မနက္တိုင္း လက္ဖက္ရည္မေသာက္ရမခ်င္း အလုပ္လုပ္ဖို႔ ျငင္းဆန္ေလ့ရွိတဲ့ ျမင္း




Zawgyiျဖင့္ဖတ္ရန္

လူေတာ္ေတာ္မ်ားမ်ားအတြက္ေတာ့ မနက္ခင္းမွာ လက္ဖက္ရည္ ဒါမွမဟုတ္ ေကာ္ဖီတစ္ခြက္ေလာက္ ေသာက္ရမွ ေနသာထိုင္သာ ရွိၾကပါတယ္။ ဒီတိုင္းပဲ အဂၤလန္ႏိုင္ငံ ရဲဌာနက ျမင္းေလးတစ္ေကာင္ဟာလည္း မနက္တိုင္း မနက္တိုင္းကို လက္ဖက္ရည္တစ္ခြက္နဲ႔ အစပ်ိဳးေလ့ရွိေၾကာင္း theanimalclub ၀က္ဆိုက္ဒ္ကေနတဆင့္ သိရပါတယ္။

ျမင္းေလးနာမည္က ဂ်ိတ္ခ္ပါ။ ဂ်ိတ္ခ္က လြန္ခဲ့တဲ့ (၁၅) ႏွစ္ကတည္းက Merseyside ရဲစခန္းမွာ အလုပ္လုပ္ေနတာပါ။ ဂ်ိတ္ခ္က အခုဆို အသက္(၂၀) ရွိပါၿပီ။ မနက္ခင္းေရာက္ၿပီဆိုရင္ ဂ်ိတ္ခ္က သူ႔ကို တစ္ေယာက္ေယာက္က လက္ဖက္ရည္ခြက္ၾကီးတစ္ခြက္နဲ႔ လာႏိႈးမွ အိပ္ရာက ထ အလုပ္လုပ္ေလ့ရွိပါတယ္။ ႏို႔မို႔ဆိုရင္ေတာ့ လက္ဖက္ရည္မေသာက္ရမခ်င္း သူ႔ကို အလုပ္လုပ္ဖို႔ ေခၚလို႔ လံုး၀မရပါဘူး။


ရဲဌာနက အမႈထမ္းေတြကေတာ့ ဂ်ိတ္ခ္ကို ေတာ္ေတာ္ေလးခ်စ္တဲ့အတြက္ သူအႏွစ္သက္ဆံုး လက္ဖက္ရည္ကို ျမင္းေဇာင္းမွာသြားၿပီး ေန႔တိုင္းတိုက္ေလ့ရွိပါတယ္။ Merseyside စခန္းက ထရိန္နာတစ္ဦးျဖစ္တဲ့ လင္းေဆးဂါဗန္ကေတာ့ “ဂ်ိတ္ခ္ဟာ လက္ရွိကြ်န္မတို႔ ထိန္းသိမ္းထားတဲ့ ျမင္း (၁၂) ေကာင္ ရွိတဲ့အထဲက တစ္ေကာင္ျဖစ္ပါတယ္။ သူက ျမင္းတစ္ေကာင္အေနနဲ႔ ေျပာရရင္ ပါးနပ္လြန္းပါတယ္။ လက္ဖက္ရည္လည္း အရမ္းၾကိဳက္တယ္။ တစ္ေန႔ကုိ လက္ဖက္ရည္ ႏွစ္ခြက္ေလာက္ ေသာက္ရတဲ့အခါေတြက်ရင္ သူက ေပ်ာ္ေနေရာပဲ….” လို႔ ေျပာျပပါတယ္။

ဂ်ိတ္ခ္ရဲ႕အလုပ္ကေတာ့ ေဘာလံုးပြဲေတြမွာ လိုက္ၿပီး ကင္းလွည့္ေပးရတာပါ။ အခုဆိုရင္ေတာ့ ဂ်ိတ္ခ္က အသက္(၂၀) ရွိၿပီျဖစ္လို႔ သိပ္မၾကာခင္မွာ စခန္းက အနားယူေတာ့မွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။ ေအာက္မွာေတာ့ သူ႔အနားလာထားေပးထားတဲ့ လက္ဖက္ရည္ကို ၿမိန္ေရယွက္ေရ ေသာက္ေနတဲ့ ဂ်ိတ္ခ္ကို ေတြ႔ရမွာ ျဖစ္ပါတယ္။

