အမ်ိဳးသမီးဝန္ထမ္းမ်ား ဓမၼတာအခ်က္ျပ ရင္ထိုး ဝတ္ဆင္ရန္ ဂ်ပန္ကုမၸဏီေစခိုင္း




Zawgyi ျဖင့္ဖတ္ရန္

ဂ်ပန္ႏိုင္ငံက ကုမၸဏီတစ္ခုဟာ ဝန္ထမ္းအမ်ိဳးသမီးေတြကို ဓမၼတာ(ရာသီ)လာေနခ်ိန္တြင္ ကာစတန္မာမ်ားအား အသိေပးသည့္အေနႏွင့္ ဓမၼတာေပၚေနေၾကာင္း အခ်က္ျပသေကၤတ ရင္ထိုး ဝတ္ဆင္ထားၾကရန္ ၫႊန္ၾကားလိုက္သည္။



အိုဆာကာၿမိဳ႕တြင္ဖြင့္လွစ္ထားေသာ အမ်ိဳးသမီးမ်ားအတြက္ လိင္ဆက္ဆံမႈပစၥည္းမ်ား၊ ဓမၼတာ(ရာသီ)ခ်ိန္အတြင္း က်န္းမာေရးအေထာက္အကူျပဳ ပစၥည္းမ်ား ေရာင္းခ်သည့္ Michi Kake စတိုးဆိုင္က အမ်ိဳးသမီး ဝန္ထမ္းမ်ားကို ရာသီလာေနခ်ိန္တြင္ ရင္ထိုးမ်ား ဝတ္ဆင္ရန္ တိုက္တြန္းလိုက္ျခင္းျဖစ္သည္။





အတင္းအၾကပ္ဝတ္ခိုင္းျခင္းမ်ိဳးမဟုတ္ပဲ ယင္းကဲသို႔ဝတ္ခိုင္းရျခင္းမွာ ဆိုင္တြင္ေရာင္းခ်ေနေသာ ကုန္ပစၥည္းမ်ားနဲ႔လည္း ဆက္စပ္မႈရွိတဲ့အတြက္ လိုက္နာလက္ခံမည္ဆိုပါက ရာသီလာေနခ်ိန္တြင္ ဝတ္ဆင္ထားရန္ စီစဥ္လိုက္ျခင္းျဖစ္သည္။ ရင္ထိုး၏ ပုံစံမွာ ကာတြန္းဇာတ္ေကာင္ Seiri-chan ၏ အ႐ုပ္ျဖစ္ၿပီး အဆိုပါကာတြန္း႐ုပ္ကို အမ်ိဳးသမီးမ်ား၏ ဓမၼတာ မီးယပ္စက္ဝန္းအျဖစ္ ဂ်ပန္တြင္ လူသိမ်ားၾကသည္။





စတိုးဆိုင္၏ အျပင္အဆင္ကိုလည္း မီးယက္စက္ဝန္းမွာ အဆင့္ ၄ ဆင့္ ရွိသကဲ့သို႔ အေရာင္ေလးမ်ားနဲ႔ အကန႔္ခြဲကာ သက္ဆိုင္ရာ ပစၥည္းမ်ားကို ျပသေရာင္းခ်ထားသည္။



အျပာေရာင္ ေနရာက လက္ရွိမွာ ဓမၼတာ လာေနသူမ်ားအတြက္ျဖစ္ၿပီး၊ ရာသီလာကာစ၊ ရာသီမလာမီ နဲ႔ ရာသီလကၡဏာအရ မအီမသာျဖစ္ေနတဲ့ အခ်ိန္ေတြအလိုက္ ခြဲျခားထားသည္။ ဂ်ပန္ႏိုင္ငံမွာေတာ့ အမ်ိဳးသမီးမ်ားရဲ႕ ဓမၼတာကိစၥေတြနဲ႔ပက္သက္တဲ့ အေၾကာင္းအရာေတြကို ထုတ္ေဖာ္ေျပာဆိုေလ့မရွိေၾကာင္း စတိုးဆိုင္မန္ေနဂ်ာ Takahiro Imazu က ေျပာၾကားခဲ့ပါတယ္။







“ဒီကိစၥနဲ႔ပက္သက္ၿပီး ကာစတန္မာေတြအားလုံးက သေဘာက်ခ်င္မွ က်မွာပါ ဒါေပမယ့္ ငယ္႐ြယ္သူေတြကေတာ့ သေဘာထား ေျပာင္းလဲလာႏိုင္ပါတယ္။ အခုေတာ့ေျပာဖို႔ ေစာေနပါေသးတယ္ ဒါေပမယ့္ ဒီဆိုင္ေလးကိုေတာ့ အမ်ိဳးသမီးေတြအတြက္ လိင္နဲ႔ပက္သက္ၿပီး လိုအပ္တာျဖစ္ေစ၊ ဓမၼတာေပၚတဲ့ကိစၥနဲ႔ပဲျဖစ္ေစ အားကိုးရတဲ့ ဆိုင္ေလးတစ္ဆိုင္ျဖစ္လာဖို႔ ေမွ်ာ္လင့္ထားပါတယ္” လို႔ ဆိုပါတယ္။

