ခႏၶာကိုယ္ အနံ႕ေကာင္းေစေသာ အစားအေသာက္ ၁၀မ်ိဳး





Zawgyiျဖင့္ဖတ္ရန္

ခႏၶာကိုယ္ အနံ႔ ထြက္ေနလို႔ စိတ္ညစ္ေနပါသလား။ အနံ႔ေပ်ာက္ေဆးသံုးရလို႔ ရွက္ေနပါသလား။ ခႏၶာကုိယ္ရဲ႕ အန႔ံေတြဟာ မ်ိဳးရုိးဗီဇေၾကာင့္ ျဖစ္လာေသာ္လည္း တခါတရံမွာ စားတဲ႔ အစားအစာေၾကာင့္ လည္းျဖစ္တတ္ပါတယ္။

၁။ ေရ နဲ႔ ဘီယာ



ေရေသာက္ျခင္းဟာ ခႏၶာကိုယ္ကို အနံ႔ ဆိုးထြက္ေစေသာ အဆိပ္အေတာက္ေတြကို ဖယ္ရွားပစ္ေစပါတယ္။ ဘီယာေသာက္ျခင္းကေတာ့ တေေန႔တာ အလုပ္ျပီးတဲ့ အခါမွာ အေကာင္းဆံုး အနားယူရန္ နည္းလမ္းျဖစ္ေပမယ့္ ခႏၶာကိုယ္ရဲ႔ ေခၽြးေပါက္မွတဆင့္ အရက္ကို စိမ့္ထြက္ေစတဲ႔ အတြက္ အနံ႔ဆိုးမ်ား ျဖစ္ေစပါတယ္။

၂။ဒိန္ခ်ဥ္ နဲ႔ နို႔



ဒိန္ခ်ဥ္ထဲမွာ ပါဝင္တဲ႔ ေဆးဖက္ဝင္ အရာ အခ်ိဳ႔ ဟာ အနံ႔ထြက္ေစေသာ ဆာလဖိုက္ ျဒပ္ေပါင္းေတြကို ေလ်ွာ့ခ်ေပးပါတယ္။ ၄င္းထဲမွာ ပါရွိတဲ႔ ဗီတာမင္ ဒီဟာလည္း ခံတြင္းထဲမွာ ရွိတဲ့ ဘတ္တီးရီးယား ပိုးမႊားေတြကို ေသေစျပီး ခံတြင္းအနံ႔ဆိုး ျဖစ္ျခင္းမွ ကာကြယ္ေပးပါတယ္။ ဒါေပမဲ႔ နို႔မွာ ပါဝင္တဲ့ ခ်ိဳလိုင္းကေတာ့ ဆိုးဝါးတဲ့ ခႏၶာကိုယ္ အနံ႔ဆိုးေတြကို ျဖစ္ေစပါတယ္

၃။လီမြန္ အခ်ိဳရည္နဲ႔ ဝိုင္



ဝိုင္ေသာက္ျခင္းဟာ ညေနခင္းေတြကို အပန္းေျဖဖို႕ေကာင္းမြန္တဲ႔ နည္းလမ္းျဖစ္ေပမယ့္ အရက္ေသာက္သံုးမႈမ်ားလို႔ အရက္နာက်နိုင္သည့္ ဆိုးက်ိဳးအျပင္ တေနကုန္ ခႏၶာကိုယ္မွ အရက္နံ႔ ထြက္သည့္ဆိုးက်ိဳးကို ခံစားရနိုင္ပါတယ္။ ဒါေၾကာင့္ လီမြန္ နဲ႔ ေရကို အစားထိုးေသာက္ၾကည့္ပါ။ လီမြန္မွာ ပါဝင္တဲ႔ ေဆးဖက္ဝင္ ပစၥည္းေတြက ခႏၶာကိုယ္တြင္ အဆိပ္ေျဖေပးျပီး ေဖ်ာ္ရည္အတြင္း ေရက အဆိပ္ေတြကို ဖယ္ရွားေပးပါလိမ့္မယ္။

၄။ေဆးဖက္ဝင္ လက္ဖက္ရည္နဲ႔ ေကာ္ဖီ



ေဆးဖက္ဝင္ လက္ဖက္ရည္ဟာ ခႏၶာကိုယ္အတြင္းရွိ အဆိပ္အေတာက္ေတြကို ေလ်ာ့နည္းေစျပီး အန႔႔ံေကာင္းမြန္ေစပါတယ္။ ေကာ္ဖီ သို႕ ကဖိ္န္းပါဝင္တဲ႔ အစားအေသာက္ေတြကေတာ့ ကိုယ္တြင္း အနံ႕ဆိုးေတြကို ျဖစ္ေစပါတယ္။

