မိန္းမခ်င္းခ်စ္ႀကိဳက္ေနသူျဖစ္ေၾကာင္း ႏိုင္ငံတကာအလွမယ္ၾကားမွာရဲဝံ့စြာေျပာျပခဲ့တဲ့ ျမန္မာအလွမယ္ေဆြဇင္ထက္





Zawgyi ျဖင့္ဖတ္ရန္


လက္ရွိအခ်ိန္ကေတာ့ အလွမယ္ၿပိဳင္ပြဲေတာ္ေတာ္မ်ားမ်ားက်င္းပေနခ်ိန္ျဖစ္ပါတယ္။ျမန္မာႏိုင္ငံကိုယ္စားျပဳအလွမယ္ေတြလည္း ႏိုင္ငံရပ္ျခားမွာယွဥ္ၿပိဳင္ေနၾကပါတယ္။ႏိုင္ငံေပါင္းမ်ားစြာယွဥ္ၿပိဳင္တဲ့ Miss Universe အလွမယ္ၿပိဳင္ပြဲမွာေတာ့ေဆြဇင္ထက္ကဝင္ေရာက္ယွဥ္ၿပိဳင္ေနတာပဲျဖစ္ပါတယ္။



ေဆြဇင္ထက္ဟာ ဆြဲေဆာင္မႈရွိတဲ့အသြင္အျပင္ အရပ္၅ေပ၉လက္မရွိၿပီး အသက္(၂၁)ႏွစ္ျဖစ္ပါတယ္။အရင္ကလည္း Miss supranational သြားေရာက္ယွဥ္ၿပိဳင္ခဲ့ဖူးၿပီး ဆန္ကာတင္(၁၀)ေယာက္မွာပါဝင္ခဲ့ပါတယ္။အခုဆိုရင္လည္း ျမန္မာႏိုင္ငံကိုယ္စားျပဳ Miss Universe Myanmar2019 တစ္ေယာက္ျဖစ္ေနပါၿပီ။




အေမရိကန္ႏိုင္ငံမွာ Miss Universe ယွဥ္ၿပိဳင္ေနတဲ့ ေဆြဇင္ထက္ကေတာ့ အင္တာဗ်ဴးမွာ သူမဟာလိင္တူခ်စ္သူတစ္ေယာက္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာခဲ့ပါတယ္။အခုဆိုရင္ ကမာၻ႔ႏိုင္ငံေတာ္ေတာ္မ်ားမ်ားကေတာ့ လိင္တူခ်စ္သူေတြသာမက LGBT ေတြကို ဝိုင္းဝန္းအားေပးေနၾကတာပါ။အလွမယ္ေဆြဇင္ထက္ကလက္ရွိမွာလည္း မိန္းမခ်င္းခ်စ္ႀကိဳက္ေနတဲ့သူတစ္ေယာက္ပါလို႔ ရဲဝံ့စြာထုတ္ေဖာ္ေျပာဆိုခဲ့တာေၾကာင့္ ျမန္မာႏိုင္ငံအျပင္ ျပည္ပႏိုင္ငံေတြမွလူေတာ္ေတာ္မ်ားမ်ားရဲ႕အာ႐ုံစိုက္မႈနဲ႔ခ်စ္ခင္အားေပးမႈရရွိေနပါတယ္။ပရိသတ္ႀကီးအျမင္ကိုလည္း ေျပာသြားပါဦး။

share form: burmese.asia




Unicode ဖြင့်ဖတ်ရန်

မိန်းမချင်းချစ်ကြိုက်နေသူဖြစ်ကြောင်း နိုင်ငံတကာအလှမယ်ကြားမှာရဲဝံ့စွာပြောပြခဲ့တဲ့ မြန်မာအလှမယ်ဆွေဇင်ထက်

လက်ရှိအချိန်ကတော့ အလှမယ်ပြိုင်ပွဲတော်တော်များများကျင်းပနေချိန်ဖြစ်ပါတယ်။မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်တွေလည်း နိုင်ငံရပ်ခြားမှာယှဉ်ပြိုင်နေကြပါတယ်။နိုင်ငံပေါင်းများစွာယှဉ်ပြိုင်တဲ့ Miss Universe အလှမယ်ပြိုင်ပွဲမှာတော့ဆွေဇင်ထက်ကဝင်ရောက်ယှဉ်ပြိုင်နေတာပဲဖြစ်ပါတယ်။



ဆွေဇင်ထက်ဟာ ဆွဲဆောင်မှုရှိတဲ့အသွင်အပြင် အရပ်၅ပေ၉လက်မရှိပြီး အသက်(၂၁)နှစ်ဖြစ်ပါတယ်။အရင်ကလည်း Miss supranational သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ဆန်ကာတင်(၁၀)ယောက်မှာပါဝင်ခဲ့ပါတယ်။အခုဆိုရင်လည်း မြန်မာနိုင်ငံကိုယ်စားပြု Miss Universe Myanmar2019 တစ်ယောက်ဖြစ်နေပါပြီ။



အမေရိကန်နိုင်ငံမှာ Miss Universe ယှဉ်ပြိုင်နေတဲ့ ဆွေဇင်ထက်ကတော့ အင်တာဗျူးမှာ သူမဟာလိင်တူချစ်သူတစ်ယောက်ဖြစ်ကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။အခုဆိုရင် ကမ္ဘာ့နိုင်ငံတော်တော်များများကတော့ လိင်တူချစ်သူတွေသာမက LGBT တွေကို ဝိုင်းဝန်းအားပေးနေကြတာပါ။အလှမယ်ဆွေဇင်ထက်ကလက်ရှိမှာလည်း မိန်းမချင်းချစ်ကြိုက်နေတဲ့သူတစ်ယောက်ပါလို့ ရဲဝံ့စွာထုတ်ဖော်ပြောဆိုခဲ့တာကြောင့် မြန်မာနိုင်ငံအပြင် ပြည်ပနိုင်ငံတွေမှလူတော်တော်များများရဲ့အာရုံစိုက်မှုနဲ့ချစ်ခင်အားပေးမှုရရှိနေပါတယ်။ပရိသတ်ကြီးအမြင်ကိုလည်း ပြောသွားပါဦး။

share form: burmese.asia

Previous
Next Post »
Powered by Blogger.