တစ္ပတ္ကို ငါး(၃) ၾကိမ္စားျခင္းျဖင့္ အူမၾကီးကင္ဆာျဖစ္ႏႈန္းေလ်ာ့က်ေစေၾကာင္းသိရ




Zawgyiျဖင့္ဖတ္ရန္

ရက္သတၱပတ္တစ္ပတ္ကို ငါး(၃) ၾကိမ္စားေပးျခင္းဟာ အူမၾကီးကင္ဆာျဖစ္္ပြားႏႈန္းကို ေလ်ာ့က်ေစႏိုင္ေၾကာင္း dailymail သတင္းစာမ်က္ႏွာအရ သိရပါတယ္။ ငါးကို သံုးၾကိမ္သို႔မဟုတ္ သံုးၾကိမ္အထက္ စားသံုးသူေတြဟာ ငါးတစ္ၾကိမ္စားသံုးသူေတြထက္စာရင္ အူမၾကီးေရာဂါျဖစ္ပြားႏႈန္း (၁၂) ရာခိုင္ႏႈန္း ေလ်ာ့နည္းေနတာကို ေတြ႔ရွိရပါတယ္။ ဒီေနရာမွာ ငါးဆိုတာမ်ိဳးဟာ ငါးအမ်ိဳးအစားအားလံုးကို ဆိုလိုတာ ျဖစ္ပါတယ္။



ငါးေတြမွာ ခႏၶာကိုယ္တြင္း ေရာင္ယမ္းမႈကို ေလ်ာ့က်ေစတဲ့ ဖက္တီးအက္ဆစ္ေတြ ပါ၀င္ပါတယ္။ ခႏၶာကိုယ္တြင္း ေရာင္ယမ္းမႈေတြျဖစ္ပြားတဲ့အခါ DNA ေတြ ပ်က္စီးပါတယ္။ ခႏၶာကိုယ္တြင္း ေရာင္ယမ္းမႈျဖစ္စဥ္ကေန ဆိုင္တိုကိုင္းစ္အမည္ရတဲ့ ေမာ္လီက်ဴးေတြ ထုတ္လႊတ္ပါတယ္။ ၄င္းေမာ္လီက်ဴးေတြဟာ ေသြးေၾကာေတြကို အၾကိတ္ေတြေပၚေပါက္လာေအာင္ လံႈ႕ေဆာ္ေပးပါတယ္။ ဒါေၾကာင့္ ကင္ဆာျဖစ္ပြားႏိုင္ေျခမ်ားလာတာ ျဖစ္ပါတယ္။

ငါးစားသံုးျခင္းနဲ႔ ကင္ဆာၾကားက ဆက္စပ္ေနတဲ့သုေတသနကိုေတာ့ ေအာက္စဖို႔ဒ္တကၠသိုလ္နဲ႔ လီယြန္မွာရွိတဲ့ International Agency for Research on Cancer (IARC) က ပူးေပါင္းျပဳလုပ္ထားတာ ျဖစ္ပါတယ္။ သုေတသနကို ဦးေဆာင္သူ ေဒါက္တာမာ့ခ္ဂန္တာကေတာ့ ငါးစားသံုးျခင္းဟာ အူမၾကီးကင္ဆာျဖစ္ပြားႏႈန္းကို ေလ်ာ့က်ေစတဲ့အျပင္ ငါးကို က်န္းမာျပည့္၀တဲ့ အာဟာရရရွိဖို႔အတြက္ စားသံုးသင့္ေၾကာင္း IARC ရဲ႕ သုေတသန ပညာရွင္ေတြက ဆိုထားတာပါ။



အူမၾကီးကင္ဆာဟာ အဂၤလန္ႏိုင္ငံမွာေတာ့ အျဖစ္အမ်ားဆံုးကင္ဆာေတြထဲ နံပတ္(၄) ေနရာမွာရွိေနပါတယ္။ အေမရိကန္မွာေတာ့ အူမၾကီးကင္ဆာဟာ တတိယေနရာကေန လိုက္ေနပါတယ္။ ေလ့လာသူေတြကေတာ့ ကင္ဆာျဖစ္ပြားႏိုင္ေျခ(၄၀) ရာခုိင္ႏႈန္းေလာက္ကို ေဆးလိပ္ျဖတ္ျခင္း၊ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ျခင္းနဲ႔ က်န္းမာေရးနဲ႔ ဆီေလ်ာ္ေအာင္ စားသံုးျခင္းတို႔ကေန ကာကြယ္ႏို္င္တယ္လို႔ ဆိုပါတယ္။



အဆီမ်ားတဲ့ ငါးေတြမွာေတာ့ ဖက္တီးအက္ဆစ္ အိုမီဂါ(၃) ပါ၀င္ပါတယ္။ ၄င္းဟာ ကင္ဆာျဖစ္ပြားႏုိင္ေျခရွိတဲ့ ဆဲလ္ေတြ ၾကီးထြားမႈကို ဟန္႔တားေပးႏိုင္တဲ့ အစြမ္းသတၱိရွိပါတယ္။ ဂံုး၊ကမာလို အခြံမာေရသတၱ၀ါေတြမွာေတာ့ အူမၾကီးကင္ဆာျဖစ္ပြားမႈကို ေလ်ာ့ခ်ေပးႏိုင္တဲ့ သတၱိမ်ိဳးမေတြ႔ရဘူးလို႔ ဆိုပါတယ္။ ဒါေပမယ့္ ငါးၾကီးဆီလိုမ်ိဳး ငါးနဲ႔ ျပဳလုပ္ထားတဲ့ ျဖည့္စြက္စာေတြကေရာ အူမၾကီးကင္ဆာကို ေလ်ာ့ခ်ေပးႏိုင္လားဆိုတာကိုေတာ့ ထပ္မံေလ့လာမႈေတြ ျပဳလုပ္ဖို႔ လိုအပ္ေသးေၾကာင္း သိရပါတယ္။


