ခႏၶာကိုယ္ေပၚမွ မလိုခ်င္တဲ့ အေမႊးအမွ်င္မ်ားကို Vaseline သံုးျပီး ဖယ္ရွားနိုင္




Zawgyi ျဖင့္ဖတ္ရန္

Vaseline ဟာ အေမႊးအမ်ွင္မ်ားကို ၂မိနစ္အတြင္း ေဘးထြက္ဆိုးကိ်ဳးမ႐ွိဘဲ ဖယ္႐ွားေပးႏိုင္တယ္ဆိုတာ သိပါသလား…

အမ်ိဳးသမီးမ်ားအတြက္ မ်က္နွာ၊ လက္၊ ေျခေထာက္၊ ခ်ိဳင္း နွင္ ့အခ်ိဳ႕ေသာေနရာေတြမွာ အေမႊးအမွ်င္ေတြ ေပါက္တဲ့
ကိစၥက ေတာ္ေတာ္ကို စိတ္အေနွာင့္အယွက္ ျဖစ္စရာပါ။ ရိတ္ဖို႔က်ျပန္ေတာ့လည္း တခ်ိဳ႕ေနရာေတြက အဆင္မေျပပါဘူး။
ေနာက္ျပီး ေခြ်းေပါက္ေတြက်ယ္ကာ အေမႊးၾကမ္းၾကမ္းေတြ ေပါက္လာမွာလည္း ေၾကာက္ရပါတယ္။

အဲ့အတြက္ေတာ့ လံုးဝစိတ္မပူပါနဲ႔။ Vaseline ရွိရံုနဲ႔ မလိုခ်င္တဲ့ အေမႊးအမွ်င္ေတြကို အေျပာင္ရွင္းလို႔ရပါျပီ။ လိုအပ္တဲ့
ပစၥညး္ေတြကေတာ့ ပဲမႈန္႔အစိမ္း၊ မက်ိဳခ်က္ရေသးေသာနုိ႔အစိမ္း၊ နႏြင္းမႈန္႔ နွင့္ Vaseline တို႔ပဲျဖစ္ပါတယ္။

ပထမဦးစြာ ခြက္တစ္ခုထဲသို႔ ပဲမႈန္႔ လက္ဖက္ရည္ဇြန္း ၁ဇြန္း နွင့္ နႏြင္းမႈန္႔ ဇြန္းတစ္ဝက္ခန္႔ကို ထည့္ပါ။ ေနာက္ျပီး ႏြားနို႔
လက္ဖက္ရည္ဇြန္း ၃ဇြန္းခန္႔ ထည့္ျပီး ေသခ်ာေမႊလုိက္ပါ။ အေနအထားက အရမ္းၾကီးပ်စ္လို႔လည္းမရသလို အရမ္းက်ဲလွ်င္လည္း
အဆင္မေျပပါဘူး။ အေနေတာ္ျဖစ္ရပါမယ္။ ေနာက္ဆံုးမွာေတာ့ Vaseline ကို လက္ဖက္စားဇြန္းျဖင့္ ဇြန္းတစ္ဝက္ခန္႔
ထည့္ကာ ေရာေမႊလိုက္ပါ။ ထုိ႔ေနာက္ အေမႊးအမွ်င္ရွိလိုတဲ့ ေနရာကို လိမ္းျပီး ေျခာက္ေသြ႕သြားေအာင္ ၁၅မိနစ္ခန္႔ၾကာ ထားလိုက္ပါ။
ေျခာက္ေသြ႔သြားျပီဆိုလွ်င္ အေမႊးေပါက္တဲ့လားရာ ဆန္႔က်င္ဘက္အတိုင္း အဝတ္ျဖင့္ ပြတ္ပါ။ ၁၀၀ ရာခိုင္နႈန္း ထူးျခားတဲ့
ရလဒ္ကို ရခ်င္လွ်င္ ေန႔စဥ္ျပဳလုပ္ေပးပါ။ အေမႊးအမွ်င္မ်ား တေျဖးေျဖး မေပါက္ေတာ့ဘဲ ပါးလာတာကို ျမင္ေတြ႕ရမွာပါ။

