ရည္းစားမရွိဘူးေျပာရင္ ဘယ္သူမွမယုံၾကဘူးလို႔ ေျပာလာတဲ့ ေမျမင့္မိုရ္





Zawgyi ျဖင့္ဖတ္ရန္

MRTV-4 ဇာတ္လမ္းတြဲ တစ္ခုျဖစ္တဲ့ ပန္းႏုေသြးဆိုတဲ့ ဇာတ္လမ္းတြဲနဲ႔ ပရိသတ္ရင္ထဲကို တိုးဝင္ေရာက္ရွိလာသူေလးကေတာ့ ေမျမင့္မိုရ္ပါ ။ ေနာက္ပိုင္းမွာ ဇာတ္လမ္းတြဲေတြအမ်ားႀကီး ႐ိုက္ကူးခဲ့ၿပီး ပရိသတ္အားေပးမႈ အခိုင္အမာရရွိလာခဲ့တဲ့ မင္းသမီးေခ်ာေလးပါ ။ သူမမွာ သူမနဲ႔႐ုပ္ခ်င္းခြဲမရေအာင္တူ တဲ့ ေမာင္ေလးတစ္ေယာက္ရွိၿပီး ေမာင္ႏွမ ႏွစ္ေယာက္လုံး အႏုပညာအလုပ္ေတြကို အတူတူလုပ္ကိုင္ေနၾကတာပဲျဖစ္ပါတယ္ ။ ပရိသတ္ေတြ စိတ္ဝင္တစားျဖစ္ေနတာကေတာ့ ေဖ့ဘုတ္စ္စာမ်က္ႏွာေတြထက္မွာ အလြမ္းစာေလးေတြ အၿမဲေရးသားတတ္တဲ့ ေမ့ရဲ႕ အခ်စ္ေရးပါ ။




ေမကေတာ့ ပုံတင္ကာနီးရင္ ဘာေရးရမွန္းမသိလို႔ အလြမ္းသီခ်င္းေလးေတြ နားေထာင္ရင္းနဲ႔ ကပ္ပရွင္ေလးေတြေရးျဖစ္တာျဖစ္ၿပီး အမွန္တကယ္က ရည္းစားေတာင္မရွိပါဘူးလို႔ ဆိုလာပါတယ္ ။ သူမ အေနနဲ႔ခ်စ္ရမယ့္သူမရွိေသးသလို ခ်စ္သူမရွိပါဘူးလို႔ ေျပာလာရင္လည္း ဘယ္သူကမွ မယုံၾကတာ သူမအရမ္းေခ်ာေနလို႔ျဖစ္မယ္လို႔ ေမက စေနာက္ၿပီးေျပာခဲ့ပါေသးတယ္ ။ ေမ့အေနနဲ႔ကေတာ့ ခုခ်ိန္ထိ စဥ္းစားစရာလဲ မရွိေသးတဲ့အတြက္ အလုပ္ကိုပဲ ဦးစားေပးလုပ္ျဖစ္ေနတယ္လို႔ ပရိသတ္ေတြကို ေျပာျပခဲ့ပါတယ္ ။





ပရိသတ္ေတြထင္ေနသလို ေမကခ်စ္သူရွိေနတာမဟုတ္ဘဲ သူမစိတ္ကူးေပါက္ရာ ကပ္ပရွင္ေလးေတြတပ္ၿပီး ေရးသားထားတာဆိုေတာ့ ေမ့ကို ရည္းစားရမွာစိတ္ပူေနတဲ့ ပရိသတ္ေတြ ရင္ေအးေလာက္ၿပီထင္ပါတယ္ေနာ္ ။ ေမ့ကိုခ်စ္တဲ့ Cele Connections ပရိသတ္ႀကီးအတြက္ ေမ့ရဲ႕ ခ်စ္စဖြယ္ပုံရိပ္ေလးေတြကိုလည္း ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Source : MC


Unicode ဖြင့်ဖတ်ရန်

ရည်းစားမရှိဘူးပြောရင် ဘယ်သူမှမယုံကြဘူးလို့ ပြောလာတဲ့ မေမြင့်မိုရ်




MRTV-4 ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ ပန်းနုသွေးဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ပရိသတ်ရင်ထဲကို တိုးဝင်ရောက်ရှိလာသူလေးကတော့ မေမြင့်မိုရ်ပါ ။ နောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေအများကြီး ရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိလာခဲ့တဲ့ မင်းသမီးချောလေးပါ ။ သူမမှာ သူမနဲ့ရုပ်ချင်းခွဲမရအောင်တူ တဲ့ မောင်လေးတစ်ယောက်ရှိပြီး မောင်နှမ နှစ်ယောက်လုံး အနုပညာအလုပ်တွေကို အတူတူလုပ်ကိုင်နေကြတာပဲဖြစ်ပါတယ် ။ ပရိသတ်တွေ စိတ်ဝင်တစားဖြစ်နေတာကတော့ ဖေ့ဘုတ်စ်စာမျက်နှာတွေထက်မှာ အလွမ်းစာလေးတွေ အမြဲရေးသားတတ်တဲ့ မေ့ရဲ့ အချစ်ရေးပါ ။




မေကတော့ ပုံတင်ကာနီးရင် ဘာရေးရမှန်းမသိလို့ အလွမ်းသီချင်းလေးတွေ နားထောင်ရင်းနဲ့ ကပ်ပရှင်လေးတွေရေးဖြစ်တာဖြစ်ပြီး အမှန်တကယ်က ရည်းစားတောင်မရှိပါဘူးလို့ ဆိုလာပါတယ် ။ သူမ အနေနဲ့ချစ်ရမယ့်သူမရှိသေးသလို ချစ်သူမရှိပါဘူးလို့ ပြောလာရင်လည်း ဘယ်သူကမှ မယုံကြတာ သူမအရမ်းချောနေလို့ဖြစ်မယ်လို့ မေက စနောက်ပြီးပြောခဲ့ပါသေးတယ် ။ မေ့အနေနဲ့ကတော့ ခုချိန်ထိ စဉ်းစားစရာလဲ မရှိသေးတဲ့အတွက် အလုပ်ကိုပဲ ဦးစားပေးလုပ်ဖြစ်နေတယ်လို့ ပရိသတ်တွေကို ပြောပြခဲ့ပါတယ် ။





ပရိသတ်တွေထင်နေသလို မေကချစ်သူရှိနေတာမဟုတ်ဘဲ သူမစိတ်ကူးပေါက်ရာ ကပ်ပရှင်လေးတွေတပ်ပြီး ရေးသားထားတာဆိုတော့ မေ့ကို ရည်းစားရမှာစိတ်ပူနေတဲ့ ပရိသတ်တွေ ရင်အေးလောက်ပြီထင်ပါတယ်နော် ။ မေ့ကိုချစ်တဲ့ Cele Connections ပရိသတ်ကြီးအတွက် မေ့ရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : MC


Previous
Next Post »
Powered by Blogger.