Unicode ဖြင့်ဖတ်ရန်



ရက်သတ္တပတ်တစ်ပတ်ကို ငါး(၃) ကြိမ်စားပေးခြင်းဟာ အူမကြီးကင်ဆာဖြစ်ပွားနှုန်းကို လျော့ကျစေနိုင်ကြောင်း dailymail သတင်းစာမျက်နှာအရ သိရပါတယ်။ ငါးကို သုံးကြိမ်သို့မဟုတ် သုံးကြိမ်အထက် စားသုံးသူတွေဟာ ငါးတစ်ကြိမ်စားသုံးသူတွေထက်စာရင် အူမကြီးရောဂါဖြစ်ပွားနှုန်း (၁၂) ရာခိုင်နှုန်း လျော့နည်းနေတာကို တွေ့ရှိရပါတယ်။ ဒီနေရာမှာ ငါးဆိုတာမျိုးဟာ ငါးအမျိုးအစားအားလုံးကို ဆိုလိုတာ ဖြစ်ပါတယ်။



ငါးတွေမှာ ခန္ဓာကိုယ်တွင်း ရောင်ယမ်းမှုကို လျော့ကျစေတဲ့ ဖက်တီးအက်ဆစ်တွေ ပါဝင်ပါတယ်။ ခန္ဓာကိုယ်တွင်း ရောင်ယမ်းမှုတွေဖြစ်ပွားတဲ့အခါ DNA တွေ ပျက်စီးပါတယ်။ ခန္ဓာကိုယ်တွင်း ရောင်ယမ်းမှုဖြစ်စဉ်ကနေ ဆိုင်တိုကိုင်းစ်အမည်ရတဲ့ မော်လီကျူးတွေ ထုတ်လွှတ်ပါတယ်။ ၎င်းမော်လီကျူးတွေဟာ သွေးကြောတွေကို အကြိတ်တွေပေါ်ပေါက်လာအောင် လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် ကင်ဆာဖြစ်ပွားနိုင်ခြေများလာတာ ဖြစ်ပါတယ်။

ငါးစားသုံးခြင်းနဲ့ ကင်ဆာကြားက ဆက်စပ်နေတဲ့သုတေသနကိုတော့ အောက်စဖို့ဒ်တက္ကသိုလ်နဲ့ လီယွန်မှာရှိတဲ့ International Agency for Research on Cancer (IARC) က ပူးပေါင်းပြုလုပ်ထားတာ ဖြစ်ပါတယ်။ သုတေသနကို ဦးဆောင်သူ ဒေါက်တာမာ့ခ်ဂန်တာကတော့ ငါးစားသုံးခြင်းဟာ အူမကြီးကင်ဆာဖြစ်ပွားနှုန်းကို လျော့ကျစေတဲ့အပြင် ငါးကို ကျန်းမာပြည့်ဝတဲ့ အာဟာရရရှိဖို့အတွက် စားသုံးသင့်ကြောင်း IARC ရဲ့ သုတေသန ပညာရှင်တွေက ဆိုထားတာပါ။



အူမကြီးကင်ဆာဟာ အင်္ဂလန်နိုင်ငံမှာတော့ အဖြစ်အများဆုံးကင်ဆာတွေထဲ နံပတ်(၄) နေရာမှာရှိနေပါတယ်။ အမေရိကန်မှာတော့ အူမကြီးကင်ဆာဟာ တတိယနေရာကနေ လိုက်နေပါတယ်။ လေ့လာသူတွေကတော့ ကင်ဆာဖြစ်ပွားနိုင်ခြေ(၄၀) ရာခိုင်နှုန်းလောက်ကို ဆေးလိပ်ဖြတ်ခြင်း၊ ကိုယ်အလေးချိန်လျှော့ချခြင်းနဲ့ ကျန်းမာရေးနဲ့ ဆီလျော်အောင် စားသုံးခြင်းတို့ကနေ ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။



အဆီများတဲ့ ငါးတွေမှာတော့ ဖက်တီးအက်ဆစ် အိုမီဂါ(၃) ပါဝင်ပါတယ်။ ၎င်းဟာ ကင်ဆာဖြစ်ပွားနိုင်ခြေရှိတဲ့ ဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဂုံး၊ကမာလို အခွံမာရေသတ္တဝါတွေမှာတော့ အူမကြီးကင်ဆာဖြစ်ပွားမှုကို လျော့ချပေးနိုင်တဲ့ သတ္တိမျိုးမတွေ့ရဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ငါးကြီးဆီလိုမျိုး ငါးနဲ့ ပြုလုပ်ထားတဲ့ ဖြည့်စွက်စာတွေကရော အူမကြီးကင်ဆာကို လျော့ချပေးနိုင်လားဆိုတာကိုတော့ ထပ်မံလေ့လာမှုတွေ ပြုလုပ်ဖို့ လိုအပ်သေးကြောင်း သိရပါတယ်။



Credit- ShweMom


Previous
Next Post »
Powered by Blogger.