အာဂယောက်ျား


မကြာသေးမီက အမေရိ ကန်သမ္မတ အိုဘားမားသည် ဗြိတိန် နိုင်ငံသို့ သွားရောက်ပြီး ဗြိတိန်ဘုရင်မကြီးနှင့် မင်းသားဝီလျံ တို့ကို သွားရောက်တွေ့ဆုံခဲ့ သည်။ နိုင်ငံတကာမီဒီယာများက သမ္မတအိုဘားမားနှင့် သမ္မတ ကတော် မစ်ရှယ်အိုဘားမားတို့ ကင်စတန်နန်းတော်သို့သွားပြီး မင်းသားဝီလျံနှင့် ကြင်ရာတော် ကိတ်မစ်ဒယ်လ်တန်တို့ကို တွေ့ ဆုံသည်ကို အကျယ်တဝင့်ဖော်ပြ ခဲ့သည်။ သူတို့အကျယ်တဝင့် သတင်းလုပ် ဖော်ပြသည့် အကြောင်းက သူတို့နှစ်ယောက် တွေ့ဆုံသည့်အကြောင်းထက် အိုဘားမားနှင့် မင်းသားဝီလျံတို့ သည် အမျိုးသမီးများကို ရှေ့တန်း တင် ဦးစားပေးပြခြင်းဖြင့် သူတို့၏ လူကြီးလူကောင်း လူယဉ်ကျေး ဆန်သည့် အပြုအမူကို ပြသခဲ့ သည်ဆိုသည့်အကြောင်းဖြစ် သည်။

ထိုနေ့က မိုးရွာနေ၏။ ထို့ကြောင့် သမ္မတအိုဘားမားသည် သူစီးလာသည့် ကားပေါ်မှဆင်း သည့်အခါ ကားတစ်ဖက်က စီး လာသည့် သမ္မတကတော် မစ်ရှယ်အိုဘားမားကို ထီးနှင့် အသေ အချာမိုးပြီးသွားခေါ်သည်။ မင်းသားဝီလျံတို့ စောင့်ကြိုနေသည့် နေရာရောက်သောအခါ သမ္မတ အိုဘားမားသည် ပထမဆုံး ကိတ်မစ်ဒယ်လ်တန်ကို လက်ဆွဲနှုတ်ဆက်သည်။ ပြီးမှ မင်းသားဝီလျံကို နှုတ်ဆက်၏။ မင်းသားဝီလျံ ကလည်း မစ်ရှယ်အိုဘားမားကို အရင်နှုတ်ဆက်သည်။ ပြီးမှ အိုဘားမားကို လက်ဆွဲနှုတ်ဆက် ၏။ သည်လို ကင်မရာများနှင့် ကမ္ဘာကိုပြသမည့် သတင်းမီဒီယာတွေရှေ့မှာ အိုဘားမားနှင့် မင်းသားဝီလျံတို့သည် ယခုလို အမျိုးသမီးများကို အပြိုင်အဆိုင်ဦးစားပေးပြ၊ ယဉ်ကျေးရသည့် အကြောင်း သူတို့သည် လူကြီးလူကောင်း ဖြစ်သည်ဆိုသည့် သဘောကို သွယ်ဝိုက်ကြော်ငြာ လိုက်ခြင်းဖြစ်သည်။

‘‘ဒီလို အမျိုးသမီးတွေ၊ ကလေးတွေလို ကိုယ်ခံအား နူးညံ့ အားနည်းသူတွေကို ဦးစားပေး တဲ့သူမှ ယောက်ျားကောင်း၊ လူကြီးလူကောင်းဆိုတဲ့သဘော က ကျွန်တော်ငယ်ငယ် ၁၉၆၇ လောက်ကတည်းက ခေတ်စားခဲ့ တာပါ။ အဲဒီခေတ်က ရုပ်ရှင်တွေ မှာလည်း ဒီသဘောကို အများကြီး တွေ့ရတယ်။ ကျွန်တော်တို့အဖေ ကလည်း အရွယ်ရောက်ကတည်း က သည်အကျင့်ကို သင်ကြား ပေးခဲ့တယ်။ ကျွန်တော်ကလည်း သားတွေကို လူမှုဆက်ဆံရေးမှာ အလေ့အကျင့်ဖြစ်လာအောင်လို့ ငယ်ငယ်ကတည်းက သင်ပေးခဲ့တယ်’’ ဟု အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ် လိုင်မာမြို့က စိတ်ရောဂါအထူးကု ဒေါက်တာ ဂျယ်ရီဇင်မာမာန်က ပြောကြား သည်။

