ေျခလက္ထုံက်ဥ္သူမ်ားအတြက္ ကိုယ္ေတြ႕ေပ်ာက္ခဲ့သည့္ ျမန္မာေဆးနည္း






Zawgyiျဖင့္ဖတ္ရန္

ကိုက္ခဲထုံက်ဥ္ ျဖစ္ခဲ့လွ်င္ေျခလက္ထုံက်ဥ္သူမ်ား သက္သာေပ်ာက္ကင္းၾကသည္မွာ ကိုယ္ေတြ႕ရွိပါ၏။ ျမန္မာ့ေဆးၿမီးတိုမ်ား စာအုပ္တြင္ ေရးသားေဖၚျပထားေသာ ေဆးနည္းတိုလည္း ျဖစ္ပါသည္။ မိမိကိုယ္တိုင္ စမ္းသပ္ေသာက္သုံးဖူးသလို မၾကာခဏ ထုံက်ဥ္ကိုက္ခဲသူမ်ားကိုလည္း ေဝမွ်ေပးခဲ့ရာ ထုံက်ဥ္ကိုက္ခဲျခင္းမ်ားသက္သာေလ်ာ့ပါး ေပ်ာက္ကင္းသည္ဟု ဆိုပါ၍ လိုသူတို႔သုံးႏိုင္ရန္ တင္ျပလိုက္ပါသည္။



(ေဆးေသာက္ရန္အတြက္ ေဆးအၫႊန္းတြင္ ဂုန္ညင္း(ခုံညင္း)မွ် ေသာက္ၾကည့္ရန္ ၫႊန္းေသာေၾကာင့္ မိမိကိုယ္တိုင္ ေဆးရည္ေသာက္သုံးရာတြင္ ဟင္းခပ္စတီး(၂)ဇြန္းစာ ေသာက္သုံးခဲ့ပါသည္) ေဆးနည္း



(၁) တ႐ုတ္စကားေခါက္ (၂၅)က်ပ္သား (၂) ထန္းလ်က္ (၂၅)က်ပ္သား (၃) မန္က်ည္းမွည့္ (၂၅)က်ပ္သား (၄) ဆား (ဆီးျဖဴသီးခန႔္) (၅) ေရ (၃)ပုလင္း ေဖၚျပပါ အမယ္(၅)မ်ိဳးကို ေရ(၂)ပုလင္းစာ က်န္သည္ထိက်ိဳပါ။ စတီးဇြန္း(၂)ဇြန္းမွ်ေသာက္ပါ။ဓာတ္(၃)ခါေလာက္ သြားတတ္ၿပီး မေၾကာက္ရန္ ေဆးၫႊန္းထားပါသည္။



ေဆး(၂)ပုလင္းစာ ကုန္သည္ႏွင့္ပင္ ကိုက္ခဲထုံက်ဥ္ျခင္းမ်ား အမွန္ပင္ သက္သာေပ်ာက္ကင္းပါ၍ လိုသူ ေဝဒနာရွင္မ်ား အသုံးျပဳႏိုင္ပါရန္ မွ်ေဝလိုက္ပါသည္။ ေဆးအမယ္တို႔မွာ ခက္ခဲျခင္းမရွိပါ။လိုသူယူသုံး ေစတနာအၿပဳံးျဖင့္


Unicode ဖြင့်ဖတ်ရန်

ကိုက်ခဲထုံကျဉ် ဖြစ်ခဲ့လျှင်ခြေလက်ထုံကျဉ်သူများ သက်သာပျောက်ကင်းကြသည်မှာ ကိုယ်တွေ့ရှိပါ၏။ မြန်မာ့ဆေးမြီးတိုများ စာအုပ်တွင် ရေးသားဖေါ်ပြထားသော ဆေးနည်းတိုလည်း ဖြစ်ပါသည်။ မိမိကိုယ်တိုင် စမ်းသပ်သောက်သုံးဖူးသလို မကြာခဏ ထုံကျဉ်ကိုက်ခဲသူများကိုလည်း ဝေမျှပေးခဲ့ရာ ထုံကျဉ်ကိုက်ခဲခြင်းများသက်သာလျော့ပါး ပျောက်ကင်းသည်ဟု ဆိုပါ၍ လိုသူတို့သုံးနိုင်ရန် တင်ပြလိုက်ပါသည်။



(ဆေးသောက်ရန်အတွက် ဆေးအညွှန်းတွင် ဂုန်ညင်း(ခုံညင်း)မျှ သောက်ကြည့်ရန် ညွှန်းသောကြောင့် မိမိကိုယ်တိုင် ဆေးရည်သောက်သုံးရာတွင် ဟင်းခပ်စတီး(၂)ဇွန်းစာ သောက်သုံးခဲ့ပါသည်) ဆေးနည်း



(၁) တရုတ်စကားခေါက် (၂၅)ကျပ်သား (၂) ထန်းလျက် (၂၅)ကျပ်သား (၃) မန်ကျည်းမှည့် (၂၅)ကျပ်သား (၄) ဆား (ဆီးဖြူသီးခန့်) (၅) ရေ (၃)ပုလင်း ဖေါ်ပြပါ အမယ်(၅)မျိုးကို ရေ(၂)ပုလင်းစာ ကျန်သည်ထိကျိုပါ။ စတီးဇွန်း(၂)ဇွန်းမျှသောက်ပါ။ဓာတ်(၃)ခါလောက် သွားတတ်ပြီး မကြောက်ရန် ဆေးညွှန်းထားပါသည်။



ဆေး(၂)ပုလင်းစာ ကုန်သည်နှင့်ပင် ကိုက်ခဲထုံကျဉ်ခြင်းများ အမှန်ပင် သက်သာပျောက်ကင်းပါ၍ လိုသူ ဝေဒနာရှင်များ အသုံးပြုနိုင်ပါရန် မျှဝေလိုက်ပါသည်။ ဆေးအမယ်တို့မှာ ခက်ခဲခြင်းမရှိပါ။လိုသူယူသုံး စေတနာအပြုံးဖြင့်


Credit-ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)


Previous
Next Post »
Powered by Blogger.