ရန္ကုန္တကၠသိုလ္သည္ မၾကာမီကာလတြင္ ကိုယ္ပိုင္စီမံခန႔္ခြဲခြင့္ရတကၠသိုလ္ ျဖစ္လာေတာ့မည္ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေျပာၾကား






Zawgyiျဖင့္ဖတ္ရန္

ရန္ကုန္တကၠသိုလ္သည္ မၾကာမီကာလတြင္ ကိုယ္ပိုင္စီမံခန႔္ခြဲခြင့္ရတကၠသိုလ္ ျဖစ္လာေတာ့မည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ယေန႔ ဒီဇင္ဘာ ၂ ရက္တြင္ ေျပာၾကားသည္။ ရန္ကုန္တကၠသိုလ္ ရာျပည့္အထိမ္းအမွတ္ စတင္ေၾကာင္း ေၾကညာျခင္း အခမ္းအနားကို ဒီဇင္ဘာ ၂ ရက္ နံနက္ ၉ နာရီအခ်ိန္ခန႔္က ရန္ကုန္တကၠသိုလ္ ဘြဲ႕ႏွင္းသဘင္ခန္းမ၌ က်င္းပခဲ့ၿပီး ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္က တက္ေရာက္ အဖြင့္အမွာစကားေျပာၾကားသည္။ “၂၀၁၅ ခုႏွစ္၊ အမ်ိဳးသားပညာေရးဥပေဒပါ ျပ႒ာန္းခ်က္အရ ရန္ကုန္တကၠသိုလ္ကို ကိုယ္ပိုင္စီမံခန႔္ခြဲခြင့္ရတကၠသိုလ္ျဖစ္ေစဖို႔ လိုအပ္တဲ့အခ်က္ေတြကို ျဖည့္ဆည္းေပးလ်က္ရွိၿပီး မၾကာခင္ကာလမွာ ရန္ကုန္တကၠသိုလ္ဟာ ကိုယ္ပိုင္စီမံခန႔္ခြဲခြင့္ရွိတဲ့ တကၠသိုလ္ျဖစ္လာေတာ့မွာ ျဖစ္ပါတယ္”ဟု အတိုင္ပင္ခံပုဂၢိဳလ္က ေျပာၾကားသည္။



ေဒၚေအာင္ဆန္းစုၾကည္သည္ ရန္ကုန္တကၠသိုလ္ ႏွစ္ ၁၀၀ ျပည့္၊ ရာျပည့္သဘင္အခမ္းအနားက်င္းပေရး ဦးစီးေကာ္မတီဥကၠ႒လည္းျဖစ္သည္။ ရန္ကုန္တကၠသိုလ္သိုလ္၏ ပညာေရးဆိုင္ရာ ျပဳျပင္ေျပာင္းလဲမႈမ်ားအျဖစ္ မဟာဌာနစနစ္ထူေထာင္ရန္၊ သင္႐ိုးၫႊန္းတမ္းမ်ားကို ျပန္လည္ဆန္းစစ္ၿပီး မြမ္းမံျပင္ဆင္ရန္ႏွင့္ လိုအပ္ခ်က္ႏွင့္အညီ ျပန္လည္ေရးဆြဲရန္ စီမံေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း အတိုင္ပင္ခံပုဂၢိဳလ္က ေျပာၾကားသည္။ ရန္ကုန္တကၠသိုလ္သည္ ၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၁ ရက္ေန႔တြင္ ႏွစ္ ၁၀၀ ျပည့္မည္ျဖစ္သည္။ ရန္ကုန္တကၠသိုလ္ ႏွစ္ ၁၀၀ ျပည့္အထိမ္းအမွတ္အခမ္းအနားမ်ားကို ယခုႏွစ္ ဒီဇင္ဘာလမွ ၂၀၂ဝခုႏွစ္၊ ဒီဇင္ဘာလအထိ တႏွစ္ပတ္လုံးက်င္းပျပဳလုပ္သြားရန္ စီစဥ္ထားသည္။



