ကော်ဖီသောက်ခြင်းကို ရပ်နားလိုက်တဲ့အခါ ဘာတွေဖြစ်လာတယ် ဆိုတာ


ကော်ဖီကြိုက်တတ်တဲ့ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက် တွေ ပြောလေ့ရှိတဲ့ စကား တစ်ခုရှိပါတယ်။ “ငါမနက်စာ ကော်ဖီမသောက်ရသေးခင် ငါ့ကို စကားမပြောပါနဲ့” ဆိုတာပါပဲ။ ကော်ဖီဟာ ကျွန်ုပ်တို့ အများစု ရဲ့  နေ့စဉ် လည်ပတ်မှုတွေထဲမှာ အဓိက နေရာတစ်ခုက ပါဝင်နေပါတယ်။ ကော်ဖီတစ်ခွက်လောက်မှ မသောက်လိုက်ရရင် ဖျားတော့မလိုပါပဲ။ တစ်နေ့တည်း ကော်ဖီခွက်ပေါင်းများစွာ သောက်မိတဲ့နေ့ဆိုရင်လည်း ဝေဒနာတွေကို ခံစားရပြန်ပါတယ်။ ဒါဆိုရင် ကော်ဖီ ကို မသောက်တော့ပဲ နားလိုက်ရင်ရော ဘာတွေ ဖြစ်လာမှာလည်း ဆိုတာ လေ့လာကြည့်ရအောင်။

ပထမဆုံး ၇ ရက်အတွင်း

ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓါတ်က အူမကြီးရဲ့  လှုပ်ရှားမှု တွေကို လှုံ့ဆော်ပေးသလိုပဲ ကဖိန်းဓါတ် ပြတ်တောက်သွားတဲ့အခါမှာတော့ အူမကြီးရဲ့  လှုပ်ရှားမှုတွေလည်း ရပ်နားသွားတာကြောင့် သင်ပထမဆုံး ရင်ဆိုင်ရမှာကတော့ ၀မ်းချုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကဖိန်းဟာ လူတစ်ယောက်ရဲ့  စိတ်ခံစားချက်ကို စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်သလိုပဲ ကဖိန်းဓါတ်ပြတ်တောက်သွားတဲ့အခါမှာတော့ စိတ်ခံစားချက်တွေ မကောင်းမွန်တော့ပဲ စိတ်ဆိုးမာန်ဆိုး နဲ့ ဒေါသတွေထွက်နေပါလိမ့်မယ်။ ကဖိန်းဓါတ်ပြတ်တောက်သွားတဲ့ ဦးနှောက်မှာလည်း လုပ်ဆောင်ချက်တွေ နှေးကွေးလာပြီး တစ်မှိုင်မှိုင်တစ်တွေတွေ ဖြစ်လာမှာပါ။

ပထမဆုံး၇ရက် ကျော်လွန်သွားတဲ့အခါ

အရင်ဆုံး ခံစားရမယ့် ကောင်းကျိုးတစ်ခုကတော့ သင့်ရဲ့ သွားတွေ ဖြူလာပါလိမ့်မယ်။ အဲဒါပြီးရင်တော့ သင်ဟာ ဖန်တီးနိုင်စွမ်းတွေ ၊ ထုတ်လုပ်နိုင်စွမ်းတွေ မြင့်မားလာမှာပါ။ အရင်ကဆို အလုပ်ရှိတဲ့နေ့တွေရဲ့  နေ့လည်နေ့ခင်း တီးဘရိတ် အချိန်တွေမှာ ကော်ဖီ သောက်နေကြဖြစ်တဲ့အတွက် ကိုယ်ခံစွမ်းအားတစ်ချို့ ဆုံးရှုံးသွားခဲ့ တယ်ဆိုတာကို သတိထားမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကော်ဖီ သောက်ခြင်းကို ရပ်နားလိုက်တဲ့အခါမှာတော့ သင်ဟာတစ်နေကုန် ကိုယ်ခံစွမ်းအား ဆုံးရှုံးမှု မရှိပဲ လန်းဆန်းနေတာကို သတိထားမိလာမှာပါ။ ပထမ ဆုံး ၇ရက်နဲ့ သိသိသာသာ ကွာခြားသွားအောင် စိတ်တည်ငြိမ်လာမှာ သေချာပါတယ်။

Ref:elitedaily
Mario - Trend Myanmar
Previous
Next Post »
Powered by Blogger.