ေငြေၾကာင့္ျဖစ္ခဲ့ရတဲ့ အညစ္အေၾကးကို ေငြ နဲ႔ ေဆးေၾကာတတ္ပါေစ




Zawgyi ျဖင့္ဖတ္ရန္


လူ႔ ေလာ က လူ သား တိုင္း အ မ်ား စု ဟာ ကာ လ တစ္ခုမွာ ငယ္ စဥ္မွ ေသ သည္ထိေငြ ေၾကး ပိုက္ ဆံ ရွာ ၾက ရ တဲ့ စီး ပြား လုပ္ ငန္း နဲ႔ ရပ္ တည္ၾက ရ ေတာ့ တယ္

မိမိ နဲ႔ မိ သား စု အ တြက္ လူ႔ေလာ က မွာ လည္း မ ျဖစ္ မ ေန တင့္ ေတာင္း တင့္ တယ္ အ ျဖစ္ ရပ္ တည္ ၾက ရ တဲ့ဲ သတ္ မွတ္ သ ဘာ ဝ ပင္ ျဖစ္တယ္ ေပါ့။

အ မ်ား စု ေသာ လူ သား မ်ားသည္ လည္း ပိုက္ ဆံ သည္သာ ကိုး ကြယ္ ရာ ပိုက္ဆံသည္ သာ လူ ၏ တန္ဖိုး အ ျဖစ္ အ သိ အ မွတ္ ျပဳ ထား ၾကေလ ၏အ မ်ား စု ေသာ လူ သား မ်ားအား မိုး လင္း မိုး ခ်ဳပ္ အိပ္သည္ အ ထိ ေငြ ေၾကး အာ ႐ုံ တစ္ခုတည္း က သာ သူ ၏ စိတ္ ကို ႀကီး စိုး ခ်ယ္ လွယ္ ျခင္း ခံ ၾက ရ ေပ ေတာ့ သည္

ဒါ့ ေၾကာင့္ လည္း ပိုက္ဆံ ကို ရွာ ေဖြ သူ သက္ သက္ ျဖင့္သာ ဘ ဝ ေန ဝင္ ခ်ိန္ ကုန္ဆုံးသည္ အ ထိ အ ေသ အ လဲ ရွာ ၾက ေဖြ ၾက ရင္း ျမဳပ္ ႏွံ သြား ၾက ရ ေပ သည္လူ႔ ဘ ဝ တ ေလွ်ာက္ ပိုက္ဆံနဲ႔ဘ ဝ နစ္ ျမဳပ္ ၾက ရင္း ေသဆုံး သြား ၾက ရ သူ ေတြ ေပ်ာက္ကြယ္ ပ်က္စီး သြား ၾက သူေတြ သာ အ လြန္မ်ား ျပား လွ ေပ သည္

လူသားသည္ ေငြေၾကး ပိုက္ဆံရွာေဖြၾက ရာမယ္ အမ်ားစုဟာ မေကာင္းမႈ အကုသိုလ္နဲ႔သာ ယွဥ္တြဲလုပ္ကိုင္ၾကရေပေတာ့၏။


ေငြေၾကာက့္ျဖစ္တဲ့အညစ္အေၾကး
လူေတြသတ္မွတ္ထားတဲ့ဲ သမၼာအာဇီဝလုပ္ငန္းေတြမွာ ေတာင္ အႏုးညံံ့ဆုံးေသာ အကုသိုလ္ကိေလသာေစတသိက္ ေတြျဖစ္တဲ့ ေလာဘ ေဒါသ ေမာဟ မာနေတြပင္ ျဖစ္ခြင့္ ရ ေနၾကေလတယ္။ၾကမ္းတမ္းတဲ့ အကုသိုလ္ကိေလသာေစတသိက္ေတြ ကေတာ့ဒိဌိယွဥ္တဲ့ ဝိသမေလာဘ ေဒါသ ေမာဟမာန ေတြပါပဲ။ အေၾကာင္းအားေလ်ာ္စြာလည္း ျဖစ္ေပၚခံစားေနၾကရတာပါပဲ။

