Zawgyi ဖြင့်ဖတ်ရန်
(၂) Support လုပ်ပေးတယ်
Credit:Aunty may 
Unicode ဖြင့်ဖတ်ရန်
သင့်ကိုတစ်ကယ်ချစ်တဲ့ချစ်သူကပဲ လုပ်ပေးမယ့်အရာများ
ပျိုမေတို့ရေ အချစ်ဆိုတာ အရမ်းဆန်းကြယ်ပါတယ်နော်။ တစ်စုံတစ်ယောက်ကို နှစ်နှစ်ကာကာချစ်မိသွားရင် တခြားလူတစ်ယောက်လို ဖြစ်သွားတတ်ကြတယ်။ တကယ်ချစ်မိသွားရင် ကိုယ့်ဖို့ကိုယ်တောင်မေ့သည့်ထိ ချစ်တတ်ကြတယ်။ ပျို့မေတိုရဲ့ ချစ်ချစ်က ပျိုမေတို့ကို အရမ်းချစ်မိနေပြီးဆိုရင် ဒီအပြုအမူလေးတွေဖြစ်လာတတ်တယ်နော်။
(၁) အနာဂတ်အကြောင်းတွေပြောလာတယ်
ဒီအချက်ကတော့ ယောကျာ်းတစ်ယောက် အရမ်းချစ်မိနေပြီးဆိုတာ ဖော်ပြတာပါ။ အကြောင်းမရှိဘဲနဲ့တော့ အနာဂတ်အကြောင်းကိုမပြောပါဘူး။ သင်နဲ့အတူ တစ်သက်လက်တွဲချင်လို့ ၊ သင်နဲ့အတူ့ အနာဂတ်ကို လျှောက်ချင်လို့ ၊ အနာဂတ်မှာ အစီအစဉ်တွေရှိနေလို့ ပြောရတာပါ။ အနာဂတ်ထိ အတူတူလက်တွဲသွားချင်တာဟာ သင့်ကို အရမ်းချစ်လို့ပါ။
(၂) Support လုပ်ပေးတယ်
သင်ရဲ့ရည်မှန်းချက်က ဘာပဲဖြစ်နေဖြစ်နေ ဘေးကနေ အမြဲအားပေးတယ်။ ရည်မှန်းချက်တကယ်ဖြစ်လာအောင်လည်း ဘေးကနေ ဖန်တီးပေးတယ်။ အဲ့ဒါဆိုရင်တော့ သင့်ကို ချစ်မိနေလို့ပါ။ သင့်ရည်မှန်းချက်က ဘာကြီးဖြစ်နေပါစေ အဆုံးထိကို ကူညီပေးတယ်။
(၃) အကောင်းဆုံး အကြံဉာဏ်တွေပေးတယ်
နှစ်နှစ်ကာကာချစ်မိနေတဲ့ ယောကျ်ားတစ်ယောက်ဆို အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီး အကြံပေးရင် ပေါ့ပြက်ပြက် မပေးပါဘူး။ သင့်တောင်းတဲ့ အကြံဉာဏ်ကိုသေချာနားထောင်တယ် ၊ ပြီးရင် သေချာ စဉ်းစားပေးပြီး အကြံကိုပြန်ပေးတယ်။ အဲ့ဒ်ဟာ သင့်တောင်းတဲ့ အကြံပေါ်ကို လေးစားပြီး သင်ကိုဂရုစိုက်တာ်ပါ။
(၄) အသေးလေးကအစ လုပ်ပေးတယ်
သင်ပျော်ရွင်ဖို့အတွက်ဆိုရင် သေးသေးလေးကအစလည်းလုပ်ပေးလာတယ်။ စိတ်မရှည်တဲ့ယောကျာ်းတစ်ယောက်က သင့်ရဲ့ အစစအရာရာကို ဂရုတစိုက်လုပ်ပေးနေတယ်ဆိုရင် သင့်ကို အရမ်းချစ်လို့ပါ။
(၅) ကျန်းမာရေးကို ဂရုစိုက်ပေးတယ်
သင့်ကျန်းမာရေးကို အရမ်းအလေးပေးပြီး ဂရုစိုက်တတ်လာတယ်။ ဥပမာ- သင်နေမကောင်းဘူးဆိုရင် သင်အတွက် ဆေးဝယ်ပေးတယ်၊ ဆန်ပြုတ်ပြုတ်ပေးတယ်၊ သင်အတွက် အမြဲစိတ်ပူပေးတယ်။ အဲ့ဒါမျိုးတွေက သင်ကို ချစ်လို့ပါပဲ။
(၆) Date ပြီးတာနဲ့ စိတ်မချလို့အိမ်ပြန်လိုက်ပို့ပေးတယ်
နှစ်ယောက်အတူ ချိန်းတွေ့ပြီးတော့ အပြင်ဆိုရင်တောင် သင့်ကို စိတ်မချလို့ ပြန်လိုက်ပို့ပေးတယ်။ သင့်ကို တစ်ယောက်တည်းပြန်လွှတ်ရမှာ စိတ်မချလို့ဆိုပြီး ပြန်လိုက်ပို့ပေးတယ်။ အဲ့လိုအပြုအမူတွေကို ကြည့် သင့်ကို တကယ်ချစ်၊ မချစ်ဆိုတာ သိမှာပါ။
(၇) အမြဲပျော်အောင်ထားတယ်
လက်တွဲနေစဉ်တစ်လျှောက်မှာ သင်စိတ်ညစ်ရမယ့် ကိစ္စတွေကို မလုပ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သင်စိတ်ညစ်ပြီး မျက်နှာ ညိုးသွားမှာ မလိုလားလို့ပါပဲ။ အမြဲတမ်းလည်းပျော်အောင်ထားတယ်။ သူ့အတွက်နဲ့ မျက်ရည်မကျအောင်ထားတယ်။ အမြဲလည်းအလျော့ပေးလာတယ်။ ညရောက်နေပြီးဆိုရင်တောင် သင်စားချင်တာဆို အပြေးအလွှားဝယ်ပေးပြီး လာပို့ပေးတယ်။ အဲ့ဒါဆိုရင်တော့ အရမ်းချစ်လို့ပါနော်။
(၈) ပြောသမျှအရာတွေကိုမှတ်ထားတယ်
တစ်နေ့တာ သင့်အကြောင်းကို မေးလား။ သင့်အရင်က ပြောခဲ့တဲ့စကားတွေကိုမှတ်ထားလား။ မေးတတ်တယ် ၊ မှတ်တတ်တယ် ဆိုရင်တော့ သင့်ကို နှစ်နှစ်ကာကာချစ်မိနေလို့ပါပဲ။ သင်နဲ့ပတ်သက်တဲ့အရာတွေ သိချင်တယ်၊ အဲ့အရာတွေနဲ့ပတ်သက်ပြီးလည်း ဂရုစိုက်တယ်။
Credit:Aunty may 
Previous
Next Post »
Powered by Blogger.