Credit: popolay 



Unicode ဖြင့်ဖတ်ရန်

အမျိုးသမီးဝန်ထမ်းများ ဓမ္မတာအချက်ပြ ရင်ထိုး ဝတ်ဆင်ရန် ဂျပန်ကုမ္ပဏီစေခိုင်း


ဂျပန်နိုင်ငံက ကုမ္ပဏီတစ်ခုဟာ ဝန်ထမ်းအမျိုးသမီးတွေကို ဓမ္မတာ(ရာသီ)လာနေချိန်တွင် ကာစတန်မာများအား အသိပေးသည့်အနေနှင့် ဓမ္မတာပေါ်နေကြောင်း အချက်ပြသင်္ကေတ ရင်ထိုး ဝတ်ဆင်ထားကြရန် ညွှန်ကြားလိုက်သည်။



အိုဆာကာမြို့တွင်ဖွင့်လှစ်ထားသော အမျိုးသမီးများအတွက် လိင်ဆက်ဆံမှုပစ္စည်းများ၊ ဓမ္မတာ(ရာသီ)ချိန်အတွင်း ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ရောင်းချသည့် Michi Kake စတိုးဆိုင်က အမျိုးသမီး ဝန်ထမ်းများကို ရာသီလာနေချိန်တွင် ရင်ထိုးများ ဝတ်ဆင်ရန် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။



အတင်းအကြပ်ဝတ်ခိုင်းခြင်းမျိုးမဟုတ်ပဲ ယင်းကဲသို့ဝတ်ခိုင်းရခြင်းမှာ ဆိုင်တွင်ရောင်းချနေသော ကုန်ပစ္စည်းများနဲ့လည်း ဆက်စပ်မှုရှိတဲ့အတွက် လိုက်နာလက်ခံမည်ဆိုပါက ရာသီလာနေချိန်တွင် ဝတ်ဆင်ထားရန် စီစဉ်လိုက်ခြင်းဖြစ်သည်။ ရင်ထိုး၏ ပုံစံမှာ ကာတွန်းဇာတ်ကောင် Seiri-chan ၏ အရုပ်ဖြစ်ပြီး အဆိုပါကာတွန်းရုပ်ကို အမျိုးသမီးများ၏ ဓမ္မတာ မီးယပ်စက်ဝန်းအဖြစ် ဂျပန်တွင် လူသိများကြသည်။





စတိုးဆိုင်၏ အပြင်အဆင်ကိုလည်း မီးယက်စက်ဝန်းမှာ အဆင့် ၄ ဆင့် ရှိသကဲ့သို့ အရောင်လေးများနဲ့ အကန့်ခွဲကာ သက်ဆိုင်ရာ ပစ္စည်းများကို ပြသရောင်းချထားသည်။



အပြာရောင် နေရာက လက်ရှိမှာ ဓမ္မတာ လာနေသူများအတွက်ဖြစ်ပြီး၊ ရာသီလာကာစ၊ ရာသီမလာမီ နဲ့ ရာသီလက္ခဏာအရ မအီမသာဖြစ်နေတဲ့ အချိန်တွေအလိုက် ခွဲခြားထားသည်။ ဂျပန်နိုင်ငံမှာတော့ အမျိုးသမီးများရဲ့ ဓမ္မတာကိစ္စတွေနဲ့ပက်သက်တဲ့ အကြောင်းအရာတွေကို ထုတ်ဖော်ပြောဆိုလေ့မရှိကြောင်း စတိုးဆိုင်မန်နေဂျာ Takahiro Imazu က ပြောကြားခဲ့ပါတယ်။







“ဒီကိစ္စနဲ့ပက်သက်ပြီး ကာစတန်မာတွေအားလုံးက သဘောကျချင်မှ ကျမှာပါ ဒါပေမယ့် ငယ်ရွယ်သူတွေကတော့ သဘောထား ပြောင်းလဲလာနိုင်ပါတယ်။ အခုတော့ပြောဖို့ စောနေပါသေးတယ် ဒါပေမယ့် ဒီဆိုင်လေးကိုတော့ အမျိုးသမီးတွေအတွက် လိင်နဲ့ပက်သက်ပြီး လိုအပ်တာဖြစ်စေ၊ ဓမ္မတာပေါ်တဲ့ကိစ္စနဲ့ပဲဖြစ်စေ အားကိုးရတဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်” လို့ ဆိုပါတယ်။

Credit: popolay 


Previous
Next Post »
Powered by Blogger.