၅။ပန္းသီး နဲ႔ ပန္းေဂၚဖီ



သဘာဝေခ်းခၽြတ္ေဆးပစၥည္းေတြမွာ ပန္းသီးဟာ ခံတြင္းနံ႕ ဆိုးျခင္းကို ကာကြယ္ေပးပါတယ္။ ပန္းေဂၚဖီကေတာ့ ဗီတာမင္ဘီ အာဟာရနဲ႕ ခ်ိုလိုင္း ေတြ ပါဝင္ျပီး ခႏၶာကိုယ္ အန႔ံဆိုးျခင္းကို ျဖစ္ေစပါတယ္။

၆။လိေမၼာ္သီး နဲ႔ ဖရုံသီး



ေရွာက္သံပုရာမ်ိဳးဝင္ အသီးေတြဟာ အန႔ံေကာင္းမြန္ျပီး ခနၶာကိုယ္အနွံ႔ လ်င္လ်င္ျမန္ျမန္ အန႔ံ ေကာင္းမြန္ေစပါတယ္။ ဖရုံသီးကေတာ့ ခ်ိဳလိုင္း ပါဝင္တဲ့ အတြက္ အနံ႔ဆိုးေတြျဖစ္ေပၚေစပါတယ္။

၇။ ၾကက္သြန္နီ ၾကက္သြန္ျဖဴ နဲ႔ ဖာလာေစ့ သစ္ၾကပိုးေခါက္



ဖာလာေစ့ သစ္ၾကပိုးေခါက္ ဟာ အစားအစာကို အရသာရွိေစရုံသာမက လတ္ဆတ္ေကာင္းမြန္တဲ႔ အနံ႔ကိုလည္း ၾကာရွည္ခံ ေစပါတယ္။ ေျပာင္းျပန္အားျဖင့္ ၾကက္သြန္နီ္ ၾကက္သြန္ျဖဴမွာေတာ့ ေအာ္ဂန္းနစ္ ဆာလဖာ ျဒပ္ေပါင္းေတြ ပါဝင္တဲ႔အတြက္ ေခၽြးေပါက္ေတြမွတဆင့္ ခႏၶာကိုယ္ကို အနံ႔ဆိုးေတြ ျဖစ္ေပၚေစပါတယ္။

၈။ ကညႊတ္ရုိး နဲ႔ တရုတ္နံနံ



တရုတ္နံနံဟာ ခႏၶာကိုယ္ကို ဖာရာမုန္း ထုတ္လႊတ္ရာမွာ ကူညီေပးျပီး ဆန္႔က်င္ဘက္ လိင္အေပၚ ဆြဲေဆာင္မႈ ရွိေစပါတယ္။ ကညႊတ္ရုိးထဲမွာ ရွိတဲ႔ အက္ဆစ္ကေတာ့ ဆာလဖာျဒပ္ေပါင္း ေတြ ျပိဳကြဲထြက္ေစျပီး မလိုလားအပ္တဲ႔ အနံ႔ဆိုးေတြ ျဖစ္ေစပါတယ္။

၉။ ငါး နဲ႔ အသား



အသားမစားပဲ ေရွာင္ၾကဥ္ျခင္းဟာ အနံ႕နဲ႕ ပတ္သက္ျပီး အက်ိဳးေက်းဇူးေတြ ျဖစ္ေစပါတယ္။ ေလ့လာခ်က္တခုအရ အမ်ိဳးသမီးေတြဟာ အသားစားတဲ႔ အမ်ိဳးသားေတြထက္စာရင္ နွစ္ပတ္ေလာက္ အသာမစားထားတဲ႔ အမ်ိဳးသားေတြရဲ႕ ကိုယ္နံ႔က ပိုျပီး ဆြဲေဆာင္မႈရွိျပီး ေကာင္းမြန္တယ္လို႔ ဆိုပါတယ္။ ငါးစားျခင္းကေတာ့ အသားစားသလိုမ်ိဳး မေကာင္းတဲ့ အနံ႔ဆိုးေတြ မျဖစ္ေစပါဘူး ဒါေၾကာင့္ ခ်ိန္းေတြဖို႔ လုပ္ထားတယ္ဆိုရင္ေတာ့ အသား အစား ငါးစားသြားတာ ပိုေကာင္းမယ္ ထင္ပါတယ္။

