မနက္ေစာေစာမထခ်င္သူေတြဟာ ဥာဏ္ရည္ျမင့္မားေျကာင္းေတြ႔ရွိ





Zawgyiျဖင့္ဖတ္ရန္

တစ္ခါတစ္ေလ အိပ္ယာထဲက လံုးဝမထႏုိင္ေတာ့လို႔ အလုပ္ကိုေနမေကာင္းဘူးလို႔ေျပာၿပီး တစ္ေနကုန္ဖုန္းေလးသံုးၿပီး အိပ္ေနတတ္သူေတြ ရွိတယ္မဟုတ္လား။ မ်က္လံုးလည္းဖြင့္မရ၊ ေျခေတြလက္ေတြလည္း လႈပ္လို႕မရနဲ႔ အိပ္ယာရဲ႕ႏြံထဲမွာ နစ္ေျမာၾကသူေလးေတြအတြက္ သတင္းေကာင္းတစ္ခု ပါးခ်င္ပါတယ္။ ၿဗိတိန္ သုေတသီ Satoshi Kanazawa နဲ႔ Kaja Perina တို႔ရဲ႕ ေလ့လာခ်က္ကို Bright Side မွ ျပန္လည္ကိုးကား ေဝမွ်ေပးသြားပါမယ္ေနာ္။

မနက္ကိုေစာေစာမထႏုိင္ဘဲ ေစာေစာထဖို႔ဝန္ေလးေနသူေလးတေြဟာ မ်ားေသာအားျဖင့္ ေနာက္က်မွ အိပ္တတ္ၾကတဲ့ ညဇီးကြက္ေလးေတြပါ။ သူတို႔ေလးေတြဟာ ညဖက္မွာ ေတာ္ရံုမအိပ္တတ္ဘဲ ဝါသနာပါရာတစ္ခုခု သို႔မဟုတ္ အပန္းေျဖစရာတစ္ခုခုနဲ႔ ၾကံဳဆံုေနရတဲ့အတြက္ သန္းေခါင္ပတ္ဝန္းက်င္ေလာက္မွ အိပ္ေလ့ရွိၾကၿပီး မနက္ထတဲ့အခါ ၈ နာရီ၊ ၉ နာရီဆိုတာေတာင္ မနည္းအားယူၿပီး အိပ္ယာထဲကေန ထြက္ေနရတတ္ပါတယ္။

တကယ္ေတာ့ ဒီလိုလူမ်ိဳးေတြဟာ ယေန႕ေခတ္ေနထုိင္မႈပံုစံနဲ႔ အကိုက္ညီဆံုးေသာ လူသားေတြ ျဖစ္တဲ့အျပင္ကိုမွ အိပ္ခ်ိန္မွန္ရင္ အိပ္ရမယ္ဆိုတဲ့ အခ်ိန္ရဲ႕ ေစခိုင္းမႈေအာက္ကေန လံုးဝႀကီး ကြဲထြက္ေနတဲ့အတြက္ မိမိကုိယ္ကိုယ္ အားကိုးၿပီး လြတ္လပ္မႈကို ျမတ္ႏိုးသူေတြလို႔လည္း ေလ့လာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒီအျပင္ကိုမွ အေပၚမွာ ေျပာထားတဲ့အတိုင္း ကိုယ္စိတ္ဝင္စားရာတစ္ခုခုနဲ႔ မအိပ္ဘဲအခ်ိန္ျဖဳန္းေနတဲ့အတြက္ ဒီလိုလူမ်ိဳဳးေတြဟာ ဘဝအတြက္ေကာင္းက်ိဳးေပးတဲ့အရာေတြအေပၚ တပ္တပ္မက္မက္နဲ႔ အာရံုစုစည္းကာေဆာင္ရြက္ေလ့ရွိၿပီး အခက္အခဲေတြကိုလည္း လြယ္လင့္တကူေျဖရွင္းႏုိင္စြမ္းေတြရွိတဲ့အတြက္ ဥာဏ္ရည္ျမင့္မားတဲ့ လကၡဏာရပ္ေတြကို ပိုင္ဆုိင္ထားသူေလးေတြပါတဲ့။