သည်အယူအဆသည် ရှေး ယခင် အင်္ဂလိပ်လူမျိုး လူကြီးလူ ကောင်းများ၏ ဓလေ့ဖြစ်ပြီး သည်ကနေမှ ဥရောပ၊ ဥရောပ ကနေ ဥရောပသားများ အခြေချခဲ့ သော မြောက်အမေရိကတိုက်ကို ရောက်ရှိလာခြင်းဖြစ်သည်။

၁၉၁၂ က မြောက်အတ္တ လန္တိတ်သမုဒ္ဒရာမှာ နစ်မြုပ်ခဲ့သော တိုင်တန်းနစ်သင်္ဘောနစ်မြုပ်မှုမှာ အမျိုးသားအများစုသည် အသက်ကယ်လှေများကို အမျိုးသမီးများ နှင့် ကလေးများကိုသာ ပေးစီးခဲ့ပြီး သူတို့က အသေခံခဲ့သည်။ သူတို့သည် လူကြီးလူကောင်းဂုဏ်ကို အသက်သေဆုံးသည်အထိ ပြခဲ့ကြခြင်းဖြစ်၏။ သည်လိုဖြစ်ရပ် များ ရာဇဝင်မှာအများကြီးရှိသည်။

ကမ္ဘာပေါ်မှာ ဂျာမန်အမျိုး သားများသည် အမျိုးသမီးများကို ကြင်နာတတ်သည်ဟု နာမည်ကြီး ကြသည်။ ဂျာမနီနိုင်ငံ ဘာလင် မြို့မှာဆိုလျှင် ညနေရုံးဆင်းချိန် နှင့် အားလပ်ရက်များတွင် အိမ် အတွက်ဈေးဝယ်ထွက်နေသော၊ အိမ်အလုပ်များလုပ်နေသော၊ လက်တွန်းလှည်းမှာ ကလေးတွေ ကိုတင်ပြီး ထိန်းကျောင်းနေသော ဂျာမန်အမျိုးသားများကို တွေ့နိုင် သည်။ ထို့ကြောင့် အမျိုးသမီးများ ကိုငဲ့ညှာပြီး အိမ်အလုပ်များကို တာဝန်ယူထမ်းဆောင်ပေးသော ဂျာမန်အမျိုးသားများသည် ဥရောပမှာ ပျိုတိုင်းကြိုက်သော နှင်းဆီခိုင်များဖြစ်သည်။

မြန်မာလူမှုဝန်းကျင်မှာ လည်း အမျိုးသမီးများနှင့် အား နည်းသူများကို ငဲ့ညှာသော၊ စာ နာထောက်ထားသည့် ယောက်ျား ကောင်းများရှိသည်။ သို့သော် လည်း သူတို့သည် မျက်နှာ ကောင်းသိပ်မရကြ။ ပတ်ဝန်း ကျင်မှာ မယားကြောက်သူများ အဖြစ် ကဲ့ရဲ့အပြစ်တင်ကြသည်။ အမျိုးသားအချင်းချင်းကလည်း လှောင်ပြောင်အထင်သေး ချင်ကြ သည်။ ပြက်ရယ်ပြုခြင်းခံရသည်။

‘‘တကယ်ဆို ကိုယ့်ထက်အင်အားသေးငယ်တဲ့ မိန်းမတစ်ယောက်ကို ယောက်ျားတစ်ယောက်က ဘာကြောက်စရာအကြောင်းရှိ မလဲ။ သည်မိန်းမကို ကြင်နာလို့၊ ညှာတာတတ်လို့ အလျှော့ပေးနေ တာပေါ့။ အိမ်အလုပ်တွေကူနေ တာပေါ့။ ဒါကို စံပြလို့မြင်ရမယ့် အစား လှောင်ပြောင်အထင်သေး ချင်ကြတယ်’’ဟု စမ်းချောင်းက မဇာဇာက ပြောသည်။

