တီေမာကို အႏိုင္ရခဲ့လို႔ အုပ္စုတက္ဖို႔ ေျခတစ္လွမ္းအလိုေရာက္လာခဲ့တဲ့ ျမန္မာယူ၂၂





Zawgyi ျဖင့္ဖတ္ရန္

ျမန္မာယူ၂၂အသင္းဟာဆီးဂိမ္းအုပ္စုတတိယပြဲစဥ္မွာ တီေမာယူ၂၂ အသင္းကို ၃ဂိုး ၁ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီး အုပ္စုတက္ဖို႔အတြက္ေျခတစ္လွမ္းအကြာကိုေရာက္ရွိလာခဲ့ပါတယ္။ ျမန္မာ နည္းျပ ပိုေပါ့ဗ္ဟာ ပြဲထြက္လူစာရင္းမွာ စိုးမိုးေက်ာ္ေနရာမွာ ဝင္းမိုးေက်ာ္ အစားဝင္ခဲ့တာကလြဲလို႔ ပထမ ၂ပြဲကအတိုင္း ပြဲထြက္ကစားခဲ့တာျဖစ္ပါတယ္။ ျမန္မာအသင္းဟာ တစ္ပြဲလုံးၿခံၾကည့္မယ္ဆိုရင္ ဂိုးသြင္း ခြင့္ေတြ အမ်ားအျပားရခဲ့လို႔ အခုႏွစ္ပိုၿပီး ဂိုးျပတ္သင့္ခဲ့ေပမယ့္ အႏိုင္သုံးမွတ္ရခဲ့တဲ့အတြက္ ေတာ့ အုပ္စုတက္ေရး အေျခအေနေကာင္းမြန္လာခဲ့ပါတယ္။ပြဲအစ၁၀မိနစ္ကတည္းက ေအာင္ေကာင္းမာန္က အျပင္းကန္သြင္းခ်က္နဲ႔ ဦးေဆာင္ဂိုးရယူႏိုင္ခဲ့ ပါတယ္။ပြဲခ်ိန္ ၃၆မိနစ္မွာေတာ့ ထက္ၿဖိဳးေဝးက သူ႔ရဲ႕ ေဘာလုံးကြၽမ္းက်င္မူနဲ႔ အတူ တီေမာ ေနာက္တန္း တားထားတဲ့ၾကားကေန ဆြဲယူၿပီးအျပင္းကန္သြင္းခဲ့လို႔ ဒုတိယဦးေဆာင္ဂိုးရခဲ့ပါတယ္။ ပြဲခ်ိန္ မိနစ္၄၀မွာ တန္ျပန္တိုက္စစ္ကေန တစ္ဆင့္ ျမန္မာေနာက္တန္းရဲ႕အားနည္းခ်က္ေၾကာင့္ တီေမာ တိုက္စစ္မႉးမက္စ္ကြီတာက ေခ်ပဂိုးတစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။



ဒုတိယပိုင္းမွာ တီေမာအသင္းက ေခ်ပဂိုးရဖို႔ တိုက္စစ္ဆင္ခဲ့ေပမယ့္လည္း ျမန္မာအသင္းရဲ႕တိုက္စစ္ကို ခုခံဖ်က္ထုတ္ေနခဲ့ရလို႔ သိပ္ၿပီးထိေရာက္မူေတာ့မရွိခဲ့ပါဘူး။ျမန္မာအသင္းက ဂိုးရမယ့္အခြင့္အေရး ေတြ ကိုျဖဳန္းတီးခဲ့တာေၾကာင့္ ဂိုးတစ္ဂိုးရဖို႔ခက္ခဲေနခဲ့ပါတယ္။ပြဲခ်ိန္၅၄မိနစ္မွာ ေထာင့္ကန္ေဘာ ကေန လိူင္းဘိုဘိုက ေျပးဝင္ ၿပီး ေခါင္းနဲ႔ တိုက္ခဲ့ရာမွာ Body နဲ႔ထိၿပီး ဂိုးဝင္ခဲ့လို႔ ျမန္မာ အသင္းတ တိယဂိုးရခဲ့တာျဖစ္ပါတယ္။ေနာက္ပိုင္းမွာ ျမန္မာအသင္းအခြင့္အေရတခ်ိဳ႕ရခဲ့ေပမယ့္ လူစားဝင္ တိုက္စစ္ကစားသမားေတြျဖစ္တဲ့ ဝင္းႏိုင္ထြန္း၊စည္သူေအာင္နဲ႔ စိုးလြင္လြင္ တို႔ အသုံးမခ်ႏိုင္ခဲ့လို႔ ၃ဂိုး ၁ဂိုးရလဒ္နဲ႔ပဲပြဲၿပီးဆုံးခဲ့တာျဖစ္ပါတယ္။ျမန္မာအသင္းဟာ ဒီေန႔ပြဲအႏိုင္ေၾကာင္း ၃ပြဲကစား၂ပြဲႏိုင္ ၁ပြဲသေရ ရမွတ္၇မွတ္နဲ႔ ဖိလစ္ပိုင္နဲ႔ မေလးရွားပြဲမကစားခင္အထိ အုပ္စုပထမေနရာကေန ဦးေဆာင္ေနပါတယ္။ အုပ္စုအဆုံးအျဖတ္ပြဲစဥ္ အျဖစ္လာမယ့္ ဒီဇင္ဘာ၂ရက္မွာ ျမန္မာအသင္းက ကေမာၻဒီးယားအသင္းနဲ႔ ယွဥ္ၿပိဳင္သြား ရမွာျဖစ္ပါတယ္။