ေနာက္ထပ္ေလ့လာခ်က္တစ္ခုကေတာ့ ဒီလိုဥာဥ့္ဇီးကြက္ေလးေတြဟာ ပံုမွန္အေစာႀကီးအိပ္ၿပီး အေစာႀကီးထတဲ့ လူေတြထက္ ဘဝမွာေပ်ာ္ရႊင္မႈအႏွစ္သာရေတြကို ပိုခံစားရေလ့ရွိေသးတယ္လို႔လည္း Southampton တကၠသိုလ္ရဲ႕ သုေတသနစာေစာင္မွာ ေဖာ္ျပထားပါေသးတယ္။ ေပ်ာ္ရႊင္မႈဆိုတဲ့ေနရာမွာ အေျခခံလစာအပါအဝင္ ဘဝမွာ သက္ေတာင့္သက္သာ ေနထုိင္ေနျခင္းနဲ႔ ေပါင္းသင္းဆက္ဆံမႈ ပိုေကာင္းျခင္းတို႔လည္း ပါဝင္လ်က္ရွိပါတယ္။

ဒါေပမဲ့တစ္ခုရွိတာက အိပ္တုိင္းမေကာင္းတာပါပဲ။ ၂၄ နာရီရဲ တစ္ဝက္တိတိျဖစ္တဲ့ ၁၂ နာရီပတ္ဝန္းက်င္ေလာက္အထိ အိပ္ယာထဲမွာ အခ်ိန္ျဖဳန္းတတ္သူေတြဟာ အရြယ္မတုိင္ခင္ ေသဆံုးႏိုင္ေခ်လည္း ပိုမ်ားေနတာကိုေတာ့ သတိျပဳရမွာပါ။ အေကာင္းဆံုးကေတာ့ တစ္ေန႕ကို ၈ နာရီပတ္ဝန္းက်င္သာ အိပ္တာ အဆင္အေျပဆံုးပါပဲ။

Unicode ဖြင့်ဖတ်ရန်


တစ်ခါတစ်လေ အိပ်ယာထဲက လုံးဝမထနိုင်တော့လို့ အလုပ်ကိုနေမကောင်းဘူးလို့ပြောပြီး တစ်နေကုန်ဖုန်းလေးသုံးပြီး အိပ်နေတတ်သူတွေ ရှိတယ်မဟုတ်လား။ မျက်လုံးလည်းဖွင့်မရ၊ ခြေတွေလက်တွေလည်း လှုပ်လို့မရနဲ့ အိပ်ယာရဲ့နွံထဲမှာ နစ်မြောကြသူလေးတွေအတွက် သတင်းကောင်းတစ်ခု ပါးချင်ပါတယ်။ ဗြိတိန် သုတေသီ Satoshi Kanazawa နဲ့ Kaja Perina တို့ရဲ့ လေ့လာချက်ကို Bright Side မှ ပြန်လည်ကိုးကား ဝေမျှပေးသွားပါမယ်နော်။

မနက်ကိုစောစောမထနိုင်ဘဲ စောစောထဖို့ဝန်လေးနေသူလေးတွေဟာ များသောအားဖြင့် နောက်ကျမှ အိပ်တတ်ကြတဲ့ ညဇီးကွက်လေးတွေပါ။ သူတို့လေးတွေဟာ ညဖက်မှာ တော်ရုံမအိပ်တတ်ဘဲ ဝါသနာပါရာတစ်ခုခု သို့မဟုတ် အပန်းဖြေစရာတစ်ခုခုနဲ့ ကြုံဆုံနေရတဲ့အတွက် သန်းခေါင်ပတ်ဝန်းကျင်လောက်မှ အိပ်လေ့ရှိကြပြီး မနက်ထတဲ့အခါ ၈ နာရီ၊ ၉ နာရီဆိုတာတောင် မနည်းအားယူပြီး အိပ်ယာထဲကနေ ထွက်နေရတတ်ပါတယ်။