Credit: CHAN (ေရႊအင္းေလး)
http://shweinnlay.com/2018/05/31/remove-hair-by-vaseline/


Unicode ဖြင့်ဖတ်ရန်

ခန္ဓာကိုယ်ပေါ်မှ မလိုချင်တဲ့ အမွှေးအမျှင်များကို Vaseline သုံးပြီး ဖယ်ရှားနိုင်





Vaseline ဟာ အမွှေးအမျှင်များကို ၂မိနစ်အတွင်း ဘေးထွက်ဆိုးကျိုးမရှိဘဲ ဖယ်ရှားပေးနိုင်တယ်ဆိုတာ သိပါသလား…

အမျိုးသမီးများအတွက် မျက်နှာ၊ လက်၊ ခြေထောက်၊ ချိုင်း နှင့်အချို့သောနေရာတွေမှာ အမွှေးအမျှင်တွေ ပေါက်တဲ့
ကိစ္စက တော်တော်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပါ။ ရိတ်ဖို့ကျပြန်တော့လည်း တချို့နေရာတွေက အဆင်မပြေပါဘူး။
နောက်ပြီး ချွေးပေါက်တွေကျယ်ကာ အမွှေးကြမ်းကြမ်းတွေ ပေါက်လာမှာလည်း ကြောက်ရပါတယ်။

အဲ့အတွက်တော့ လုံးဝစိတ်မပူပါနဲ့။ Vaseline ရှိရုံနဲ့ မလိုချင်တဲ့ အမွှေးအမျှင်တွေကို အပြောင်ရှင်းလို့ရပါပြီ။ လိုအပ်တဲ့
ပစ္စည်းတွေကတော့ ပဲမှုန့်အစိမ်း၊ မကျိုချက်ရသေးသောနို့အစိမ်း၊ နနွင်းမှုန့် နှင့် Vaseline တို့ပဲဖြစ်ပါတယ်။

ပထမဦးစွာ ခွက်တစ်ခုထဲသို့ ပဲမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း နှင့် နနွင်းမှုန့် ဇွန်းတစ်ဝက်ခန့်ကို ထည့်ပါ။ နောက်ပြီး နွားနို့
လက်ဖက်ရည်ဇွန်း ၃ဇွန်းခန့် ထည့်ပြီး သေချာမွှေလိုက်ပါ။ အနေအထားက အရမ်းကြီးပျစ်လို့လည်းမရသလို အရမ်းကျဲလျှင်လည်း
အဆင်မပြေပါဘူး။ အနေတော်ဖြစ်ရပါမယ်။ နောက်ဆုံးမှာတော့ Vaseline ကို လက်ဖက်စားဇွန်းဖြင့် ဇွန်းတစ်ဝက်ခန့်
ထည့်ကာ ရောမွှေလိုက်ပါ။ ထို့နောက် အမွှေးအမျှင်ရှိလိုတဲ့ နေရာကို လိမ်းပြီး ခြောက်သွေ့သွားအောင် ၁၅မိနစ်ခန့်ကြာ ထားလိုက်ပါ။
ခြောက်သွေ့သွားပြီဆိုလျှင် အမွှေးပေါက်တဲ့လားရာ ဆန့်ကျင်ဘက်အတိုင်း အဝတ်ဖြင့် ပွတ်ပါ။ ၁၀၀ ရာခိုင်နှုန်း ထူးခြားတဲ့
ရလဒ်ကို ရချင်လျှင် နေ့စဉ်ပြုလုပ်ပေးပါ။ အမွှေးအမျှင်များ တဖြေးဖြေး မပေါက်တော့ဘဲ ပါးလာတာကို မြင်တွေ့ရမှာပါ။

Credit: CHAN (ရွှေအင်းလေး)


Previous
Next Post »
Powered by Blogger.