မဇာဇာ၏ခင်ပွန်းသည် ကလေးနှစ်ယောက်နှင့် အမြဲ အလုပ်များနေသော မဇာဇာကို အိမ်အလုပ်များကူလုပ်ပေးလေ့ရှိ သည်ကို ပတ်ဝန်းကျင်က မယား ကြောက်ဟု လှောင်ပြောင်ကြ လေ့ရှိသည်။ သို့သော် ညနေတိုင်း အရက်သောက်ပြန်လာပြီး ဇနီးနှင့်ကလေးများကို ရိုက်နှက်သူအမျိုး သားများကိုတော့ မြန်မာလူမှု ဝန်းကျင်က သာမန်လုပ်ရိုးလုပ် စဉ်ဟု မြင်ကြသည်။

‘‘ကျွန်မတို့နေတဲ့ ရပ်ကွက် မှာဆိုရင် ညနေဘက်မှာ ယောက်ျားတွေက အရက်မူးလာပြီး မိန်းမနဲ့ ကလေးတွေကို ရိုက်လေ့ ရှိတယ်။ ဘယ်သူမှလည်း မတော်ဘူးမပြောဘူး။ သာမန်ဖြစ်ရိုးဖြစ်စဉ်လိုပဲ။ ဒါပေမဲ့ မိန်းမကို ကူညီ တဲ့ ယောက်ျားတွေ၊ အမေနဲ့ ညီမတွေကို ဈေးဝယ်ပေးတဲ့၊ အိမ်အလုပ်တွေလုပ်ပေးတဲ့ ယောက်ျား လေးတွေဆို မယားကြောက်တို့၊ အခြောက်တို့ဆိုပြီး နောက်ပြောင် ကြတယ်’’ဟု မဇာဇာက ပြော သည်။

နိုင်ငံတချို့မှာ အမျိုးသမီး နှင့် ကလေးများကို ရိုက်နှက်ခြင်း များကို အိမ်တွင်းအကြမ်းဖက်မှု ဟု သတ်မှတ်ကာ ရဲနှင့်လာဖမ်းပြီး အရေးယူအပြစ်ပေးလေ့ရှိသည်။ မြန်မာမှာတော့ လင်မယားပြဿ နာ၊ အိမ်တွင်းရေးဆိုကာ မည်သူ မှ မပတ်သက်ကြ။ မြန်မာ့ထုံးစံမှာ အမျိုးသမီးဖြစ်စေ၊ ကလေးဖြစ် စေ အရိုက်ခံရသည်က အထူး အဆန်းမဟုတ်။ မကြာသေးမီက ဆိုလျှင် လူစည်ကားသည့် ဈေး ဝယ်စင်တာများမှာ အမျိုးသမီး များကို သေစေနိုင်သော လက် နက်များဖြင့် ပြောင်ပြောင်တင်း တင်း အကြမ်းဖက်မှုများပင်ရှိ သေးသည်။ သို့သော်လည်း သူတို့ အချင်းချင်း ဘာဖြစ်မှန်းမသိဆိုပြီး မည်သူကမှ ဝင်ရောက်တားမြစ် ခြင်းမရှိပါ။

စိတ်ပညာရှင်တို့ အယူအဆ အရ အမျိုးသမီးများနှင့် ကလေး ငယ်များကို ရိုက်နှက်တတ်သော ယောက်ျားများသည် သူရဲဘော ကြောင်သော ယောက်ျားများဖြစ် သည်ဟုဆိုသည်။ သူတို့သည် ယောက်ျားအချင်းချင်းဆိုလျှင် ရင်ဆိုင်စွမ်းမရှိ။ ထို့ကြောင့် အိမ် ရောက်သည့်အခါမှ သူတို့၏ ကြောက်ရွံ့မှုများကို ဇနီးနှင့် သားသမီးများကို ရိုက်နှက်ပြီး ဖောက် ခွဲထုတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

