ဖိလစ္ပိုင္ကို ဝင္ေနသည့္ တိုင္ဖြန္းမုန္တိုင္းပိုမိုအားေကာင္းလာ၊ ဆီးဂိမ္းစ္ၿပိဳင္ပြဲအခ်ိဳ႕ထိခိုက္ႏိုင္




Zawgyi ျဖင့္ဖတ္ရန္

ဒီဇင္ဘာလအတြင္း ရွားရွားပါးပါးျဖစ္ေပၚလာတဲ့ ကမ္မူရီတိုင္ဖြန္းမုန္တိုင္းဟာ ဖိလစ္ပိုင္ႏိုင္ငံ ေလဂက္စ္ပီၿမိဳ႕ကတဆင့္ ကုန္းတြင္းဝင္ေရာက္ခါနီး နာရီပိုင္းအလို ဒီဇင္ဘာ ၂ ရက္ မြန္းလြဲပိုင္းမွာ အဆင့္ ၂ တိုင္ဖြန္းမုန္တိုင္းအဆင့္မွ ပိုအားေကာင္းျပင္းထန္တဲ့ အဆင့္ေလး တိုင္ဖြန္းမုန္တိုင္း အဆင့္ကို ေရာက္ရွိသြားပါၿပီ။

မုန္တိုင္းျပင္းအားဟာ အခ်ိန္ ၁၂နာရီအတြင္းမွာ ႏွစ္ဆနီးပါးအထိ အျမန္ထိုးတက္သြား ခဲ့တာပါ။

ဖိလစ္ပိုင္အေရွ႕ပိုင္းကို ေဒသစံေတာ္ခ်ိန္ ဒီဇင္ဘာ ၂ ရက္ညပိုင္းမွာ တနာရီ ေလတိုက္ႏႈန္း မိုင္ ၁၂၀ နဲ႔ ကုန္းတြင္းပိုင္းကို ဝင္ေရာက္မယ္လို႔ အေစာပိုင္းက ခန႔္မွန္းထားပါတယ္။

ဒါေပမဲ့ ခုႏႈန္းနဲ႔ မုန္တိုင္းျပင္းထန္ႏႈန္း ဆက္တိုးေနမယ္ဆိုရင္ တနာရီ ၁၃၅ မိုင္ထိ ေလ တိုက္ႏႈန္းနဲ႔ စူပါတိုင္ဖြန္းမုန္တိုင္းအျဖစ္ ကုန္းတြင္းပိုင္းကို ဝင္ေရာက္ႏိုင္ေခ်ရွိေနလို႔ စိုးရိမ္ေနၾက ပါတယ္။

မုန္တိုင္းမ်က္စိရဲ႕အခ်င္းက မိုင္ ၈၀ ကေန ၁၀၀ၾကားရွိေနၿပီး မုန္တိုင္းလမ္းေၾကာင္းက အေနာက္ဘက္ကို ၁ နာရီ ကီလိုမီတာ ၂၀ ႏႈန္းနဲ႔ ဆက္ေ႐ြ႕လ်ားေနတယ္လို႔ ဖိလစ္ပိုင္ မိုးေလဝသ၊ ဘူမိ႐ူပနဲ႔ နကၡတၱေဗဒဌာန (PAGASA) က ဒီဇင္ဘာ ၂ ရက္မွာ အစီရင္ခံပါတယ္။



မုန္တိုင္းလမ္းေၾကာင္းက ၿမိဳ႕ေတာ္မနီလာကို ဦးတည္ေနတာကေတာ့ မေျပာင္းလဲ ေသးပါဘူး။

ဖိလစ္ပိုင္ေဒသခံေတြက တီစြိဳင္လို႔ေခၚတဲ့ ဒီမုန္တိုင္းဟာ ဖိလစ္ပိုင္ကြၽန္းစုအတြင္း အႀကီးဆုံး နဲ႔ လူအထူဆုံးကြၽန္းျဖစ္တဲ့ လူဇုံကြၽန္းရွိတဲ့ အယ္လ္ေဘးျပည္နယ္ကေန ကုန္းတြင္း ဝင္ေရာက္မွာ ျဖစ္လို႔ အာဏာပိုင္ေတြက မုန္တိုင္းလမ္းေၾကာင္းေပၚက လူအေယာက္ တသိန္းေလာက္ကို ေဘးကင္းရာ ေ႐ႊ႕ေနတယ္လို႔ ဖိလစ္ပိုင္အစိုးရ ႐ုပ္သံက ေျပာပါတယ္။

