ပ်ဥ္းမနားျမိဳ ့မွာ အမႈိက္ေကာက္တဲ့ သူတိုင္း ကို အမႈိက္ တစ္ထုပ္ = အက်ႌတစ္ထည္ နဲ႔ လဲေပးေနတဲ့ အစီအစဥ္







Zawgyiျဖင့္ဖတ္ရန္

လက္ရွိမွာ ကမာၻႀကီးရဲ႕ စိမ္းလန္းစိုေျပမႈနဲ႔ ေရလႊာေတြကို စိန္ေခၚေနတဲ့ ကိစၥတစ္ရပ္ကေတာ့ လူတို႔ သုံးစြဲၿပီး လြင့္ပစ္တဲ့ ပလက္စတစ္အိတ္ေတြပဲ ျဖစ္ပါတယ္။ ပလက္စတစ္ေတြဟာ ေျမလႊာထဲမွာလည္း ႏွစ္ေပါင္းမ်ားစြာ မပ်က္စီးသလို ၊ ေရမ်က္ႏွာျပင္ေအာက္မွာလည္း ေဆြးေျမ့ပ်က္စီးျခင္းမရွိတာေၾကာင့္ ေရေနသတၱဝါေတြနဲ႔ ကမာၻ႔ေရလႊာကို ၿခိမ္းေျခာက္ေနတဲ့ အေၾကာင္းအရာတစ္ခုပဲျဖစ္ပါတယ္။ ဒီျပႆနာကိုေတာ့ ျမန္မာႏိုင္ငံတစ္ခုတည္း ခံစားေနရတာမဟုတ္ပဲနဲ႔ ကမာၻ႔ႏိုင္ငံအသီးသီးမွာ ခံစားေနၾကရတာပါ။



ဒါေပမယ့္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာေတာ့ ပလက္စတစ္ သုံးစြဲမႈ ေလ်ာ့ခ်ေရးကို အစိုးရကိုယ္တိုင္ ဦးစီးၿပီး လုပ္ကိုင္ေဆာင္႐ြက္မႈေတြရွိေနေပမယ့္ ျမန္မာႏိုင္ငံမွာေတာ့ လုပ္ေဆာင္သူ မရွိသေလာက္ပါပဲ။ တစ္ေန႔ကို တန္ခ်ိန္မ်ားစြာ သံးုစြဲေနတဲ့ပလက္စ
တစ္အိတ္ေတြ ၊ ဘာေလးဝယ္ဝယ္ ပလက္စတစ္နဲ႔သာ ထုပ္ပိုးၿပီး အလကားလည္း ရေနတာေၾကာင့္ ပလက္စတစ္ဟာ လမ္းတိုင္းမွာ လူမိုက္ေတြအလား ေတြ႕ျမင္ေနၾကရမွာပါ။



အခုေတာ့ ပ်ဥ္းမနားၿမိဳ႕က မွ်ေဝေသာ လက္မ်ား ပရဟိတ အဖြဲ႕က အမႈိက္နဲ႔ အက်ီးလဲလွယ္ေရး အစီစဥ္တစ္ခုကို ေၾကျငာလိုက္ပါတယ္။ ဒီအစီအစဥ္အရ အမႈိက္တစ္ပိႆာေပးႏိုင္သူကို ႀကိဳက္ႏွစ္သက္ရာ အက်ီတစ္ထည္ နဲ႔ လဲလွယ္တဲ့ အစီအစဥ္ပဲ ျဖစ္ပါတယ္။ ဒီအစီအစဥ္ကို ၁၂ လပိုင္း ၁ ရက္ေန႔က ေန စတင္ေနၿပီျဖစ္ၿပီးေတာ့ ပ်ဥ္းမနားၿမိဳ႕ ၊ ေတာင္သာဓမၼာ႐ုံကေန စတင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ ပါဝင္ကူညီေဆာင္႐ြက္လိုသူေတြ အေနနဲ႔ ေဒါက္တာ ေပၚျမင့္ဦး ၀၉-၇၉၇၉၃၆၀၇၇ ၊ ဦးေက်ာ္သူရ ၀၉-၅၁-၄၇၈၃ကို ဆက္သြယ္ႏိုင္ပါတယ္။



အင္မတန္ေကာင္းပါတယ္ေနာ္။ ဒါဟာ ေပၚပင္ မဟုတ္ပါဘူး။ မွ်ေဝေသာလက္မ်ား ပရဟိတ အသင္းဟာ အၿမဲတမ္း အမႈိက္ကို တန္ခ်ီရာ ေထာင္ခ်ီၿပီး မီးရႈိ႕တာေတြ ရွင္းလင္းေပးတာေတြကိုလည္း အၿမဲလုပ္ေဆာင္ခဲ့တဲ့ အသင္းျဖစ္သလို ၊ က်န္းမာေရး ဆိုင္ရာ ပရဟိတကိုလည္း အၿမဲလုပ္ေဆာင္ေနတဲ့ အသင္းျဖစ္ပါတယ္။ဒါတင္ မကပါဘူး။ Human Resource ဆိုင္ရာ သင္တန္းမ်ား ၊ သက္ေမြးဝမ္းေက်ာင္းဆိုင္ရာ သင္တန္းမ်ားကိုလည္း အၿမဲတမ္း အခမဲ့ေပးေနခဲ့တာၾကာပါၿပီ။