ဒုစ႐ိုက္ဆယ္ပါးေတြ ေဖာက္ဖ်က္က်ဳးလြန္ေနမိတတ္တာေပါ့ ေနာထိုထို အကုသိုလ္မေကာင္းေၾကာင္းတရား ေတြသည္ ထုတ္လုပ္ခဲ့သူ ခႏၶာပိုင္ရွင္ကို သာတဖန္ျပန္လည္ အက်ိဳးေပးမွာဧကန္ မုခ်ပင္ျဖစ္တယ္။
အကုသိုလ္က ကိုယ့္ကိုျပန္႐ိုက္ျခင္း ျဖစ္မယ္ေပါ့တကယ္ေတာ့လည္းမရွိလို႔လည္း မျဖစ္တဲ့ ဒီေငြရွိေအာင္လုပ္ျပန္ေတာ့လည္း အကုသိုလ္ေတြနဲ႔သာ။ ရွိလာျပန္ေတာ့လည္း ေသာက ပရိေဒဝ ဒုကၡ ေဒါမနႆ ေတြနဲ႔ သာ ရယ္။

ကြၽႏ္ုပ္တို႔ ဒုကၡသည္ေတြဟာဒုကၡသည္စခန္း လူ႔ဘုံ လူ႔ေလာကကိုေမြးဖြားလာၿပီ ဆိုကတည္းကအင္မတန္ ဆင္းရဲၾကရပါၿပီ။

လူ႔ဘဝ လူ႔ခႏၶာ ရလာကတည္းက ဆင္းရဲတြင္း နက္ေလၿပီ တကားဆင္းရဲက်ိဳးအမွန္ ကို သိလာေအာင္ ေလ့က်င့္႐ုံ မွတစ္ပါးအျခားမရွိေတာ့ ပါလေတကား။

ေငြရွာေဖြေနသူမ်ားအတြက္ ရွာရင္း ေဖြရင္း အသိထူးေလးေတြ နည္းနည္း ေ႐ႊ႕ေပးေတာ့မွ ျဖစ္ေတာ့မယ္ ထင္တယ္ ။ သတိထား ဝီရီယစိုက္ဖို႔ လိုအပ္ေလၿပီ တဲ့။ေငြ ဆိုတာ လူအခ်င္းခ်င္း အျပန္အလွန္ အေပးအယူကိစၥအတြက္ အသုံးခ်ခံ ဆက္သြယ္ေရး ကိရိယာ တန္ဆာပလာပဲ ျဖစ္တယ္။

သူဟာ ႐ုပ္သဘာဝသက္သက္မို႔ိ အာ႐ုံကို မသိတတ္ပါဘူး။သူကိုယ္တိုင္ အကုသိုလ္ကိေလသာျဖစ္စရာမရွိတဲ့ အဗ်ာကတ ပင္ျဖစ္တယ္။

သူ႔ကိုသာ မွီၿပီး ႏွလုံးသြင္းမွားမႈေၾကာင့္ သီလေတြခ်ိဳးေဖာက္ျခင္း ဒုစ႐ိုက္ေတြက်ဳးလြန္ၾကရျခင္းမိဘနဲ႔သားသမီး အခ်င္းခ်င္း ညီအကို ေမာင္ႏွမ မိသားစုအခ်င္းခ်င္း ေမတၱာေတြ ကုန္ခန္းၾကရျခင္း

က႐ုဏာ မုဒိတာေတြ ခန္းေျခာက္ၿပီး အညႇိဳးအေတး အာဃာတ မနာလိုျခင္း ဝန္တိုျခင္း စတဲ့ အကုသိုလ္စိတ္ေတြ ျဖစ္ေနၾကရတာ ပါပဲ။အမွန္အစစ္ကေတာ့ ပိုက္ဆံတို႔ ရာထူးဂုဏ္သိမ္ တို႔ မ်ိဳး႐ိုးတို႔ ဆိုတာ ဟာ လူရဲ႕တန္ဖိုး မဟုတ္ပါဘူးတဲ့။

လူရဲ႕တန္ဖိုးဆိုတာ လူသားရဲ႕ အသိဉာဏ္ပဲ ျဖစ္ပါတယ္။ သီလ သမာဓိ ပညာ သိကၡာသုံးပါးပင္ ျဖစ္ေပတယ္တဲ့။ထိုထိုလူသားရဲ႕ စိတ္ဓာတ္ကေတာ့ ေမတ္တာ က႐ုဏာ မုဒိတာ ဥေပကၡာ အၿငိမ္းတရားေတြ လႊမ္းၿခဳံရစ္သိုင္းေနေစတာ ပဲ ျဖစ္တယ္။