ေျပာင္းဖို႔ ေခါင္းမာျငင္းဆန္ေနသူေတြကို အနီးဆုံး ကယ္ဆယ္ေရးစခန္းေတြဆီ အင္အားသုံး ေခၚဖို႔ ၫႊန္ၾကားထားတယ္လို႔ အယ္လ္ေဘးျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

မုန္တိုင္းေၾကာင့္ မနီလာမွာ ေက်ာင္းေတြ အားလုံးပိတ္ထားရၿပီး ဖိလစ္ပိုင္ အေျခ စိုက္စီဘူးပစိဖိတ္ေလေၾကာင္းလိုင္းကလည္း ေလေၾကာင္းခရီးစဥ္တခ်ိဳ႕ကို ဖ်က္သိမ္းထားခဲ့သလို ဖိလစ္ပိုင္ ကမ္း႐ိုးတန္းေစာင့္တပ္ကလည္း ပင္လယ္တြင္း လႈပ္ရွားမႈ အားလုံးကို ရပ္လိုက္ပါၿပီ။




ကပ္ေဘး တုံ႔ျပန္ေရးအဖြဲ႕ကလည္း အဆင္သင့္ျပင္ထားပါၿပီ။ဒါ့အျပင္ ဖိလစ္ပိုင္မွာ လက္ခံ က်င္းပေနတဲ့ အေရွ႕ေတာင္အာရွအားကစားပြဲေတာ္ ဆီးဂိမ္းစ္ကိုလည္း မုန္တိုင္းက သက္ေရာက္ႏိုင္ေျခရွိေနတာပါ။

ဒီပြဲေတာ္မွာ ႏိုင္ငံေပါင္း ၁၁ႏိုင္ငံက အားကစားသမား အေယာက္ ၈၀၀၀ေက်ာ္နဲ႔လုပ္အား ေပးေပါင္း အေယာက္ ၁၂၀၀၀ေက်ာ္ ပါဝင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။

ပင္လယ္ထဲ႐ြက္ေလွစီးအားကစားၿပိဳင္ပြဲေတြ ဖ်က္သိမ္းထားရၿပီး ပြဲစဥ္ေနာက္ပိုင္း ရာသီဥတု ၾကည္လင္တဲ့ရက္မွာ အစားထိုးက်င္းပမယ္လို႔ ဆီးဂိမ္းစ္က်င္းပေရးေကာ္မတီဥကၠ႒က ေျပာပါတယ္။

အားကစားနည္း ၃ မ်ိဳးေပါင္း ၿပိဳင္ပြဲကိုေတာ့ နဂိုစီစဥ္ထားတဲ့ အခ်ိန္ထက္ေစာၿပီး က်င္းပခဲ့ပါတယ္။

ပြဲစီစဥ္သူေတြက အေရးေပၚအစီအစဥ္ေတြ ထည့္ေရးဆြဲထားၿပီး အားကစား႐ုံအတြင္း ပြဲစဥ္ေတြကို ပုံမွန္အတိုင္း ဆက္က်င္းပသြားမွာ ျဖစ္ပါတယ္။

ဒီႏွစ္ဆီးဂိမ္းဟာ အႀကိမ္ ၃၀ ေျမာက္ က်င္းပတာျဖစ္ၿပီး က်င္းပခဲ့သမွ် အႀကီးဆုံး အားကစားပြဲလည္း ျဖစ္ပါတယ္။

