လီမင္ဟိုနဲ ့တူေနလို ့စိတ္အေနွာက္ယွက္ၿဖစ္တယ္ဆိုတဲ ့စိုင္းဝဏၰေအာင္





Zawgyiျဖင့္ဖတ္ရန္

စိုင္းဝဏၰေအာင္ဟာ ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ လီမင္ဟို နဲ႔ တူတယ္ဆိုလို႔ ပရိသတ္ေတြ ပိုသိခဲ့တဲ့အတြက္ ေက်းဇူးတင္တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ လႈပ္ရွားမႈတိုင္းမွာ ႏွိုင္းယွဥ္ခံရရင္ေတာ့ သေဘာမက်ေတာ့ဘူးလို႔ ေျပာပါတယ္။

စိုင္းဝဏၰေအာင္ကိုေတာ့ သူ႔ကိုခ်စ္တဲ့ ပရိသတ္ေတြက ေတာင္ကိုရီးယားနိုင္ငံရဲ့ နာမည္ေက်ာ္သ႐ုပ္ေဆာင္ လီမင္ဟို(ခ) ဂူဂၽြန္ၿဖိဳးနဲ႔ တူတယ္လို႔ တင္စားေခၚေဝၚခဲ့ၾကပါတယ္။ ဒီလို ႏွိုင္းယွဥ္ခံရတဲ့အေပၚ သူ႔ရဲ့ ခံစားခ်က္ကို Duwun Media ကေန ေျပာျပခဲ့ပါတယ္။



“ဒါကေတာ့ ဘယ္သူက ဘယ္လို စလိုက္တယ္မသိဘူး။ ဘယ္သူပဲျဖစ္ျဖစ္ ႏွိုင္းခံရတာကို သေဘာမက်ဘူးဆိုေပမယ့္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ သူတို႔ အဲဒီလို ေျပာခဲ့လို႔လည္း ကၽြန္ေတာ့္ကို လူေတြ ပိုသိလာတာေပါ့ေနာ္။ ဒါေပမယ့္ အဲဒီလိုႀကီးျဖစ္ေအာင္လည္း မေနဘူး။ ကိုယ့္ပုံစံနဲ႔ကိုယ္ျဖစ္ေအာင္ေနပါတယ္” လို႔ ဆိုပါတယ္။

လီမင္ဟို နဲ႔ တူတယ္လို႔ အေျပာခံခဲ့ရခ်ိန္ကစလို႔ ပရိသတ္ေတြ သတိထားမိေစခဲ့တာကေတာ့ ေကာင္းတဲ့ အခ်က္ပဲလို႔ စိုင္းဝဏၰေအာင္က ေျပာပါတယ္။ ဆိုးတဲ့ အခ်က္လည္း ရွိတယ္လို႔ ဆက္လက္ေျပာျပခဲ့ပါတယ္။



“ သူနဲ႔တူတယ္လို႔ အေျပာခံရတဲ့အခါမွာ ကိုယ့္လူေတြက တစ္ခုခုဆိုရင္ သူနဲ႔လိုက္ယွဥ္ၿပီးေတာ့ ၾကည့္ေနမွာေလ။ ေဝဖန္ၾကတာေတြလည္းရွိတယ္။ အဲဒါေတြကေတာ့ မေကာင္းတဲ့ အခ်က္ပါပဲ။ ဘာပဲလုပ္ေန လုပ္ေန သူနဲ႔ပဲ ႏွိုင္းခံေနရတာေပါ့။ အယွဥ္ခံရတဲ့ ခံစားခ်က္က ကၽြန္ေတာ့္အေနနဲ႔ေတာ့ အဆင္မေျပဘူး” ဆိုၿပီးေတာ့ နိုဝင္ဘာလ ၃၀ ရက္ေန႔က “သန္းေခါင္ယံ” ႐ုပ္ရွင္ဇာတ္ကားႀကီး အထူးျပပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

လက္ရွိမွာလည္း စိုင္းဝဏၰေအာင္က သ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ရိုက္ကူးေနတာ ျဖစ္ပါတယ္။ လီမင္ဟိုရဲ့ အႏုပညာအလုပ္ေတြကိုလည္း ေလးစားတယ္လို႔ ဆိုပါတယ္။



“ လီမင္ဟိုရဲ့ အႏုပညာအလုပ္ေတြကိုေတာ့ ေလးစားတယ္။ ဒါေပမယ့္ သ႐ုပ္ေဆာင္တဲ့အခါမွာေတာ့ သူ႔ရဲ့ လႊမ္းမိုးမႈမရွိေအာင္၊ ကိုယ့္ပုံစံနဲ႔ကိုယ္ျဖစ္ေအာင္ ႀကိဳးစားတယ္။ ကၽြန္ေတာ့္ပုံစံအတိုင္း သ႐ုပ္ေဆာင္ရတဲ့ ကာရိုက္တာကိုလည္း ပီျပင္ေအာင္ သ႐ုပ္ေဆာင္သြားမွာပါ။ အခုေတာ့ သိပ္မတူေတာ့ပါဘူး။ က်ေနာ္က ပိုေခ်ာတယ္ က်ေနာ္ကကိုယ္ပိုင္ရုပ္ရည္ ရွိတယ္ ခြဲစိတ္မထားဘူး ကၽြန္ေတာ္က လူေကာင္ထြားေနၿပီ” ဆိုၿပီးေတာ့ သေဘာက်ရယ္ေမာရင္း ေျပာျပလာပါတယ္။