၁၀။ ပဲနံ႔သာေစ႕နဲ႔ ေရႊဖရုံေစ့



ပဲနံ႔သာေစ့ကေတာ့ အစာေခ်စနစ္ကိုေကာင္းမြန္ေစျပီး ခႏၶာကိုယ္မွ အနံ႔ထြက္ေစတဲ႔ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးပါတယ္။ ေရႊဖရုံေစ့ကေတာ့ ခ်ိဳလိုင္း မ်ားစြာပါဝင္ျပီး အနံ႔ဆိုးထြက္ေစတဲ႔ ပစၥည္းတမ်ိဳးလည္း ျဖစ္ပါတယ္။


Unicode ဖြင့်ဖတ်ရန်



ခန္ဓာကိုယ် အနံ့ ထွက်နေလို့ စိတ်ညစ်နေပါသလား။ အနံ့ပျောက်ဆေးသုံးရလို့ ရှက်နေပါသလား။ ခန္ဓာကိုယ်ရဲ့ အနံ့တွေဟာ မျိုးရိုးဗီဇကြောင့် ဖြစ်လာသော်လည်း တခါတရံမှာ စားတဲ့ အစားအစာကြောင့် လည်းဖြစ်တတ်ပါတယ်။

၁။ ရေ နဲ့ ဘီယာ



ရေသောက်ခြင်းဟာ ခန္ဓာကိုယ်ကို အနံ့ ဆိုးထွက်စေသော အဆိပ်အတောက်တွေကို ဖယ်ရှားပစ်စေပါတယ်။ ဘီယာသောက်ခြင်းကတော့ တေနေ့တာ အလုပ်ပြီးတဲ့ အခါမှာ အကောင်းဆုံး အနားယူရန် နည်းလမ်းဖြစ်ပေမယ့် ခန္ဓာကိုယ်ရဲ့ ချွေးပေါက်မှတဆင့် အရက်ကို စိမ့်ထွက်စေတဲ့ အတွက် အနံ့ဆိုးများ ဖြစ်စေပါတယ်။

၂။ဒိန်ချဉ် နဲ့ နို့



ဒိန်ချဉ်ထဲမှာ ပါဝင်တဲ့ ဆေးဖက်ဝင် အရာ အချို့ ဟာ အနံ့ထွက်စေသော ဆာလဖိုက် ဒြပ်ပေါင်းတွေကို လျှော့ချပေးပါတယ်။ ၎င်းထဲမှာ ပါရှိတဲ့ ဗီတာမင် ဒီဟာလည်း ခံတွင်းထဲမှာ ရှိတဲ့ ဘတ်တီးရီးယား ပိုးမွှားတွေကို သေစေပြီး ခံတွင်းအနံ့ဆိုး ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ နို့မှာ ပါဝင်တဲ့ ချိုလိုင်းကတော့ ဆိုးဝါးတဲ့ ခန္ဓာကိုယ် အနံ့ဆိုးတွေကို ဖြစ်စေပါတယ်

၃။လီမွန် အချိုရည်နဲ့ ဝိုင်



ဝိုင်သောက်ခြင်းဟာ ညနေခင်းတွေကို အပန်းဖြေဖို့ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပေမယ့် အရက်သောက်သုံးမှုများလို့ အရက်နာကျနိုင်သည့် ဆိုးကျိုးအပြင် တနေကုန် ခန္ဓာကိုယ်မှ အရက်နံ့ ထွက်သည့်ဆိုးကျိုးကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် လီမွန် နဲ့ ရေကို အစားထိုးသောက်ကြည့်ပါ။ လီမွန်မှာ ပါဝင်တဲ့ ဆေးဖက်ဝင် ပစ္စည်းတွေက ခန္ဓာကိုယ်တွင် အဆိပ်ဖြေပေးပြီး ဖျော်ရည်အတွင်း ရေက အဆိပ်တွေကို ဖယ်ရှားပေးပါလိမ့်မယ်။

၄။ဆေးဖက်ဝင် လက်ဖက်ရည်နဲ့ ကော်ဖီ



ဆေးဖက်ဝင် လက်ဖက်ရည်ဟာ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်တွေကို လျော့နည်းစေပြီး အန့ံ့ကောင်းမွန်စေပါတယ်။ ကော်ဖီ သို့ ကဖိန်းပါဝင်တဲ့ အစားအသောက်တွေကတော့ ကိုယ်တွင်း အနံ့ဆိုးတွေကို ဖြစ်စေပါတယ်။

