လႊတ္ေတာ္အစည္းအေဝးပြဲအတြင္း ခ်စ္သူကိုလက္ထပ္ခြင့္ေတာင္းခဲ့တဲ့ ျပည္သူ႕အမတ္





Zawgyiျဖင့္ဖတ္ရန္

ကၽြန္ေတာတို႔သိထားတဲ့ လႊတ္ေတာ္ဆိုတဲ့ေနရာႀကီးဟာ အမတ္ေတြ၊ ဝန္ႀကီးေတြစတဲ့ ရုဏ္သေရရွိပုဂၢိဳလ္ေတြရဲ႕ တည္တည္ၿငိိမ္္ၿငိမ္နဲ႔ ႏုိင္ငံ့အေရးနဲ႔ပတ္သက္သမွ် ေဆြးေႏြးမႈေတြ၊ တင္ျပစရာရွိတာေတြကို ေဆြးေႏြးတင္ျပၾကရတဲ့ ေနရာတစ္ခုမဟုတ္လား။ ဒါေပမဲ့ Daily Mail မွာ ဖတ္လိုက္ရတဲ့သတင္းတစ္ပုဒ္ေၾကာင့္ လႊတ္ေတာ္ႀကီးကို ကၽြန္ေတာ့္အေနနဲ႔ ျမင္ေနရတဲ့အျမင္ေတြ ေျပာင္းလဲသြားခဲ့ပါတယ္။

အေၾကာင္းကေတာ့ လႊတ္ေတာ္အမတ္တစ္ေယာက္ဟာ လႊတ္ေတာ္ထဲမွာတင္ ခ်စ္သူကို လက္ထပ္ခြင့္ေတာင္းခဲ့တာပါတဲ့ေလ။ ျဖစ္စဥ္ကေတာ့ ဒီလိုပါ။

Flavio Di Muro ဟာ အသက္ ၃၃ ႏွစ္အရြယ္ရွိေနၿပီျဖစ္တဲ့ ေရာမကအမတ္တစ္ဦးပါ။ အဲဒီေန႔မွာေတာ့ Flavio Di Muro အေနနဲ႔ ငလွ်င္ျဖစ္ခဲ့ရင္ ဘယ္လိုမ်ိဳးျပန္လည္တည္ေဆာက္သင့္တယ္ဆိုတဲ့ အခ်က္ကို အေျခအတင္ေဆြးေႏြးေနခဲ့တာပဲျဖစ္ပါတယ္။ ေနာက္ဒီကိစၥအတြက္ အခန္းက႑တစ္ခုမွ တာဝန္ရွိေနတဲ့အမ်ိဳးသမီးအမတ္တစ္ဦးကို ဦးတည္ၿပီး အဆိုေတြတင္သြင္းေနခဲ့ပါေတာ့တယ္။ အဲဒီအခ်ိန္မွာ ရုတ္တရက္ Flavio Di Muro ကေနၿပီး စကားတစ္ခုေျပာလာခဲ့တယ္။



“Elisa, Will You Marry Me?” တဲ့။ လက္စြပ္ဗူေလးကို ထုတ္ရင္း ကိုယ္ေလးကိုေရွကကိုကိုင္းၿပီး ခ်စ္သူအမတ္ Elisa De Leo ကို လက္ထပ္ခြင့္ေတာင္းခဲ့တာပဲျဖစ္ပါတယ္။ ဒီလိုလက္ထပ္ခြင့္မေတာင္းခင္မွာပဲ Flavio Di Muro ဟာ အဲဒီေန႔က သူ႕အတြက္ သာမန္ေန႔မ်ိဳးမဟုတ္ဘဲ တမူထူးျခားတဲ့ေန႔တစ္ရက္ပါလို႔ စကားအစခ်ီခဲ့ပါေသးတယ္။ Eisa ဘာေျပာလိုက္တယ္ထင္လဲ။၆ ႏွစ္ၾကာတြဲခဲ့ၾကၿပီး လက္ရွိမွာလည္း အတူေနေနတဲ့ ခ်စ္သူႏွစ္ေယာက္ျဖစ္တာေၾကာင့္ Elisa ဟာ “Yes” ပါတဲ့ေလ။

Unicode ဖြင့်ဖတ်ရန်


ကျွန်တောတို့သိထားတဲ့ လွှတ်တော်ဆိုတဲ့နေရာကြီးဟာ အမတ်တွေ၊ ဝန်ကြီးတွေစတဲ့ ရုဏ်သရေရှိပုဂ္ဂိုလ်တွေရဲ့ တည်တည်ငြိမ်ငြိမ်နဲ့ နိုင်ငံ့အရေးနဲ့ပတ်သက်သမျှ ဆွေးနွေးမှုတွေ၊ တင်ပြစရာရှိတာတွေကို ဆွေးနွေးတင်ပြကြရတဲ့ နေရာတစ်ခုမဟုတ်လား။ ဒါပေမဲ့ Daily Mail မှာ ဖတ်လိုက်ရတဲ့သတင်းတစ်ပုဒ်ကြောင့် လွှတ်တော်ကြီးကို ကျွန်တော့်အနေနဲ့ မြင်နေရတဲ့အမြင်တွေ ပြောင်းလဲသွားခဲ့ပါတယ်။

အကြောင်းကတော့ လွှတ်တော်အမတ်တစ်ယောက်ဟာ လွှတ်တော်ထဲမှာတင် ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့တာပါတဲ့လေ။ ဖြစ်စဉ်ကတော့ ဒီလိုပါ။

Flavio Di Muro ဟာ အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရောမကအမတ်တစ်ဦးပါ။ အဲဒီနေ့မှာတော့ Flavio Di Muro အနေနဲ့ ငလျှင်ဖြစ်ခဲ့ရင် ဘယ်လိုမျိုးပြန်လည်တည်ဆောက်သင့်တယ်ဆိုတဲ့ အချက်ကို အခြေအတင်ဆွေးနွေးနေခဲ့တာပဲဖြစ်ပါတယ်။ နောက်ဒီကိစ္စအတွက် အခန်းကဏ္ဍတစ်ခုမှ တာဝန်ရှိနေတဲ့အမျိုးသမီးအမတ်တစ်ဦးကို ဦးတည်ပြီး အဆိုတွေတင်သွင်းနေခဲ့ပါတော့တယ်။ အဲဒီအချိန်မှာ ရုတ်တရက် Flavio Di Muro ကနေပြီး စကားတစ်ခုပြောလာခဲ့တယ်။



“Elisa, Will You Marry Me?” တဲ့။ လက်စွပ်ဗူလေးကို ထုတ်ရင်း ကိုယ်လေးကိုရှေကကိုကိုင်းပြီး ချစ်သူအမတ် Elisa De Leo ကို လက်ထပ်ခွင့်တောင်းခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုလက်ထပ်ခွင့်မတောင်းခင်မှာပဲ Flavio Di Muro ဟာ အဲဒီနေ့က သူ့အတွက် သာမန်နေ့မျိုးမဟုတ်ဘဲ တမူထူးခြားတဲ့နေ့တစ်ရက်ပါလို့ စကားအစချီခဲ့ပါသေးတယ်။ Eisa ဘာပြောလိုက်တယ်ထင်လဲ။၆ နှစ်ကြာတွဲခဲ့ကြပြီး လက်ရှိမှာလည်း အတူနေနေတဲ့ ချစ်သူနှစ်ယောက်ဖြစ်တာကြောင့် Elisa ဟာ “Yes” ပါတဲ့လေ။


Credit; Burmese Asia 

Previous
Next Post »
Powered by Blogger.