ညအိပ္ရာဝင္ခါနီးတိုင္း ပ်ားရည္တစ္ဇြန္းစားေပးျခင္းျဖင့္ ရႏိုင္တဲ့ အက်ိဳးေက်းဇူး




Zawgyi ျဖင့္ဖတ္ရန္

ပ်ားရည္လို႔ေျပာလိုက္ရင္ အသားအေရ လွေစတဲ့၊ အလွအပအတြက္ အရမ္းအသုံးဝင္တဲ့အရာလို႔ လူေတြက သိၾကပါတယ္။ ဒါေပမယ့္ ပ်ားရည္မွာ တျခားအက်ိဳးေက်းဇူးေတြ အမ်ားႀကီးရွိပါေသးတယ္။ အိပ္ရာဝင္ခါနီးတိုင္းမွာ ပ်ားရည္ကို စားေပးမယ္ဆိုရင္ ဒီလို အံ့မခန္းအက်ိဳးေက်းဇူးေတြ ရရွိႏိုင္တယ္ဆိုတာကေတာ့ သိတဲ့သူေတြ ရွားပါတယ္။ ဒီေတာ့ ပ်ားရည္စားျခင္းျဖင့္ ခႏၶာကိုယ္အတြက္ ရလာတဲ့အက်ိဳးေက်းဇူးေလးေတြကို အခုပဲဖတ္ၾကည့္ၿပီး မွ်ေဝလိုက္ေနာ္။



(၁) ေကာင္းေကာင္းအိပ္ေပ်ာ္ေစတယ္

ပ်ားရည္မွာ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ tryptophan, amino acid တို႔ ပါဝင္တာေၾကာင့္ ညအိပ္ခါနီး ပ်ားရည္တစ္ဇြန္းကို ေရေႏြးေလးနဲ႔ေရာၿပီး ေသာက္ေပးမယ္ဆိုရင္ ေကာင္းေကာင္းအိပ္ေပ်ာ္ေစပါတယ္။

(၂) ေသြးတိုးေရာဂါမျဖစ္ေအာင္ ကာကြယ္ေပးတယ္

ေသြးတိုးေရာဂါဟာ ေနာက္ပိုင္းမွာ ႏွလုံးကို အျပင္းအထန္ထိခိုက္ေစၿပီး အသက္ေသဆုံးတဲ့အထိျဖစ္ေစႏိုင္တာေၾကာင့္ ေပါ့ဆလို႔မရတဲ့ ေရာဂါတစ္မ်ိဳးပါ။ ပ်ားရည္မွာ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ ႂကြယ္ဝတာေၾကာင့္ အိပ္ရာဝင္ခါနီးတိုင္း တစ္ဇြန္းစားေပးရင္ ေသြးတိုးေရာဂါ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

(၃) ေသြးေၾကာထဲအဆီမပိတ္ေအာင္ တားဆီးေပးတယ္

အစားအေသာက္ေၾကာင့္ ခႏၶာကိုယ္ထဲမွာ မလိုအပ္တဲ့ အဆီပိုေတြ အခ်ိန္တိုင္းမွာျဖစ္ေပၚေနၿပီး အဲ့ဒီအဆီပိုေတြက ေသြးေၾကာထဲကို ေရာက္လာပါတယ္။ ေသြးေၾကာထဲမွာ မလိုအပ္တဲ့ အဆီပိုေတြမ်ားလာတဲ့အခါ ႏွလုံးေရာဂါ၊ ဆီးခ်ိဳေရာဂါေတြျဖစ္ေစႏိုင္ၿပီး ေသြးေၾကာထဲအဆီေတြ စုပုံၿပီး ေသြးေၾကာပိတ္တာေတြျဖစ္ေစႏိုင္ပါတယ္။ ပ်ားရည္က ေသြးေၾကာထဲေရာက္ေနတဲ့ ခႏၶာကိုယ္က မလိုအပ္တဲ့အဆီပိုေတြကို ေက်ပ်က္ေစတာေၾကာင့္ ေန႔တိုင္းစားသုံးေပးသင့္ပါတယ္။

(၄) ကိုယ္ခံအားေကာင္းေစတယ္

ပ်ားရည္ကို ညတိုင္းအိပ္ရာမဝင္ခင္ စားသုံးေပးတာဟာ ႏွာေစး၊ ေခ်ာင္းဆိုး၊ အေအးမိတာလိုမ်ိဳး အပရိကေရာဂါေတြ လြယ္လြယ္နဲ႔ မျဖစ္ေအာင္၊ ကူးစက္ေရာဂါေတြ လြယ္လြယ္နဲ႔ မကူးစက္ေအာင္ တားဆီးေပးႏိုင္ပါတယ္။