Unicode ဖြင့်ဖတ်ရန်



လူတော်တော်များများအတွက်တော့ မနက်ခင်းမှာ လက်ဖက်ရည် ဒါမှမဟုတ် ကော်ဖီတစ်ခွက်လောက် သောက်ရမှ နေသာထိုင်သာ ရှိကြပါတယ်။ ဒီတိုင်းပဲ အင်္ဂလန်နိုင်ငံ ရဲဌာနက မြင်းလေးတစ်ကောင်ဟာလည်း မနက်တိုင်း မနက်တိုင်းကို လက်ဖက်ရည်တစ်ခွက်နဲ့ အစပျိုးလေ့ရှိကြောင်း theanimalclub ဝက်ဆိုက်ဒ်ကနေတဆင့် သိရပါတယ်။

မြင်းလေးနာမည်က ဂျိတ်ခ်ပါ။ ဂျိတ်ခ်က လွန်ခဲ့တဲ့ (၁၅) နှစ်ကတည်းက Merseyside ရဲစခန်းမှာ အလုပ်လုပ်နေတာပါ။ ဂျိတ်ခ်က အခုဆို အသက်(၂၀) ရှိပါပြီ။ မနက်ခင်းရောက်ပြီဆိုရင် ဂျိတ်ခ်က သူ့ကို တစ်ယောက်ယောက်က လက်ဖက်ရည်ခွက်ကြီးတစ်ခွက်နဲ့ လာနှိုးမှ အိပ်ရာက ထ အလုပ်လုပ်လေ့ရှိပါတယ်။ နို့မို့ဆိုရင်တော့ လက်ဖက်ရည်မသောက်ရမချင်း သူ့ကို အလုပ်လုပ်ဖို့ ခေါ်လို့ လုံးဝမရပါဘူး။


ရဲဌာနက အမှုထမ်းတွေကတော့ ဂျိတ်ခ်ကို တော်တော်လေးချစ်တဲ့အတွက် သူအနှစ်သက်ဆုံး လက်ဖက်ရည်ကို မြင်းဇောင်းမှာသွားပြီး နေ့တိုင်းတိုက်လေ့ရှိပါတယ်။ Merseyside စခန်းက ထရိန်နာတစ်ဦးဖြစ်တဲ့ လင်းဆေးဂါဗန်ကတော့ “ဂျိတ်ခ်ဟာ လက်ရှိကျွန်မတို့ ထိန်းသိမ်းထားတဲ့ မြင်း (၁၂) ကောင် ရှိတဲ့အထဲက တစ်ကောင်ဖြစ်ပါတယ်။ သူက မြင်းတစ်ကောင်အနေနဲ့ ပြောရရင် ပါးနပ်လွန်းပါတယ်။ လက်ဖက်ရည်လည်း အရမ်းကြိုက်တယ်။ တစ်နေ့ကို လက်ဖက်ရည် နှစ်ခွက်လောက် သောက်ရတဲ့အခါတွေကျရင် သူက ပျော်နေရောပဲ….” လို့ ပြောပြပါတယ်။

ဂျိတ်ခ်ရဲ့အလုပ်ကတော့ ဘောလုံးပွဲတွေမှာ လိုက်ပြီး ကင်းလှည့်ပေးရတာပါ။ အခုဆိုရင်တော့ ဂျိတ်ခ်က အသက်(၂၀) ရှိပြီဖြစ်လို့ သိပ်မကြာခင်မှာ စခန်းက အနားယူတော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အောက်မှာတော့ သူ့အနားလာထားပေးထားတဲ့ လက်ဖက်ရည်ကို မြိန်ရေယှက်ရေ သောက်နေတဲ့ ဂျိတ်ခ်ကို တွေ့ရမှာ ဖြစ်ပါတယ်။


Credit: လင္းလင္း (ShweMom)


Previous
Next Post »
Powered by Blogger.