ဒီဇင္ဘာ ၁၁ ရက္ ဆီးဂိမ္းစ္ ပိတ္ပြဲကို ကမာၻတဝန္းက ႐ုပ္သံၾကည့္ပရိသတ္ သန္း ၅၀၀ က ႐ုပ္ျမင္သံၾကားကေန ၾကည့္ရႈမယ္လို႔ ပြဲစီစဥ္သူေတြက ေမွ်ာ္လင့္ထားပါတယ္။

Credit: DVB


Unicode ဖြင့်ဖတ်ရန်

ဖိလစ်ပိုင်ကို ဝင်နေသည့် တိုင်ဖွန်းမုန်တိုင်းပိုမိုအားကောင်းလာ၊ ဆီးဂိမ်းစ်ပြိုင်ပွဲအချို့ထိခိုက်နိုင်


ဒီဇင်ဘာလအတွင်း ရှားရှားပါးပါးဖြစ်ပေါ်လာတဲ့ ကမ်မူရီတိုင်ဖွန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ လေဂက်စ်ပီမြို့ကတဆင့် ကုန်းတွင်းဝင်ရောက်ခါနီး နာရီပိုင်းအလို ဒီဇင်ဘာ ၂ ရက် မွန်းလွဲပိုင်းမှာ အဆင့် ၂ တိုင်ဖွန်းမုန်တိုင်းအဆင့်မှ ပိုအားကောင်းပြင်းထန်တဲ့ အဆင့်လေး တိုင်ဖွန်းမုန်တိုင်း အဆင့်ကို ရောက်ရှိသွားပါပြီ။

မုန်တိုင်းပြင်းအားဟာ အချိန် ၁၂နာရီအတွင်းမှာ နှစ်ဆနီးပါးအထိ အမြန်ထိုးတက်သွား ခဲ့တာပါ။

ဖိလစ်ပိုင်အရှေ့ပိုင်းကို ဒေသစံတော်ချိန် ဒီဇင်ဘာ ၂ ရက်ညပိုင်းမှာ တနာရီ လေတိုက်နှုန်း မိုင် ၁၂၀ နဲ့ ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ အစောပိုင်းက ခန့်မှန်းထားပါတယ်။

ဒါပေမဲ့ ခုနှုန်းနဲ့ မုန်တိုင်းပြင်းထန်နှုန်း ဆက်တိုးနေမယ်ဆိုရင် တနာရီ ၁၃၅ မိုင်ထိ လေ တိုက်နှုန်းနဲ့ စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် ကုန်းတွင်းပိုင်းကို ဝင်ရောက်နိုင်ချေရှိနေလို့ စိုးရိမ်နေကြ ပါတယ်။

မုန်တိုင်းမျက်စိရဲ့အချင်းက မိုင် ၈၀ ကနေ ၁၀၀ကြားရှိနေပြီး မုန်တိုင်းလမ်းကြောင်းက အနောက်ဘက်ကို ၁ နာရီ ကီလိုမီတာ ၂၀ နှုန်းနဲ့ ဆက်ရွေ့လျားနေတယ်လို့ ဖိလစ်ပိုင် မိုးလေဝသ၊ ဘူမိရူပနဲ့ နက္ခတ္တဗေဒဌာန (PAGASA) က ဒီဇင်ဘာ ၂ ရက်မှာ အစီရင်ခံပါတယ်။



မုန်တိုင်းလမ်းကြောင်းက မြို့တော်မနီလာကို ဦးတည်နေတာကတော့ မပြောင်းလဲ သေးပါဘူး။

ဖိလစ်ပိုင်ဒေသခံတွေက တီစွိုင်လို့ခေါ်တဲ့ ဒီမုန်တိုင်းဟာ ဖိလစ်ပိုင်ကျွန်းစုအတွင်း အကြီးဆုံး နဲ့ လူအထူဆုံးကျွန်းဖြစ်တဲ့ လူဇုံကျွန်းရှိတဲ့ အယ်လ်ဘေးပြည်နယ်ကနေ ကုန်းတွင်း ဝင်ရောက်မှာ ဖြစ်လို့ အာဏာပိုင်တွေက မုန်တိုင်းလမ်းကြောင်းပေါ်က လူအယောက် တသိန်းလောက်ကို ဘေးကင်းရာ ရွှေ့နေတယ်လို့ ဖိလစ်ပိုင်အစိုးရ ရုပ်သံက ပြောပါတယ်။