ရာျပည့္အႀကိဳ အထိမ္းအမွတ္လႈပ္ရွားမႈမ်ားအျဖစ္ ေက်ာင္းသား၊ ေက်ာင္းသူေဟာင္းမ်ား ေတြ႕ဆုံေဆြးေႏြးပြဲမ်ား၊ ဘာသာရပ္အသီးသီးမွ အၿငိမ္းစားယူခဲ့ၾကသည့္ ဆရာ၊ ဆရာမ ႀကီးမ်ား အာစရိယပူေဇာ္ပြဲမ်ား၊ ဘာသာရပ္ဆိုင္ရာ စာတမ္းဖတ္ပြဲမ်ား၊ မိတ္ဆုံ ညစာစားပြဲႏွင့္ ဂီတေဖ်ာ္ေျဖပြဲမ်ား၊ ရာျပည့္အထိမ္းအမွတ္ ထုတ္ေဝသည့္ သုေတသနစာတမ္းမ်ား၊ စာေစာင္၊ စာအုပ္မ်ား၊ ရန္ကုန္တကၠသိုလ္မဂၢဇင္းမ်ား၊ သမိုင္းဝင္ စာအုပ္စာတမ္းျပပြဲမ်ား၊ ရန္ကုန္တကၠသိုလ္သမိုင္း ျပဳစုထုတ္ေဝျခင္း၊ အထိမ္းအမွတ္စာေစာင္မ်ား ထုတ္ေဝျခင္း၊ လက္ကမ္းစာေစာင္မ်ား ထုတ္ေဝျခင္း၊ အမ်ိဳးဂုဏ္၊ ဇာတိဂုဏ္ႏွင့္ မ်ိဳးခ်စ္စိတ္ဓာတ္ ရွင္သန္ထက္ျမက္ေရးဆိုင္ရာ ပညာေပးစာတမ္းမ်ား ေရးသားျပဳစုျခင္း၊ ျမန္မာ့ယဥ္ေက်းမႈ ဓေလ့ထုံးတမ္းမ်ားဆိုင္ရာ ပညာေပးစာတမ္းမ်ား ျပဳစုထုတ္ေဝျခင္း၊ ျပင္ပပညာရွင္မ်ား၊ တကၠသိုလ္ ေက်ာင္းသား၊ ေက်ာင္းသူေဟာင္းမ်ား၏ ေဟာေျပာပြဲမ်ား၊ အေဆာင္အလိုက္ ေဟာေျပာပြဲမ်ား၊ အေဆာင္ေက်ာင္းသား၊ ေက်ာင္းသူေဟာင္းမ်ား၏ ေတြ႕ဆုံေဆြးေႏြးပြဲမ်ား၊ ေက်ာင္းသားေက်ာင္းသူမ်ား တီထြင္ထားသည့္ သိပၸံပစၥည္းမ်ား၊ အိုင္တီပစၥည္းမ်ားႏွင့္ ပေရာဂ်က္မ်ားအားျပသျခင္း၊ ျပည္တြင္းျပည္ပ ပညာရွင္မ်ား၏ အိုင္တီနည္းပညာဆိုင္ရာ အသိပညာေပးေဟာေျပာပြဲမ်ား၊ စာစီစာကုံးႏွင့္ ကဗ်ာၿပိဳင္ပြဲမ်ား၊ ေခတ္အလိုက္ ဝတ္စားဆင္ယင္မႈၿပိဳင္ပြဲမ်ား၊ တကၠသိုလ္ႏွင့္ သက္ဆိုင္ေသာ ေရွးေဟာင္း႐ုပ္ရွင္မ်ားျပသျခင္း၊ ေပ်ာ္ပြဲ႐ႊင္ပြဲ ေစ်းေရာင္းပြဲမ်ား၊ ပေဒသာကပြဲမ်ားျဖင့္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပေဆာင္႐ြက္သြားရန္ စီစဥ္ထားေၾကာင္းလည္း သိရသည္။