ေငြေၾကာင့္ျဖစ္ခဲ့ရတဲ့ အညစ္အေၾကးကို ေငြ နဲ႔ ေဆးေၾကာတတ္ဖို႔က ေတာ့ သူမေသ ကိုယ္မေသမွီ တခဏေလးမယ္ ပါရမီ ကုသိုလ္ဒါနျပဳတဲ့လုပ္ငန္းေတြမွာ အားရပါးရ ေပ်ာ္ေပ်ာ္ပါးပါး ပညာယွဥ္ၿပီးသာ သုံးစြဲလိုက္ၾကပါစို႔။


share from: theesaychin

Unicode ဖြင့်ဖတ်ရန်

ငွေကြောင့်ဖြစ်ခဲ့ရတဲ့ အညစ်အကြေးကို ငွေ နဲ့ ဆေးကြောတတ်ပါစေ



လူ့ လော က လူ သား တိုင်း အ များ စု ဟာ ကာ လ တစ်ခုမှာ ငယ် စဉ်မှ သေ သည်ထိငွေ ကြေး ပိုက် ဆံ ရှာ ကြ ရ တဲ့ စီး ပွား လုပ် ငန်း နဲ့ ရပ် တည်ကြ ရ တော့ တယ်

မိမိ နဲ့ မိ သား စု အ တွက် လူ့လော က မှာ လည်း မ ဖြစ် မ နေ တင့် တောင်း တင့် တယ် အ ဖြစ် ရပ် တည် ကြ ရ တဲ့ဲ သတ် မှတ် သ ဘာ ဝ ပင် ဖြစ်တယ် ပေါ့။

အ များ စု သော လူ သား များသည် လည်း ပိုက် ဆံ သည်သာ ကိုး ကွယ် ရာ ပိုက်ဆံသည် သာ လူ ၏ တန်ဖိုး အ ဖြစ် အ သိ အ မှတ် ပြု ထား ကြလေ ၏အ များ စု သော လူ သား များအား မိုး လင်း မိုး ချုပ် အိပ်သည် အ ထိ ငွေ ကြေး အာ ရုံ တစ်ခုတည်း က သာ သူ ၏ စိတ် ကို ကြီး စိုး ချယ် လှယ် ခြင်း ခံ ကြ ရ ပေ တော့ သည်

ဒါ့ ကြောင့် လည်း ပိုက်ဆံ ကို ရှာ ဖွေ သူ သက် သက် ဖြင့်သာ ဘ ဝ နေ ဝင် ချိန် ကုန်ဆုံးသည် အ ထိ အ သေ အ လဲ ရှာ ကြ ဖွေ ကြ ရင်း မြုပ် နှံ သွား ကြ ရ ပေ သည်လူ့ ဘ ဝ တ လျှောက် ပိုက်ဆံနဲ့ဘ ဝ နစ် မြုပ် ကြ ရင်း သေဆုံး သွား ကြ ရ သူ တွေ ပျောက်ကွယ် ပျက်စီး သွား ကြ သူတွေ သာ အ လွန်များ ပြား လှ ပေ သည်

လူသားသည် ငွေကြေး ပိုက်ဆံရှာဖွေကြ ရာမယ် အများစုဟာ မကောင်းမှု အကုသိုလ်နဲ့သာ ယှဉ်တွဲလုပ်ကိုင်ကြရပေတော့၏။


ငွေကြောက့်ဖြစ်တဲ့အညစ်အကြေး
လူတွေသတ်မှတ်ထားတဲ့ဲ သမ္မာအာဇီဝလုပ်ငန်းတွေမှာ တောင် အနုးညံံ့ဆုံးသော အကုသိုလ်ကိလေသာစေတသိက် တွေဖြစ်တဲ့ လောဘ ဒေါသ မောဟ မာနတွေပင် ဖြစ်ခွင့် ရ နေကြလေတယ်။ကြမ်းတမ်းတဲ့ အကုသိုလ်ကိလေသာစေတသိက်တွေ ကတော့ဒိဌိယှဉ်တဲ့ ဝိသမလောဘ ဒေါသ မောဟမာန တွေပါပဲ။ အကြောင်းအားလျော်စွာလည်း ဖြစ်ပေါ်ခံစားနေကြရတာပါပဲ။