ပြောင်းဖို့ ခေါင်းမာငြင်းဆန်နေသူတွေကို အနီးဆုံး ကယ်ဆယ်ရေးစခန်းတွေဆီ အင်အားသုံး ခေါ်ဖို့ ညွှန်ကြားထားတယ်လို့ အယ်လ်ဘေးပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မုန်တိုင်းကြောင့် မနီလာမှာ ကျောင်းတွေ အားလုံးပိတ်ထားရပြီး ဖိလစ်ပိုင် အခြေ စိုက်စီဘူးပစိဖိတ်လေကြောင်းလိုင်းကလည်း လေကြောင်းခရီးစဉ်တချို့ကို ဖျက်သိမ်းထားခဲ့သလို ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်တပ်ကလည်း ပင်လယ်တွင်း လှုပ်ရှားမှု အားလုံးကို ရပ်လိုက်ပါပြီ။



ကပ်ဘေး တုံ့ပြန်ရေးအဖွဲ့ကလည်း အဆင်သင့်ပြင်ထားပါပြီ။ဒါ့အပြင် ဖိလစ်ပိုင်မှာ လက်ခံ ကျင်းပနေတဲ့ အရှေ့တောင်အာရှအားကစားပွဲတော် ဆီးဂိမ်းစ်ကိုလည်း မုန်တိုင်းက သက်ရောက်နိုင်ခြေရှိနေတာပါ။

ဒီပွဲတော်မှာ နိုင်ငံပေါင်း ၁၁နိုင်ငံက အားကစားသမား အယောက် ၈၀၀၀ကျော်နဲ့လုပ်အား ပေးပေါင်း အယောက် ၁၂၀၀၀ကျော် ပါဝင်ဖို့ မျှော်လင့်ထားပါတယ်။

ပင်လယ်ထဲရွက်လှေစီးအားကစားပြိုင်ပွဲတွေ ဖျက်သိမ်းထားရပြီး ပွဲစဉ်နောက်ပိုင်း ရာသီဥတု ကြည်လင်တဲ့ရက်မှာ အစားထိုးကျင်းပမယ်လို့ ဆီးဂိမ်းစ်ကျင်းပရေးကော်မတီဥက္ကဋ္ဌက ပြောပါတယ်။

အားကစားနည်း ၃ မျိုးပေါင်း ပြိုင်ပွဲကိုတော့ နဂိုစီစဉ်ထားတဲ့ အချိန်ထက်စောပြီး ကျင်းပခဲ့ပါတယ်။

ပွဲစီစဉ်သူတွေက အရေးပေါ်အစီအစဉ်တွေ ထည့်ရေးဆွဲထားပြီး အားကစားရုံအတွင်း ပွဲစဉ်တွေကို ပုံမှန်အတိုင်း ဆက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီနှစ်ဆီးဂိမ်းဟာ အကြိမ် ၃၀ မြောက် ကျင်းပတာဖြစ်ပြီး ကျင်းပခဲ့သမျှ အကြီးဆုံး အားကစားပွဲလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၁ ရက် ဆီးဂိမ်းစ် ပိတ်ပွဲကို ကမ္ဘာတဝန်းက ရုပ်သံကြည့်ပရိသတ် သန်း ၅၀၀ က ရုပ်မြင်သံကြားကနေ ကြည့်ရှုမယ်လို့ ပွဲစီစဉ်သူတွေက မျှော်လင့်ထားပါတယ်။

Credit: DVB


Previous
Next Post »
Powered by Blogger.