နောက်ကွယ်မှာ အတင်းပြောတဲ့ သူတစ်ယောက် ကို အသေဆိုးနဲ့သေပါစေ ဆိုပြီး ပြောလိုက်တဲ့ ရွှေအိမ်စည်
Zawgyiဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
လတ်တလော လူမှုကွန်ရက်မှာ ဝေဖန်မှုတွေများနေတဲ့ မြန်မာ့သြဘာ ဓာတ်မြေသြဇာ ကြေငြာဟာဆိုရင် ထိုင်းနိုင်ငံက မြေသြဇာကြေငြာတစ်ခုကို ပုံတူကူးပြီး ရိုက်ကူးထားတာဖြစ်တယ်လို့ ဝေဖန်မှုတွေများနေတာ အားလုံးအသိပါနော်။ ဒီ ကြေငြာထဲမှာတော့
သရုပ်ဆောင် သင်ဇာဝင့်ကျော် ၊ မော်ဒယ် ရွှေအိမ်စည် နဲ့ လုလုအောင်တို့ ပါဝင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီအထဲမှာ ပါဝင်တဲ့ ရွှေအိမ်စည်ကတော့ နာမည်ကြီးတဲ့ မော်ဒယ်ဖြစ်သလို ပွင့်လင်းစွာပြောဆိုတတ်သူတစ်ဦးလည်းဖြစ်ပါတယ်။
သူမဟာ စိတ်ထင်သလို ပြောလေ့ရှိပြီးတော့ ဟိတ်ဟန်တွေ သိပ်မထားတတ်တာ ၊ အခြားမော်ဒယ်တွေ သရုပ်ဆောင်တွေလို ပဲမများတတ်တာကြောင့်လည်း သူမကိုချစ်ခင်သူတွေက လေးစားရတဲ့အချက်ဖြစ်ပါတယ်။
မီဒီယာတစ်ခု အင်တာဗျူးမှာလည်း သူမနဲ့ အဆင်မပြေပဲ သူမအပေါ် ချေမိုးနေတတ်တဲ့သူတွေ ရှိတယ်လို့လည်းဆိုပါတယ်။ သူမကတော့ သူ့အမြင်အတိုင်း ကောင်းတာလေးတွေ လမ်းညွှန်တတ်ပေမယ့် အချို့က အဲ့တာကို ဆရာလုပ်တယ်လို့ ထင်ကြောင်းနဲ့
ကွယ်ရာမှာ အတင်းပြောတာတွေကိုလည်း ပြန်ကြားရတဲ့အကြောင်းပြောပြပါတယ်။
အဲ့လူတွေကတော့ အသေဆိုးနဲ့ သေမှာ လို့လည်း သူမက ကျိန်စာ တိုက်ထားတယ်လို့သိရပါတယ်။ ဒီလိုပွင့်ပွင့်လင်းလင်း ပြောတတ်တာကတော့ သူမရဲ့အကျင့်တစ်ခုဖြစ်ပါတယ်။ သူမပြောတဲ့ အနုပညာရှင်တစ်ယောက်ကတော့ ဘယ်သူမှန်း ပရိသတ်ကြီးထဲက
လည်း သိချင်သိကြမှာပါနော်။ သိရင် ပြောပြပေးခဲ့ပါဦး။
Writer- SMT(Shwe Yaung Lan)
Previous
Next Post »
Powered by Blogger.