လူကြီးလူကောင်း၊ယောက်ျားကောင်း၊ လက်ရုံးရည် နှလုံးရည်နှင့်ပြည့်ဝသော အာဂယော က်ျားဆိုသည်မှာ စစ်ပွဲများ အနိုင်ရသည့် စစ်သူရဲကောင်းမဟုတ်။ သုံးမကုန်အောင် ချမ်းသာကြွယ်ဝမှုလည်းမဟုတ်။ ကိုယ်စိတ်နှလုံး နူးညံ့ကြင်နာသူ၊ အားနည်းသူကို ကြင်နာစောင့်ရှောက်သူဟု ဆို လေ့ရှိကြသည်။

မြန်မာ့သမိုင်းပါရဂူကွယ် လွန်သူ ဒေါက်တာသန်းထွန်းက အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့သည် အား ကြီးသော စစ်ဘုရင်များဖြစ်၏။ မြန်မာရာဇဝင်မှာ မင်းကောင်း မင်းမြတ်ဆိုသည်မှာ တိုင်းသူ ပြည်သားတို့၏ သာယာဝပြောရေးကို လုပ်ဆောင်ခဲ့သော မေတ္တာကရု ဏာကြီးသော အင်းဝခေတ်က သာလွန်မင်းတရားကြီးဟု ပြော ကြားခဲ့ဖူးသည်။

အနောက်တိုင်းစကားပုံ တစ်ခုမှာလည်း ယောက်ျားတစ် ယောက်ဖြစ်လာခြင်းသည် မွေး ဖွားသည့်အပေါ် မူတည်၏။ ယောက်ျားတစ်ဦးဖြစ်လာခြင်း ကား အသက်အရွယ်ပေါ်မူတည် ၏။ လူကြီးလူကောင်းအမျိုးသား တစ်ဦးဖြစ်လာခြင်းကား မိမိ၏ ရွေးချယ်လုပ်ဆောင်မှုပေါ် မူတည်သည်ဟုဆိုသည်။ အမျိုးသားတစ် ဦးကို အာဂယောက်ျားကောင်းဆို သည်ကို တခြားသူအပေါ်မှာ အထူးသဖြင့် အားနည်းသူများ အပေါ်မှာ မည်သို့ဆက်ဆံပြုမှု သလဲဆိုသည်နှင့် ဆုံးဖြတ်ကြ လေ့ရှိသည်။ မိမိ၏လုပ်ဆောင်မှု ဖြင့်သာ ဆုံးဖြတ်ရခြင်းဖြစ်သည်။ ကိုယ့်ထက်စာလျှင် ခွန်အားနည်း သူအမျိုးသမီးနှင့် ကလေးများကို မစာနာမထောက်ထားသူများ သည် ယဉ်ကျေးမှုမရှိသူများ အဖြစ် နိုင်ငံတကာမှာ ဆုံးဖြတ်ကြ လေ့ရှိသည်။

ထို့ကြောင့် ကမ္ဘာပေါ်မှာ ကိုယ့်ကိုယ်ကိုယ် လူကြီးလူ ကောင်းအဖြစ် ပုံဖော်ချင်ကြသော သမ္မတအိုဘားမားနှင့် မင်းသား ဝီလျံတို့သည် အမျိုးသမီးများကို ရှေ့တန်းတင် ဆက်ဆံပြပြီး သူတို့ ၏ ယဉ်ကျေးမှုသိက္ခာကို မြှင့်တင် ခြင်းဖြစ်သည်။ ထို့ကြောင့် မိခင် နှင့်ညီမများကို အိမ်အလုပ်ကူညီ နေသော အမျိုးသားများ၊ ကလေး အဝတ်များ လျှော်ပေးနေသော ဖခင်များ၊ မအားလပ်သူဇနီး အတွက် ဈေးဝယ်ပေးနေသော၊ ကလေး ထိန်းပေးနေသော ယောက်ျားများသည် လူပျော့လူ ညံ့ မယားကြောက်များမဟုတ်။ သူတို့သည် အားနည်းသူအပေါ် ဖေးမကူညီတတ်သည့် နှလုံးရည် နှင့်ပြည့်စုံသော အာဂယောက်ျား များသာဖြစ်ပါ၏။

ထားထားမြင့် - 7day
Previous
Next Post »
Powered by Blogger.