ဆုံဆို့နာရောဂါကြောင့် ရန်ကုန်တွင် သေဆုံးသူ ငါးဦးရှိလာ


ဆုံဆို့နာရောဂါကြောင့် ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေ သကြီးတွင် သေဆုံးသူငါးဦးရှိပြီ ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန(ရန်ကုန်တိုင်း)ဦးစီးမှူး ဒေါက်တာဝင်းလွင်ကပြောသည်။

၂၀၁၆ ဇန်န၀ါရီမှ မေလ အတွင်း ရန်ကုန်တိုင်းတွင်ဆုံဆို့နာ ရောဂါဖြစ်ပွားသူ ဆယ်ဦးရှိပြီးငါး ဦးသေဆုံးကြောင်း၊ ယခု ဇွန်လ ပထမပတ်အတွင်း ရွှေပြည်သာ မြို့နယ် (၅၇)ရပ်ကွက်ရှိ မြိုင် သီလရှင်စာသင်တိုက်တွင် ဆုံဆို့ နာရောဂါဖြစ်ပွားသူတစ်ဦး ထပ်မံ တွေ့၍ ရန်ကုန်ကလေးဆေးရုံ ကြီး(ဟယ်ပင်)အထူးကြပ်မတ် ကုသဆောင်၌ ဆေးဝါးကုသမှု ခံယူနေကြောင်း ၎င်းက ဆိုသည်။

‘‘မင်္ဂလာဒုံမြို့နယ် ရတနာ မာန်အောင်သီလရှင်စာသင် တိုက်က သီလရှင်တစ်ပါး ဆုံဆို့နာရောဂါနဲ့ ပျံလွန်တော်မူတယ်။ ကျန်တဲ့သီလရှင်လေးပါးက ဆုံဆို့နာရောဂါဖြစ်တာမဟုတ်ပါဘူး။ သူတို့ရဲ့ ကျန်းမာရေးအခြေအနေကောင်းပါတယ်။ ရွှေပြည်သာကမြိုင်သီလရှင်ကျောင်းမှာတော့ ဆုံဆို့နာရောဂါဖြစ်ပွားသူတစ်ယောက်ကို ရန်ကုန်ဆေးရုံကြီးမှာ တင်ထားတယ်။ ရောဂါကူးစက်ပျံ့နှံ့မှုမရှိအောင် ရောဂါကာကွယ်ရေးထိန်းချုပ်ရေးလုပ်ငန်းတွေကို လုပ်နေပါတယ်’’ဟု ဦးစီးမှူးဒေါက်တာဝင်းလွင်က ဆိုသည်။ယခုဖြစ်ပွားနေသည့် ဆုံဆို့ နာရောဂါသည် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် အများအပြားဖြစ် ပွားနေခြင်းမဟုတ်ဘဲ ကာကွယ် ဆေးလွှမ်းခြုံမှုအားနည်းခဲ့သော ဝေးလံခေါင်ဖျားသည့်ဒေသများမှ ကလေးငယ်များ၊ ရန်ကုန်ရှိ သီလ ရှင်ကျောင်း၊ စာသင်တိုက်များ တွင် စုဝေးနေထိုင်ရာမှ ကလေး အချို့၌ ရောဂါ ကူးစက်ဖြစ်ပွား ခဲ့ကြောင်း နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနဒုတိယညွှန် ကြားရေးမှူးချုပ်ဒေါက်တာသန်း ထွန်းအောင်ကပြောသည်။

‘‘ငါးမျိုးစပ်ကာကွယ်ဆေး ထိုးထားတဲ့ ကလေးတွေမှာ ရော ဂါဖြစ်ပွားတာမတွေ့ရဘူး။ အခု ဟာက ကာကွယ်ဆေးတစ်ခါမှ မရဖူးတဲ့ ကလေးတွေမှာဖြစ်တာ တွေ့ရတယ်။ နှစ်စဉ်ဒီရောဂါက ဖြစ်တာရှိတယ်။ တစ်ယောက်စ၊ နှစ်ယောက်စပေါ့။ ရန်ကုန်က တော့ လူစုလူဝေးများတဲ့ ဂေဟာ တွေရှိတော့ အခုစာရင်းကောက် မယ်။ အကယ်၍ တတ်နိုင်ရင်ကာ ကွယ်ဆေးထိုးဖို့ စီစဉ်ထားတယ်။ ပုံမှန်ကာကွယ်ဆေးထိုးစီမံချက်နဲ့ တော့ ထိုးလို့မရဘူး။ ကလေးကြီး တွေအတွက် ဆေးဝယ်ပြီိးထိုးရ မယ်’’ဟု ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

ယခုဖြစ်ပွားသည့် ဆုံဆို့နာ ရောဂါသည် အသက်(၁၅)နှစ် အောက်ကလေးများတွင် ဖြစ်ပွား ပြီး မေလ ဒုတိယပတ်အတွင်းက ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့ရှိ ကျေးရွာတစ်ရွာတွင် ယင်းရောဂါဖြင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ဧရာဝတီတိုင်း)ဦးစီးမှူး ဒေါက်တာ ထွန်းမြင့်က ဆိုသည်။

ဆုံဆို့နာရောဂါသည် ဗက် တီးရီးယားပိုးကြောင့်ဖြစ်ပြီး လူလူချင်း ကူးစက်လွယ်ကြောင်း၊ ချောင်းဆိုးနှာချေရာမှတစ်ဆင့် ရောဂါရှိသူ၏ အသုံးအဆောင် ပစ္စည်းများကို ကိုင်တွယ်ရာမှ ရောဂါကူးစက်ကြောင်း၊ ကလေး များတွင်ဖြစ်ပွားပါက အရေးပေါ် အခြေအနေဖြစ်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ကျော်စွာဦးက ဆို သည်။ ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ လည်ပင်းနာခြင်း၊ ပါး စပ်ထဲတွင် အဖြူရောင်အကွက် များဖြစ်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ ပြန်ရည်ကြော ဂလင်းများ ကြီးလာခြင်းများ ဖြစ်နိုင်သည်။ နောက်ဆက်တွဲဆိုးကျိုးအဖြစ် နှ လုံးကြွက်သားရောင်ခြင်း၊ အာရုံ ကြောထိခိုက်ခြင်း၊ နှလုံးခုန်မူမ မှန်ခြင်းနှင့် ကျောက်ကပ်ထိခိုက် ခြင်းများ ဖြစ်စေနိုင်ကြောင်းသိရ သည်။

ရောဂါကူးစက်လွယ်သဖြင့် ရောဂါရှိသူ၏ အသုံးအဆောင် ပစ္စည်းများကို ကိုင်တွယ်ခြင်းမှ ရှောင်ရှားသင့်ပြီး တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် လက်သန့်ရှင်း ရေးသည် အရေးကြီးကြောင်း၊ ယင်းရောဂါသည် ကာကွယ်ဆေးဖြင့်သာ ကာကွယ်နိုင်သည့် ရောဂါတစ်ခုဖြစ်ကြောင်း ဒေါက်တာ ကျော်စွာဦးကဆိုသည်။

ဟေမာန်ညီညီ - 7day
Previous
Next Post »
Powered by Blogger.