ၿဖိဳးျမတ္ေအာင္ကို တိုက္႐ိုက္ ေဝဖန္ေျပာဆို လိုက္တဲ့ ျမန္မာအိုင္ေဒါက ေမၾကည္




Zawgyi ျဖင့္ဖတ္ရန္

ၿပီးခဲ့တဲ့ၾကာသပေတးေန႔က က်င္းပခဲ့တဲ့ Myanmar Idol Season 4 ရဲ႕ စိုးလြင္လြင္ သီခ်င္းမ်ား ယွဥ္ၿပိဳင္မႈပြဲစဥ္မွာေတာ့ Season 3 က Winner ျဖစ္သူ ၿဖိဳးျမတ္ေအာင္ နဲ႔Myanmar Idol တို႔အၾကားမွာ ျပႆနာေလးျဖစ္ခဲ့တာ အားလုံး သိေလာက္ပါၿပီေနာ္။ျဖစ္ပုံကေတာ့ ၿဖိဳးျမတ္ေအာင္ကို လက္မွတ္ပါရဲ႕သားနဲ႔ အဝင္မခံခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ ဒီအတြက္ ပရိသတ္ေတြကလည္း ေဝဖန္ေနခဲ့ၾကသလို ၊ ၿဖိဳးျမတ္ေအာင္ ကိုယ္တိုင္လည္း ေပါက္ကြဲခဲ့ရပါတယ္။



ဒီအတြက္ သူ႔ကို ၿပိဳင္ပြဲဝင္ေဟာင္းမ်ားျဖစ္တဲ့ မိုင္းမိုင္ဆန္ကလည္း ေထာက္ျပေဝဖန္တဲ့စာေတြ ေရးသားခဲ့ပါတယ္။ အထူးသျဖင့္ ကိုယ့္ကိုေျမေတာင္ေျမာက္ေပးလိုက္တဲ့ ေနရာကို အခုလို ေက်းဇူးဆပ္တာလားဆိုတဲ့ ေမးခြန္းကေတာ့ ၿဖိဳးျမတ္ေအာင္အတြက္ေတာ့အရႈိက္ထိေစခဲ့မယ္ထင္ပါတယ္။ ဒီလို ေဝဖန္သူေတြ ထဲမွာေတာ့ ေမၾကည္ ဆိုတဲ့ ၿပိဳင္ပြဲဝင္ေဟာင္းလည္းအပါအဝင္ပါပဲ။



သူမကေတာ့ ၿဖိဳးျမတ္ေအာင္ကို နာမည္တပ္မေျပာေပမယ့္ ၿဖိဳးျမတ္ေအာင္ဟာ လက္မွတ္ကို ဆုတ္ၿဖဲၿပီးေတာ့ ပန္းအိုးထဲ ထည့္ခဲ့တယ္လို႔ ေျပာဆိုတာေတြေၾကာင့္လည္း ႐ိုက္ခတ္မႈေတြျဖစ္ေစခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အင္တာဗ်ဴးတစ္ခုမွာ ၿဖိဳးျမတ္ေအာင္က လက္မွတ္ကိုင္ျပထားတာေၾကာင့္ ပရိသတ္က ေမၾကည္ရဲ႕ ေျပာဆိုမႈဟာ ပလီတာျဖစ္တယ္လို႔ ေျပာဆိုခဲ့ၾကတာပါ။ ဒီအတြက္ေတာ့ ေမၾကည္ဟာ ၿဖိဳးျမတ္ေအာင္ကို နာမည္တပ္ေျပာေနလို႔လားလို႔ တုန႔္ျပန္တဲ့အခါမွာေတာ့ ဘယ္သူကိုေျပာတယ္ဆိုတာ အ႐ူးေတာင္ သိေနမွေတာ့ အျငင္းပြားစရာေတြျဖစ္ခဲ့ရပါတယ္။