စိုင္းဝဏၰေအာင္ကေတာ့ အႏုပညာေလာကထဲကို ေမာ္ဒယ္တစ္ေယာက္အျဖစ္ကေန ဝင္ေရာက္လာခဲ့တာၿဖ စ္ပါတယ္။ အဲဒီေနာက္ Music Video ေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ပရိသတ္ေတြက ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ လီမင္ဟိုနဲ႔ တူတယ္လို႔ ေျပာလာၾကတဲ့အခ်ိန္မွာေတာ့ ပရိသတ္ေတြ ပိုသိခဲ့ၾကတာပါ။ အခုဆိုရင္ေတာ့ စီနီယာအႏုပညာရွင္ေတြနဲ႔ အတူ ႐ုပ္ရွင္ကားႀကီးေတြ ရိုက္ကူးေနတာ ျဖစ္ပါတယ္။

Unicode ဖြင့်ဖတ်ရန်


စိုင်းဝဏ္ဏအောင်ဟာ တောင်ကိုရီးယားသရုပ်ဆောင် လီမင်ဟို နဲ့ တူတယ်ဆိုလို့ ပရိသတ်တွေ ပိုသိခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လှုပ်ရှားမှုတိုင်းမှာ နှိုင်းယှဉ်ခံရရင်တော့ သဘောမကျတော့ဘူးလို့ ပြောပါတယ်။

စိုင်းဝဏ္ဏအောင်ကိုတော့ သူ့ကိုချစ်တဲ့ ပရိသတ်တွေက တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်သရုပ်ဆောင် လီမင်ဟို(ခ) ဂူဂျွန်ဖြိုးနဲ့ တူတယ်လို့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ ဒီလို နှိုင်းယှဉ်ခံရတဲ့အပေါ် သူ့ရဲ့ ခံစားချက်ကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။



“ဒါကတော့ ဘယ်သူက ဘယ်လို စလိုက်တယ်မသိဘူး။ ဘယ်သူပဲဖြစ်ဖြစ် နှိုင်းခံရတာကို သဘောမကျဘူးဆိုပေမယ့် ကျေးဇူးအများကြီးတင်ပါတယ်။ သူတို့ အဲဒီလို ပြောခဲ့လို့လည်း ကျွန်တော့်ကို လူတွေ ပိုသိလာတာပေါ့နော်။ ဒါပေမယ့် အဲဒီလိုကြီးဖြစ်အောင်လည်း မနေဘူး။ ကိုယ့်ပုံစံနဲ့ကိုယ်ဖြစ်အောင်နေပါတယ်” လို့ ဆိုပါတယ်။

လီမင်ဟို နဲ့ တူတယ်လို့ အပြောခံခဲ့ရချိန်ကစလို့ ပရိသတ်တွေ သတိထားမိစေခဲ့တာကတော့ ကောင်းတဲ့ အချက်ပဲလို့ စိုင်းဝဏ္ဏအောင်က ပြောပါတယ်။ ဆိုးတဲ့ အချက်လည်း ရှိတယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။



“ သူနဲ့တူတယ်လို့ အပြောခံရတဲ့အခါမှာ ကိုယ့်လူတွေက တစ်ခုခုဆိုရင် သူနဲ့လိုက်ယှဉ်ပြီးတော့ ကြည့်နေမှာလေ။ ဝေဖန်ကြတာတွေလည်းရှိတယ်။ အဲဒါတွေကတော့ မကောင်းတဲ့ အချက်ပါပဲ။ ဘာပဲလုပ်နေ လုပ်နေ သူနဲ့ပဲ နှိုင်းခံနေရတာပေါ့။ အယှဉ်ခံရတဲ့ ခံစားချက်က ကျွန်တော့်အနေနဲ့တော့ အဆင်မပြေဘူး” ဆိုပြီးတော့ နိုဝင်ဘာလ ၃၀ ရက်နေ့က “သန်းခေါင်ယံ” ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

လက်ရှိမှာလည်း စိုင်းဝဏ္ဏအောင်က သရုပ်ဆောင် တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ လီမင်ဟိုရဲ့ အနုပညာအလုပ်တွေကိုလည်း လေးစားတယ်လို့ ဆိုပါတယ်။



“ လီမင်ဟိုရဲ့ အနုပညာအလုပ်တွေကိုတော့ လေးစားတယ်။ ဒါပေမယ့် သရုပ်ဆောင်တဲ့အခါမှာတော့ သူ့ရဲ့ လွှမ်းမိုးမှုမရှိအောင်၊ ကိုယ့်ပုံစံနဲ့ကိုယ်ဖြစ်အောင် ကြိုးစားတယ်။ ကျွန်တော့်ပုံစံအတိုင်း သရုပ်ဆောင်ရတဲ့ ကာရိုက်တာကိုလည်း ပီပြင်အောင် သရုပ်ဆောင်သွားမှာပါ။ အခုတော့ သိပ်မတူတော့ပါဘူး။ ကျနော်က ပိုချောတယ် ကျနော်ကကိုယ်ပိုင်ရုပ်ရည် ရှိတယ် ခွဲစိတ်မထားဘူး ကျွန်တော်က လူကောင်ထွားနေပြီ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

စိုင်းဝဏ္ဏအောင်ကတော့ အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အဖြစ်ကနေ ဝင်ရောက်လာခဲ့တာဖြ စ်ပါတယ်။ အဲဒီနောက် Music Video တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ပရိသတ်တွေက တောင်ကိုရီးယားသရုပ်ဆောင် လီမင်ဟိုနဲ့ တူတယ်လို့ ပြောလာကြတဲ့အချိန်မှာတော့ ပရိသတ်တွေ ပိုသိခဲ့ကြတာပါ။ အခုဆိုရင်တော့ စီနီယာအနုပညာရှင်တွေနဲ့ အတူ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ်။

Credit: Burmese Asia 


Previous
Next Post »
Powered by Blogger.