ဒုစရိုက်ဆယ်ပါးတွေ ဖောက်ဖျက်ကျုးလွန်နေမိတတ်တာပေါ့ နောထိုထို အကုသိုလ်မကောင်းကြောင်းတရား တွေသည် ထုတ်လုပ်ခဲ့သူ ခန္ဓာပိုင်ရှင်ကို သာတဖန်ပြန်လည် အကျိုးပေးမှာဧကန် မုချပင်ဖြစ်တယ်။
အကုသိုလ်က ကိုယ့်ကိုပြန်ရိုက်ခြင်း ဖြစ်မယ်ပေါ့တကယ်တော့လည်းမရှိလို့လည်း မဖြစ်တဲ့ ဒီငွေရှိအောင်လုပ်ပြန်တော့လည်း အကုသိုလ်တွေနဲ့သာ။ ရှိလာပြန်တော့လည်း သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ တွေနဲ့ သာ ရယ်။

ကျွန်ုပ်တို့ ဒုက္ခသည်တွေဟာဒုက္ခသည်စခန်း လူ့ဘုံ လူ့လောကကိုမွေးဖွားလာပြီ ဆိုကတည်းကအင်မတန် ဆင်းရဲကြရပါပြီ။

လူ့ဘဝ လူ့ခန္ဓာ ရလာကတည်းက ဆင်းရဲတွင်း နက်လေပြီ တကားဆင်းရဲကျိုးအမှန် ကို သိလာအောင် လေ့ကျင့်ရုံ မှတစ်ပါးအခြားမရှိတော့ ပါလတေကား။

ငွေရှာဖွေနေသူများအတွက် ရှာရင်း ဖွေရင်း အသိထူးလေးတွေ နည်းနည်း ရွှေ့ပေးတော့မှ ဖြစ်တော့မယ် ထင်တယ် ။ သတိထား ဝီရီယစိုက်ဖို့ လိုအပ်လေပြီ တဲ့။ငွေ ဆိုတာ လူအချင်းချင်း အပြန်အလှန် အပေးအယူကိစ္စအတွက် အသုံးချခံ ဆက်သွယ်ရေး ကိရိယာ တန်ဆာပလာပဲ ဖြစ်တယ်။

သူဟာ ရုပ်သဘာဝသက်သက်မို့ိ အာရုံကို မသိတတ်ပါဘူး။သူကိုယ်တိုင် အကုသိုလ်ကိလေသာဖြစ်စရာမရှိတဲ့ အဗျာကတ ပင်ဖြစ်တယ်။

သူ့ကိုသာ မှီပြီး နှလုံးသွင်းမှားမှုကြောင့် သီလတွေချိုးဖောက်ခြင်း ဒုစရိုက်တွေကျုးလွန်ကြရခြင်းမိဘနဲ့သားသမီး အချင်းချင်း ညီအကို မောင်နှမ မိသားစုအချင်းချင်း မေတ္တာတွေ ကုန်ခန်းကြရခြင်း

ကရုဏာ မုဒိတာတွေ ခန်းခြောက်ပြီး အညှိုးအတေး အာဃာတ မနာလိုခြင်း ဝန်တိုခြင်း စတဲ့ အကုသိုလ်စိတ်တွေ ဖြစ်နေကြရတာ ပါပဲ။အမှန်အစစ်ကတော့ ပိုက်ဆံတို့ ရာထူးဂုဏ်သိမ် တို့ မျိုးရိုးတို့ ဆိုတာ ဟာ လူရဲ့တန်ဖိုး မဟုတ်ပါဘူးတဲ့။

လူရဲ့တန်ဖိုးဆိုတာ လူသားရဲ့ အသိဉာဏ်ပဲ ဖြစ်ပါတယ်။ သီလ သမာဓိ ပညာ သိက္ခာသုံးပါးပင် ဖြစ်ပေတယ်တဲ့။ထိုထိုလူသားရဲ့ စိတ်ဓာတ်ကတော့ မေတ်တာ ကရုဏာ မုဒိတာ ဥပေက္ခာ အငြိမ်းတရားတွေ လွှမ်းခြုံရစ်သိုင်းနေစေတာ ပဲ ဖြစ်တယ်။

ငွေကြောင့်ဖြစ်ခဲ့ရတဲ့ အညစ်အကြေးကို ငွေ နဲ့ ဆေးကြောတတ်ဖို့က တော့ သူမသေ ကိုယ်မသေမှီ တခဏလေးမယ် ပါရမီ ကုသိုလ်ဒါနပြုတဲ့လုပ်ငန်းတွေမှာ အားရပါးရ ပျော်ပျော်ပါးပါး ပညာယှဉ်ပြီးသာ သုံးစွဲလိုက်ကြပါစို့။


share from: theesaychin


Previous
Next Post »
Powered by Blogger.