တကယ်တော့ ဒီလိုလူမျိုးတွေဟာ ယနေ့ခေတ်နေထိုင်မှုပုံစံနဲ့ အကိုက်ညီဆုံးသော လူသားတွေ ဖြစ်တဲ့အပြင်ကိုမှ အိပ်ချိန်မှန်ရင် အိပ်ရမယ်ဆိုတဲ့ အချိန်ရဲ့ စေခိုင်းမှုအောက်ကနေ လုံးဝကြီး ကွဲထွက်နေတဲ့အတွက် မိမိကိုယ်ကိုယ် အားကိုးပြီး လွတ်လပ်မှုကို မြတ်နိုးသူတွေလို့လည်း လေ့လာချက်မှာ ဖော်ပြထားပါတယ်။ ဒီအပြင်ကိုမှ အပေါ်မှာ ပြောထားတဲ့အတိုင်း ကိုယ်စိတ်ဝင်စားရာတစ်ခုခုနဲ့ မအိပ်ဘဲအချိန်ဖြုန်းနေတဲ့အတွက် ဒီလိုလူမျိုုးတွေဟာ ဘဝအတွက်ကောင်းကျိုးပေးတဲ့အရာတွေအပေါ် တပ်တပ်မက်မက်နဲ့ အာရုံစုစည်းကာဆောင်ရွက်လေ့ရှိပြီး အခက်အခဲတွေကိုလည်း လွယ်လင့်တကူဖြေရှင်းနိုင်စွမ်းတွေရှိတဲ့အတွက် ဉာဏ်ရည်မြင့်မားတဲ့ လက္ခဏာရပ်တွေကို ပိုင်ဆိုင်ထားသူလေးတွေပါတဲ့။

နောက်ထပ်လေ့လာချက်တစ်ခုကတော့ ဒီလိုဉာဉ့်ဇီးကွက်လေးတွေဟာ ပုံမှန်အစောကြီးအိပ်ပြီး အစောကြီးထတဲ့ လူတွေထက် ဘဝမှာပျော်ရွှင်မှုအနှစ်သာရတွေကို ပိုခံစားရလေ့ရှိသေးတယ်လို့လည်း Southampton တက္ကသိုလ်ရဲ့ သုတေသနစာစောင်မှာ ဖော်ပြထားပါသေးတယ်။ ပျော်ရွှင်မှုဆိုတဲ့နေရာမှာ အခြေခံလစာအပါအဝင် ဘဝမှာ သက်တောင့်သက်သာ နေထိုင်နေခြင်းနဲ့ ပေါင်းသင်းဆက်ဆံမှု ပိုကောင်းခြင်းတို့လည်း ပါဝင်လျက်ရှိပါတယ်။

ဒါပေမဲ့တစ်ခုရှိတာက အိပ်တိုင်းမကောင်းတာပါပဲ။ ၂၄ နာရီရဲ တစ်ဝက်တိတိဖြစ်တဲ့ ၁၂ နာရီပတ်ဝန်းကျင်လောက်အထိ အိပ်ယာထဲမှာ အချိန်ဖြုန်းတတ်သူတွေဟာ အရွယ်မတိုင်ခင် သေဆုံးနိုင်ချေလည်း ပိုများနေတာကိုတော့ သတိပြုရမှာပါ။ အကောင်းဆုံးကတော့ တစ်နေ့ကို ၈ နာရီပတ်ဝန်းကျင်သာ အိပ်တာ အဆင်အပြေဆုံးပါပဲ။


Credit: Burmese Asia 

Previous
Next Post »
Powered by Blogger.