(၅) အဆီေတြကို ေလာင္ကြၽမ္းေစတယ္

သင္က ဝတဲ့သူတစ္ေယာက္ဆိုရင္ေတာ့ ပ်ားရည္ကို ေသခ်ာေပါက္ စားေပးသင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ပ်ားရည္မွာခႏၶာကိုယ္ထဲက ဇီဝ႐ုပ္ျဖစ္ပ်က္ႏႈန္းကို တိုးျမႇင့္ေပးမယ့္ ဓာတ္ေတြ အမ်ားအျပားပါဝင္တာေၾကာင့္ ခႏၶာကိုယ္ထဲက အဆီေတြကို ေလာင္ကြၽမ္းေစပါတယ္။ ဒါေၾကာင့္ ကိုယ္အေလးခ်ိန္ ခ်ဖို႔ ႀကိဳးစားေနတဲ့သူေတြ ေလ့က်င့္ခန္းလုပ္ေနခ်ိန္မွာ ညဘက္ပ်ားရည္အနည္းငယ္ကို စားသုံးေပးမယ္ဆို အဆီျမန္ျမန္က်ပါလိမ့္မယ္။

(၆) အိုမင္းရင့္ေရာ္မႈကို တားဆီးေပးတယ္

ပ်ားရည္မွာ ဓာတ္တိုးဆန္႔က်င္ႏိုင္တဲ့ အစြမ္းေတြ အျပည့္အဝရွိတာေၾကာင့္ ပ်ားရည္ကို အသားအေရထိန္းသိမ္းဖို႔ ၊ မ်က္ႏွာေပါင္းတင္ဖို႔ သုံးၾကသလိုပဲ၊ ညတိုင္း အိပ္ရာမဝင္ခင္မွာ ပ်ားရည္တစ္ဇြန္းကို ေရေႏြးနဲ႔ေရာထားတဲ့အရည္ တစ္ခြက္ကိုေသာက္ေပး႐ုံနဲ႔ မ်က္ႏွာမွာ အေရးအေၾကာင္းေတြမျဖစ္ေအာင္ တားဆီးေပးႏိုင္ပါတယ္။

(၇) စိတ္က်ေရာဂါမျဖစ္ေအာင္ တားဆီးေပးတယ္

ပ်ားရည္ကို ေသာက္သုံးေပးတာက ဦးေႏွာက္မွာ စိတ္ဖိစီးမႈကို ျဖစ္ေစတဲ့ဓာတ္ေတြကို ေခ်ဖ်က္ေပးႏိုင္တာေၾကာင့္ နာတာရွည္စိတ္က်ေရာဂါမျဖစ္ေအာင္ တားဆီးေပးႏိုင္ပါတယ္။

Credit – auntymay

Unicode ဖြင့်ဖတ်ရန်

 ညအိပ်ရာဝင်ခါနီးတိုင်း ပျားရည်တစ်ဇွန်းစားပေးခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူး




ပျားရည်လို့ပြောလိုက်ရင် အသားအရေ လှစေတဲ့၊ အလှအပအတွက် အရမ်းအသုံးဝင်တဲ့အရာလို့ လူတွေက သိကြပါတယ်။ ဒါပေမယ့် ပျားရည်မှာ တခြားအကျိုးကျေးဇူးတွေ အများကြီးရှိပါသေးတယ်။ အိပ်ရာဝင်ခါနီးတိုင်းမှာ ပျားရည်ကို စားပေးမယ်ဆိုရင် ဒီလို အံ့မခန်းအကျိုးကျေးဇူးတွေ ရရှိနိုင်တယ်ဆိုတာကတော့ သိတဲ့သူတွေ ရှားပါတယ်။ ဒီတော့ ပျားရည်စားခြင်းဖြင့် ခန္ဓာကိုယ်အတွက် ရလာတဲ့အကျိုးကျေးဇူးလေးတွေကို အခုပဲဖတ်ကြည့်ပြီး မျှဝေလိုက်နော်။



(၁) ကောင်းကောင်းအိပ်ပျော်စေတယ်

ပျားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ tryptophan, amino acid တို့ ပါဝင်တာကြောင့် ညအိပ်ခါနီး ပျားရည်တစ်ဇွန်းကို ရေနွေးလေးနဲ့ရောပြီး သောက်ပေးမယ်ဆိုရင် ကောင်းကောင်းအိပ်ပျော်စေပါတယ်။