Unicode ဖြင့်ဖတ်ရန်



ရန်ကုန်တက္ကသိုလ်သည် မကြာမီကာလတွင် ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရတက္ကသိုလ် ဖြစ်လာတော့မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားသည်။ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် စတင်ကြောင်း ကြေညာခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂ ရက် နံနက် ၉ နာရီအချိန်ခန့်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။ “၂၀၁၅ ခုနှစ်၊ အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်အရ ရန်ကုန်တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရတက္ကသိုလ်ဖြစ်စေဖို့ လိုအပ်တဲ့အချက်တွေကို ဖြည့်ဆည်းပေးလျက်ရှိပြီး မကြာခင်ကာလမှာ ရန်ကုန်တက္ကသိုလ်ဟာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိတဲ့ တက္ကသိုလ်ဖြစ်လာတော့မှာ ဖြစ်ပါတယ်”ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။



ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်၊ ရာပြည့်သဘင်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌလည်းဖြစ်သည်။ ရန်ကုန်တက္ကသိုလ်သိုလ်၏ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအဖြစ် မဟာဌာနစနစ်ထူထောင်ရန်၊ သင်ရိုးညွှန်းတမ်းများကို ပြန်လည်ဆန်းစစ်ပြီး မွမ်းမံပြင်ဆင်ရန်နှင့် လိုအပ်ချက်နှင့်အညီ ပြန်လည်ရေးဆွဲရန် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။ ရန်ကုန်တက္ကသိုလ်သည် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ် ၁၀၀ ပြည့်မည်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အခမ်းအနားများကို ယခုနှစ် ဒီဇင်ဘာလမှ ၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလအထိ တနှစ်ပတ်လုံးကျင်းပပြုလုပ်သွားရန် စီစဉ်ထားသည်။



ရာပြည့်အကြို အထိမ်းအမှတ်လှုပ်ရှားမှုများအဖြစ် ကျောင်းသား၊ ကျောင်းသူဟောင်းများ တွေ့ဆုံဆွေးနွေးပွဲများ၊ ဘာသာရပ်အသီးသီးမှ အငြိမ်းစားယူခဲ့ကြသည့် ဆရာ၊ ဆရာမ ကြီးများ အာစရိယပူဇော်ပွဲများ၊ ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ မိတ်ဆုံ ညစာစားပွဲနှင့် ဂီတဖျော်ဖြေပွဲများ၊ ရာပြည့်အထိမ်းအမှတ် ထုတ်ဝေသည့် သုတေသနစာတမ်းများ၊ စာစောင်၊ စာအုပ်များ၊ ရန်ကုန်တက္ကသိုလ်မဂ္ဂဇင်းများ၊ သမိုင်းဝင် စာအုပ်စာတမ်းပြပွဲများ၊ ရန်ကုန်တက္ကသိုလ်သမိုင်း ပြုစုထုတ်ဝေခြင်း၊ အထိမ်းအမှတ်စာစောင်များ ထုတ်ဝေခြင်း၊ လက်ကမ်းစာစောင်များ ထုတ်ဝေခြင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးဆိုင်ရာ ပညာပေးစာတမ်းများ ရေးသားပြုစုခြင်း၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများဆိုင်ရာ ပညာပေးစာတမ်းများ ပြုစုထုတ်ဝေခြင်း၊ ပြင်ပပညာရှင်များ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ဟောပြောပွဲများ၊ အဆောင်အလိုက် ဟောပြောပွဲများ၊ အဆောင်ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ တွေ့ဆုံဆွေးနွေးပွဲများ၊ ကျောင်းသားကျောင်းသူများ တီထွင်ထားသည့် သိပ္ပံပစ္စည်းများ၊ အိုင်တီပစ္စည်းများနှင့် ပရောဂျက်များအားပြသခြင်း၊ ပြည်တွင်းပြည်ပ ပညာရှင်များ၏ အိုင်တီနည်းပညာဆိုင်ရာ အသိပညာပေးဟောပြောပွဲများ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ၊ ခေတ်အလိုက် ဝတ်စားဆင်ယင်မှုပြိုင်ပွဲများ၊ တက္ကသိုလ်နှင့် သက်ဆိုင်သော ရှေးဟောင်းရုပ်ရှင်များပြသခြင်း၊ ပျော်ပွဲရွှင်ပွဲ ဈေးရောင်းပွဲများ၊ ပဒေသာကပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

Credit:  Burmese Asia 

Previous
Next Post »
Powered by Blogger.