အခုလို အမႈိက္နဲ႔ အက်ီလဲလွယ္မည့္ အစီအစဥ္ကေတာ့ အင္မတန္မွကို ေကာင္းမြန္ၿပီးေတာ့ ၿမိဳ႕႐ြာအလိုက္မွာလည္း ၿမိဳ႕နယ္တစ္ခြင္ အမႈိက္ကင္းစင္ရေလေအာင္ ပရဟိတအသင္းမ်ားက ေဆာင္႐ြက္ႏိုင္ၾကေစဖို႔အတြက္ စာမ်က္ႏွာမွ ဂုဏ္ယူစြာတင္ဆက္လိုက္ရပါတယ္။

Unicode ဖြင့်ဖတ်ရန်


လက်ရှိမှာ ကမ္ဘာကြီးရဲ့ စိမ်းလန်းစိုပြေမှုနဲ့ ရေလွှာတွေကို စိန်ခေါ်နေတဲ့ ကိစ္စတစ်ရပ်ကတော့ လူတို့ သုံးစွဲပြီး လွင့်ပစ်တဲ့ ပလက်စတစ်အိတ်တွေပဲ ဖြစ်ပါတယ်။ ပလက်စတစ်တွေဟာ မြေလွှာထဲမှာလည်း နှစ်ပေါင်းများစွာ မပျက်စီးသလို ၊ ရေမျက်နှာပြင်အောက်မှာလည်း ဆွေးမြေ့ပျက်စီးခြင်းမရှိတာကြောင့် ရေနေသတ္တဝါတွေနဲ့ ကမ္ဘာ့ရေလွှာကို ခြိမ်းခြောက်နေတဲ့ အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်။ ဒီပြဿနာကိုတော့ မြန်မာနိုင်ငံတစ်ခုတည်း ခံစားနေရတာမဟုတ်ပဲနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ခံစားနေကြရတာပါ။



ဒါပေမယ့် နိုင်ငံတော်တော်များများမှာတော့ ပလက်စတစ် သုံးစွဲမှု လျော့ချရေးကို အစိုးရကိုယ်တိုင် ဦးစီးပြီး လုပ်ကိုင်ဆောင်ရွက်မှုတွေရှိနေပေမယ့် မြန်မာနိုင်ငံမှာတော့ လုပ်ဆောင်သူ မရှိသလောက်ပါပဲ။ တစ်နေ့ကို တန်ချိန်များစွာ သံးုစွဲနေတဲ့ပလက်စ
တစ်အိတ်တွေ ၊ ဘာလေးဝယ်ဝယ် ပလက်စတစ်နဲ့သာ ထုပ်ပိုးပြီး အလကားလည်း ရနေတာကြောင့် ပလက်စတစ်ဟာ လမ်းတိုင်းမှာ လူမိုက်တွေအလား တွေ့မြင်နေကြရမှာပါ။



အခုတော့ ပျဉ်းမနားမြို့က မျှဝေသော လက်များ ပရဟိတ အဖွဲ့က အမှိုက်နဲ့ အကျီးလဲလှယ်ရေး အစီစဉ်တစ်ခုကို ကြေငြာလိုက်ပါတယ်။ ဒီအစီအစဉ်အရ အမှိုက်တစ်ပိဿာပေးနိုင်သူကို ကြိုက်နှစ်သက်ရာ အကျီတစ်ထည် နဲ့ လဲလှယ်တဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ၁၂ လပိုင်း ၁ ရက်နေ့က နေ စတင်နေပြီဖြစ်ပြီးတော့ ပျဉ်းမနားမြို့ ၊ တောင်သာဓမ္မာရုံကနေ စတင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ပါဝင်ကူညီဆောင်ရွက်လိုသူတွေ အနေနဲ့ ဒေါက်တာ ပေါ်မြင့်ဦး ၀၉-၇၉၇၉၃၆၀၇၇ ၊ ဦးကျော်သူရ ၀၉-၅၁-၄၇၈၃ကို ဆက်သွယ်နိုင်ပါတယ်။



အင်မတန်ကောင်းပါတယ်နော်။ ဒါဟာ ပေါ်ပင် မဟုတ်ပါဘူး။ မျှဝေသောလက်များ ပရဟိတ အသင်းဟာ အမြဲတမ်း အမှိုက်ကို တန်ချီရာ ထောင်ချီပြီး မီးရှို့တာတွေ ရှင်းလင်းပေးတာတွေကိုလည်း အမြဲလုပ်ဆောင်ခဲ့တဲ့ အသင်းဖြစ်သလို ၊ ကျန်းမာရေး ဆိုင်ရာ ပရဟိတကိုလည်း အမြဲလုပ်ဆောင်နေတဲ့ အသင်းဖြစ်ပါတယ်။ဒါတင် မကပါဘူး။ Human Resource ဆိုင်ရာ သင်တန်းများ ၊ သက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများကိုလည်း အမြဲတမ်း အခမဲ့ပေးနေခဲ့တာကြာပါပြီ။



အခုလို အမှိုက်နဲ့ အကျီလဲလှယ်မည့် အစီအစဉ်ကတော့ အင်မတန်မှကို ကောင်းမွန်ပြီးတော့ မြို့ရွာအလိုက်မှာလည်း မြို့နယ်တစ်ခွင် အမှိုက်ကင်းစင်ရလေအောင် ပရဟိတအသင်းများက ဆောင်ရွက်နိုင်ကြစေဖို့အတွက် စာမျက်နှာမှ ဂုဏ်ယူစွာတင်ဆက်လိုက်ရပါတယ်။

Credit: Burmese Asia

Previous
Next Post »
Powered by Blogger.