share from:burmese.asia

Unicode ဖြင့်ဖတ်ရန်

တီမောကို အနိုင်ရခဲ့လို့ အုပ်စုတက်ဖို့ ခြေတစ်လှမ်းအလိုရောက်လာခဲ့တဲ့ မြန်မာယူ၂၂




မြန်မာယူ၂၂အသင်းဟာဆီးဂိမ်းအုပ်စုတတိယပွဲစဉ်မှာ တီမောယူ၂၂ အသင်းကို ၃ဂိုး ၁ဂိုးနဲ့ အနိုင်ရခဲ့ပြီး အုပ်စုတက်ဖို့အတွက်ခြေတစ်လှမ်းအကွာကိုရောက်ရှိလာခဲ့ပါတယ်။ မြန်မာ နည်းပြ ပိုပေါ့ဗ်ဟာ ပွဲထွက်လူစာရင်းမှာ စိုးမိုးကျော်နေရာမှာ ဝင်းမိုးကျော် အစားဝင်ခဲ့တာကလွဲလို့ ပထမ ၂ပွဲကအတိုင်း ပွဲထွက်ကစားခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းဟာ တစ်ပွဲလုံးခြံကြည့်မယ်ဆိုရင် ဂိုးသွင်း ခွင့်တွေ အများအပြားရခဲ့လို့ အခုနှစ်ပိုပြီး ဂိုးပြတ်သင့်ခဲ့ပေမယ့် အနိုင်သုံးမှတ်ရခဲ့တဲ့အတွက် တော့ အုပ်စုတက်ရေး အခြေအနေကောင်းမွန်လာခဲ့ပါတယ်။ပွဲအစ၁၀မိနစ်ကတည်းက အောင်ကောင်းမာန်က အပြင်းကန်သွင်းချက်နဲ့ ဦးဆောင်ဂိုးရယူနိုင်ခဲ့ ပါတယ်။ပွဲချိန် ၃၆မိနစ်မှာတော့ ထက်ဖြိုးဝေးက သူ့ရဲ့ ဘောလုံးကျွမ်းကျင်မူနဲ့ အတူ တီမော နောက်တန်း တားထားတဲ့ကြားကနေ ဆွဲယူပြီးအပြင်းကန်သွင်းခဲ့လို့ ဒုတိယဦးဆောင်ဂိုးရခဲ့ပါတယ်။ ပွဲချိန် မိနစ်၄၀မှာ တန်ပြန်တိုက်စစ်ကနေ တစ်ဆင့် မြန်မာနောက်တန်းရဲ့အားနည်းချက်ကြောင့် တီမော တိုက်စစ်မှူးမက်စ်ကွီတာက ချေပဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။



ဒုတိယပိုင်းမှာ တီမောအသင်းက ချေပဂိုးရဖို့ တိုက်စစ်ဆင်ခဲ့ပေမယ့်လည်း မြန်မာအသင်းရဲ့တိုက်စစ်ကို ခုခံဖျက်ထုတ်နေခဲ့ရလို့ သိပ်ပြီးထိရောက်မူတော့မရှိခဲ့ပါဘူး။မြန်မာအသင်းက ဂိုးရမယ့်အခွင့်အရေး တွေ ကိုဖြုန်းတီးခဲ့တာကြောင့် ဂိုးတစ်ဂိုးရဖို့ခက်ခဲနေခဲ့ပါတယ်။ပွဲချိန်၅၄မိနစ်မှာ ထောင့်ကန်ဘော ကနေ လိူင်းဘိုဘိုက ပြေးဝင် ပြီး ခေါင်းနဲ့ တိုက်ခဲ့ရာမှာ Body နဲ့ထိပြီး ဂိုးဝင်ခဲ့လို့ မြန်မာ အသင်းတ တိယဂိုးရခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာ မြန်မာအသင်းအခွင့်အရေတချို့ရခဲ့ပေမယ့် လူစားဝင် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဝင်းနိုင်ထွန်း၊စည်သူအောင်နဲ့ စိုးလွင်လွင် တို့ အသုံးမချနိုင်ခဲ့လို့ ၃ဂိုး ၁ဂိုးရလဒ်နဲ့ပဲပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းဟာ ဒီနေ့ပွဲအနိုင်ကြောင်း ၃ပွဲကစား၂ပွဲနိုင် ၁ပွဲသရေ ရမှတ်၇မှတ်နဲ့ ဖိလစ်ပိုင်နဲ့ မလေးရှားပွဲမကစားခင်အထိ အုပ်စုပထမနေရာကနေ ဦးဆောင်နေပါတယ်။ အုပ်စုအဆုံးအဖြတ်ပွဲစဉ် အဖြစ်လာမယ့် ဒီဇင်ဘာ၂ရက်မှာ မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းနဲ့ ယှဉ်ပြိုင်သွား ရမှာဖြစ်ပါတယ်။

share from:burmese.asia


Previous
Next Post »
Powered by Blogger.