ၿဖိဳးျမတ္ေအာင္ကေတာ့ သူ႔ရဲ႕ နားလည္မႈလြဲခဲ့တဲ့အေပၚ ရင္ထဲက ေတာင္းပန္တယ္ဆိုၿပီး လူမႈကြန္ရက္မွာေဖာ္ျပထားခဲ့ပါတယ္။ ေဝဖန္ခဲ့တဲ့ ေမၾကည္တစ္ေယာက္ကိုေတာ့ အားေပးမိတဲ့ ပရိသတ္ေတြက မွားယြင္းခဲ့တယ္ ၊ အခုလို မနာလိုစိတ္ ေသးသိမ္းရလားဆိုၿပီးေတာ့ ေဝဖန္မႈေတြလည္းရွိေနပါတယ္။

share from: burmese.asia



Unicode ဖြင့်ဖတ်ရန်

ဖြိုးမြတ်အောင်ကို တိုက်ရိုက် ဝေဖန်ပြောဆို လိုက်တဲ့ မြန်မာအိုင်ဒေါက မေကြည်

ပြီးခဲ့တဲ့ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ Myanmar Idol Season 4 ရဲ့ စိုးလွင်လွင် သီချင်းများ ယှဉ်ပြိုင်မှုပွဲစဉ်မှာတော့ Season 3 က Winner ဖြစ်သူ ဖြိုးမြတ်အောင် နဲ့Myanmar Idol တို့အကြားမှာ ပြဿနာလေးဖြစ်ခဲ့တာ အားလုံး သိလောက်ပါပြီနော်။ဖြစ်ပုံကတော့ ဖြိုးမြတ်အောင်ကို လက်မှတ်ပါရဲ့သားနဲ့ အဝင်မခံခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီအတွက် ပရိသတ်တွေကလည်း ဝေဖန်နေခဲ့ကြသလို ၊ ဖြိုးမြတ်အောင် ကိုယ်တိုင်လည်း ပေါက်ကွဲခဲ့ရပါတယ်။



ဒီအတွက် သူ့ကို ပြိုင်ပွဲဝင်ဟောင်းများဖြစ်တဲ့ မိုင်းမိုင်ဆန်ကလည်း ထောက်ပြဝေဖန်တဲ့စာတွေ ရေးသားခဲ့ပါတယ်။ အထူးသဖြင့် ကိုယ့်ကိုမြေတောင်မြောက်ပေးလိုက်တဲ့ နေရာကို အခုလို ကျေးဇူးဆပ်တာလားဆိုတဲ့ မေးခွန်းကတော့ ဖြိုးမြတ်အောင်အတွက်တော့အရှိုက်ထိစေခဲ့မယ်ထင်ပါတယ်။ ဒီလို ဝေဖန်သူတွေ ထဲမှာတော့ မေကြည် ဆိုတဲ့ ပြိုင်ပွဲဝင်ဟောင်းလည်းအပါအဝင်ပါပဲ။



သူမကတော့ ဖြိုးမြတ်အောင်ကို နာမည်တပ်မပြောပေမယ့် ဖြိုးမြတ်အောင်ဟာ လက်မှတ်ကို ဆုတ်ဖြဲပြီးတော့ ပန်းအိုးထဲ ထည့်ခဲ့တယ်လို့ ပြောဆိုတာတွေကြောင့်လည်း ရိုက်ခတ်မှုတွေဖြစ်စေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်တာဗျူးတစ်ခုမှာ ဖြိုးမြတ်အောင်က လက်မှတ်ကိုင်ပြထားတာကြောင့် ပရိသတ်က မေကြည်ရဲ့ ပြောဆိုမှုဟာ ပလီတာဖြစ်တယ်လို့ ပြောဆိုခဲ့ကြတာပါ။ ဒီအတွက်တော့ မေကြည်ဟာ ဖြိုးမြတ်အောင်ကို နာမည်တပ်ပြောနေလို့လားလို့ တုန့်ပြန်တဲ့အခါမှာတော့ ဘယ်သူကိုပြောတယ်ဆိုတာ အရူးတောင် သိနေမှတော့ အငြင်းပွားစရာတွေဖြစ်ခဲ့ရပါတယ်။



ဖြိုးမြတ်အောင်ကတော့ သူ့ရဲ့ နားလည်မှုလွဲခဲ့တဲ့အပေါ် ရင်ထဲက တောင်းပန်တယ်ဆိုပြီး လူမှုကွန်ရက်မှာဖော်ပြထားခဲ့ပါတယ်။ ဝေဖန်ခဲ့တဲ့ မေကြည်တစ်ယောက်ကိုတော့ အားပေးမိတဲ့ ပရိသတ်တွေက မှားယွင်းခဲ့တယ် ၊ အခုလို မနာလိုစိတ် သေးသိမ်းရလားဆိုပြီးတော့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။

share from: burmese.asia


Previous
Next Post »
Powered by Blogger.