပ်လုပ် ကျန်းမာရေးကောင်းနေမယ်လို့ ထင်နေတဲ့စိတ်မျိုးဟာ မခိုင်မာတော့ပါဘူး။

Photos & Source: Lifehack
duwun
Previous
Next Post »
Powered by Blogger.