(၂) သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်ပေးတယ်

သွေးတိုးရောဂါဟာ နောက်ပိုင်းမှာ နှလုံးကို အပြင်းအထန်ထိခိုက်စေပြီး အသက်သေဆုံးတဲ့အထိဖြစ်စေနိုင်တာကြောင့် ပေါ့ဆလို့မရတဲ့ ရောဂါတစ်မျိုးပါ။ ပျားရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတာကြောင့် အိပ်ရာဝင်ခါနီးတိုင်း တစ်ဇွန်းစားပေးရင် သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၃) သွေးကြောထဲအဆီမပိတ်အောင် တားဆီးပေးတယ်

အစားအသောက်ကြောင့် ခန္ဓာကိုယ်ထဲမှာ မလိုအပ်တဲ့ အဆီပိုတွေ အချိန်တိုင်းမှာဖြစ်ပေါ်နေပြီး အဲ့ဒီအဆီပိုတွေက သွေးကြောထဲကို ရောက်လာပါတယ်။ သွေးကြောထဲမှာ မလိုအပ်တဲ့ အဆီပိုတွေများလာတဲ့အခါ နှလုံးရောဂါ၊ ဆီးချိုရောဂါတွေဖြစ်စေနိုင်ပြီး သွေးကြောထဲအဆီတွေ စုပုံပြီး သွေးကြောပိတ်တာတွေဖြစ်စေနိုင်ပါတယ်။ ပျားရည်က သွေးကြောထဲရောက်နေတဲ့ ခန္ဓာကိုယ်က မလိုအပ်တဲ့အဆီပိုတွေကို ကျေပျက်စေတာကြောင့် နေ့တိုင်းစားသုံးပေးသင့်ပါတယ်။

(၄) ကိုယ်ခံအားကောင်းစေတယ်

ပျားရည်ကို ညတိုင်းအိပ်ရာမဝင်ခင် စားသုံးပေးတာဟာ နှာစေး၊ ချောင်းဆိုး၊ အအေးမိတာလိုမျိုး အပရိကရောဂါတွေ လွယ်လွယ်နဲ့ မဖြစ်အောင်၊ ကူးစက်ရောဂါတွေ လွယ်လွယ်နဲ့ မကူးစက်အောင် တားဆီးပေးနိုင်ပါတယ်။

(၅) အဆီတွေကို လောင်ကျွမ်းစေတယ်

သင်က ဝတဲ့သူတစ်ယောက်ဆိုရင်တော့ ပျားရည်ကို သေချာပေါက် စားပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ပျားရည်မှာခန္ဓာကိုယ်ထဲက ဇီဝရုပ်ဖြစ်ပျက်နှုန်းကို တိုးမြှင့်ပေးမယ့် ဓာတ်တွေ အများအပြားပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက အဆီတွေကို လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ချဖို့ ကြိုးစားနေတဲ့သူတွေ လေ့ကျင့်ခန်းလုပ်နေချိန်မှာ ညဘက်ပျားရည်အနည်းငယ်ကို စားသုံးပေးမယ်ဆို အဆီမြန်မြန်ကျပါလိမ့်မယ်။

(၆) အိုမင်းရင့်ရော်မှုကို တားဆီးပေးတယ်

ပျားရည်မှာ ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ အစွမ်းတွေ အပြည့်အဝရှိတာကြောင့် ပျားရည်ကို အသားအရေထိန်းသိမ်းဖို့ ၊ မျက်နှာပေါင်းတင်ဖို့ သုံးကြသလိုပဲ၊ ညတိုင်း အိပ်ရာမဝင်ခင်မှာ ပျားရည်တစ်ဇွန်းကို ရေနွေးနဲ့ရောထားတဲ့အရည် တစ်ခွက်ကိုသောက်ပေးရုံနဲ့ မျက်နှာမှာ အရေးအကြောင်းတွေမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

(၇) စိတ်ကျရောဂါမဖြစ်အောင် တားဆီးပေးတယ်

ပျားရည်ကို သောက်သုံးပေးတာက ဦးနှောက်မှာ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ဓာတ်တွေကို ချေဖျက်ပေးနိုင်တာကြောင့် နာတာရှည်စိတ်ကျရောဂါမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

Credit – auntymay


Previous
Next Post »
Powered by Blogger.