၅။ပန်းသီး နဲ့ ပန်းဂေါ်ဖီ



သဘာဝချေးချွတ်ဆေးပစ္စည်းတွေမှာ ပန်းသီးဟာ ခံတွင်းနံ့ ဆိုးခြင်းကို ကာကွယ်ပေးပါတယ်။ ပန်းဂေါ်ဖီကတော့ ဗီတာမင်ဘီ အာဟာရနဲ့ ချိုလိုင်း တွေ ပါဝင်ပြီး ခန္ဓာကိုယ် အနံ့ဆိုးခြင်းကို ဖြစ်စေပါတယ်။

၆။လိမ္မော်သီး နဲ့ ဖရုံသီး



ရှောက်သံပုရာမျိုးဝင် အသီးတွေဟာ အနံ့ကောင်းမွန်ပြီး ခန္ဓာကိုယ်အနှံ့ လျင်လျင်မြန်မြန် အနံ့ ကောင်းမွန်စေပါတယ်။ ဖရုံသီးကတော့ ချိုလိုင်း ပါဝင်တဲ့ အတွက် အနံ့ဆိုးတွေဖြစ်ပေါ်စေပါတယ်။

၇။ ကြက်သွန်နီ ကြက်သွန်ဖြူ နဲ့ ဖာလာစေ့ သစ်ကြပိုးခေါက်



ဖာလာစေ့ သစ်ကြပိုးခေါက် ဟာ အစားအစာကို အရသာရှိစေရုံသာမက လတ်ဆတ်ကောင်းမွန်တဲ့ အနံ့ကိုလည်း ကြာရှည်ခံ စေပါတယ်။ ပြောင်းပြန်အားဖြင့် ကြက်သွန်နီ် ကြက်သွန်ဖြူမှာတော့ အော်ဂန်းနစ် ဆာလဖာ ဒြပ်ပေါင်းတွေ ပါဝင်တဲ့အတွက် ချွေးပေါက်တွေမှတဆင့် ခန္ဓာကိုယ်ကို အနံ့ဆိုးတွေ ဖြစ်ပေါ်စေပါတယ်။

၈။ ကညွှတ်ရိုး နဲ့ တရုတ်နံနံ



တရုတ်နံနံဟာ ခန္ဓာကိုယ်ကို ဖာရာမုန်း ထုတ်လွှတ်ရာမှာ ကူညီပေးပြီး ဆန့်ကျင်ဘက် လိင်အပေါ် ဆွဲဆောင်မှု ရှိစေပါတယ်။ ကညွှတ်ရိုးထဲမှာ ရှိတဲ့ အက်ဆစ်ကတော့ ဆာလဖာဒြပ်ပေါင်း တွေ ပြိုကွဲထွက်စေပြီး မလိုလားအပ်တဲ့ အနံ့ဆိုးတွေ ဖြစ်စေပါတယ်။

၉။ ငါး နဲ့ အသား



အသားမစားပဲ ရှောင်ကြဉ်ခြင်းဟာ အနံ့နဲ့ ပတ်သက်ပြီး အကျိုးကျေးဇူးတွေ ဖြစ်စေပါတယ်။ လေ့လာချက်တခုအရ အမျိုးသမီးတွေဟာ အသားစားတဲ့ အမျိုးသားတွေထက်စာရင် နှစ်ပတ်လောက် အသာမစားထားတဲ့ အမျိုးသားတွေရဲ့ ကိုယ်နံ့က ပိုပြီး ဆွဲဆောင်မှုရှိပြီး ကောင်းမွန်တယ်လို့ ဆိုပါတယ်။ ငါးစားခြင်းကတော့ အသားစားသလိုမျိုး မကောင်းတဲ့ အနံ့ဆိုးတွေ မဖြစ်စေပါဘူး ဒါကြောင့် ချိန်းတွေဖို့ လုပ်ထားတယ်ဆိုရင်တော့ အသား အစား ငါးစားသွားတာ ပိုကောင်းမယ် ထင်ပါတယ်။

၁၀။ ပဲနံ့သာစေ့နဲ့ ရွှေဖရုံစေ့



ပဲနံ့သာစေ့ကတော့ အစာချေစနစ်ကိုကောင်းမွန်စေပြီး ခန္ဓာကိုယ်မှ အနံ့ထွက်စေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ရွှေဖရုံစေ့ကတော့ ချိုလိုင်း များစွာပါဝင်ပြီး အနံ့ဆိုးထွက်စေတဲ့ ပစ္စည်းတမျိုးလည်း ဖြစ်ပါတယ်။

Credit- Nanmalgyi





Previous
Next Post »
Powered by Blogger.