သူ ကိုယ့္အေပၚ တမ္းတမ္းစြဲျဖစ္ၿပီး ပိုျမတ္ႏိုးလာေစဖို႔ ျပဳလုပ္သင့္တဲ့ နည္းလမ္းေလးေတြ




Zawgyi ျဖင့္ဖတ္ရန္

လူေတာ္ေတာ္မ်ားမ်ား ခံယူထားၾကတဲ့ အယူအဆတစ္ခုက ေယာက်္ားေလးေတြကပဲ ကိုယ့္ႀကိဳက္တဲ့ သူကို ဖြင့္ေျပာခြင့္ရွိၾကၿပီးေတာ့ မိန္းကေလးေတြမွာေတာ့ ကိုယ့္ကိုႀကိဳက္လာတဲ့ သူေတြထဲကမွ ေ႐ြးခ်ယ္ရတတ္ၾကပါတယ္။ ဒါဆိုရင္ မိန္းကေလးေတြကေရာ ႀကိဳးစားခြင့္္ မရွိေတာ့ဘူးလား သူတို႔မွာလည္း ခ်စ္တတ္တဲ့ ႏွလုံးသား ရွိတယ္ဆိုတာကိုေတာ့ လက္ခံထားသင့္ပါတယ္။ ဒီလိုမ်ိဳး ကိုယ္ႀကိဳက္တဲ့ သူကို ဖြင့္ေျပာပိုင္ခြင့္ မရွိေပမယ့္ သူကကိုယ့္ကို တမ္းတမ္းစြဲျဖစ္ၿပီး ဖြင့္ေျပာလာေအာင္ေတာ့ လုပ္ႏိုင္တဲ့ နည္းလမ္းေလး ရွိလို႔ေနပါတယ္။

႐ိုးသားပြင့္္လင္းပါ

႐ိုးသားတယ္ဆိုတာ လူတိုင္းဆီမွာ မရွိေပမယ့္ လူတိုင္း ႏွစ္လိုၾကတဲ့ အရာျဖစ္ပါတယ္။ တစ္ခါတစ္ေလမွာ လူေတြဟာ ကိုယ့္ရဲ႕ အားနည္းခ်က္ေတြကို မထုတ္ျပခ်င္လို႔ ႐ိုးသားမႈဆိုတဲ့အရာကို လႊင့္ပစ္လိုက္တတ္ၾကပါတယ္။ ကိုယ္သေဘာက်တဲ့သူက ကိုယ့္ကို ေႂကြဆင္းလာဖို႔ အေကာင္းဆုံးလက္နက္ ျဖစ္တဲ့ ႐ိုးသားျခင္းကို ထုတ္သုံးပါ။ ကိုယ့္ရဲ႕ အားနည္းခ်င္ေတြကို ဖုံးကြယ္ၿပီး တစ္ျခားတစ္ေယာက္လို ဟန္မေဆာင္ပါနဲ႔ ကိုယ္ဟာကိုယ္ပဲ ျဖစ္ေနပါေစ။


အရမ္းႀကီး မတြယ္ကပ္ပါနဲ႔


ကိုယ္က ႀကိဳက္တယ္ဆိုတိုင္း သူဘယ္သြားသြား ဘယ္လာလာ အၿမဲေစာင့္္ၾကည့္ေနတာမ်ိဳး၊ ကိုယ္သူ႔အေပၚ စိတ္ယိုင္ေနတယ္ဆိုတဲ့ အေၾကာင္းကို သူသိေအာင္ သူနားမွာပဲ တစ္ခ်ိန္လုံး တြယ္ကပ္ေနတာမ်ိဳး မလုပ္သင့္ပါဘူး။ ဘယ္သူမဆို ေပါေပါပဲပဲ ရတဲ့အရာကို တန္ဖိုးမထားတတ္ၾကတာ ထုံးစံပါ။ ကိုယ္က ႀကိဳက္ေနရင္ေတာင္ သူ႔အေပၚ သာမာန္ထက္ မပိုသလိုမ်ိဳးေလးပဲ ဆက္ဆံပါ။ လူေတြက ခက္ခဲတဲ့ အရာဆို ပိုလိုခ်င္တတ္ၾကပါတယ္။

အေလ်ာ့အတင္း ပုံစံကို က်င့္သုံးပါ

သူ ကိုယ့္ဆီစာပို႔တယ္ဆိုၿပီးေတာ့ အေပ်ာ္လြန္ၿပီး ခ်က္ခ်င္းစာျပန္တာမ်ိဳးတို႔၊ သူ႔ဖုန္းကို မကိုင္လိုက္ရတာနဲ႔ပဲ ျပန္ေခၚတာမ်ိဳးတို႔ကို အၿမဲမလုပ္သင့္ပါဘူး။ သင့္ဘက္က သူ႔ကို အရင္ဦးေအာင္ စာသြားပို႔တာမ်ိဳး၊ ဖုန္းစဆက္တာမ်ိဳးတို႔ဆို ပိုေတာင္မလုပ္သင့္ပါဘူး။ သင့္ဘက္က အၿမဲလိုလို အလြယ္တကူ လိုက္ေလ်ာမႈေတြ မ်ားလာရင္ သူသင့္္ကို တန္ဖိုးထားဖို႔ ေမ့သြားပါလိမ့္မယ္။ တစ္ခါတစ္ေလလည္း သူသင့္အေပၚ ေမးခြန္းထုတ္မိေအာင္ သူပို႔တဲ့ စာကို reply မျပန္တာတို႔၊ သူ႔ဖုန္းကို မေျဖတာတို႔ လုပ္သင့္ပါတယ္။


သူ႔ကို ႀကိဳးစာခြင့္ေပးပါ
ကိုယ္တန္ဖိုးကို ျမင့္ခ်င္တယ္ဆိုတိုင္း တစ္ခ်ိန္လုံး ျငင္းဆိုေနတာမ်ိဳးလည္း မလုပ္သင့္ပါဘူး။ ဒီလိုဆိုရင္ သူနဲ႔ သင္ဟာ နီးစပ္ဖို႔လမ္းမရွိပဲ တျဖည္းျဖည္း ေဝးသြားပါလိမ့္မယ္။ တစ္ခါတစ္ေလ သူေတာင္းဆိုလို႔ ေကာ္ဖီလိုက္ေသာက္တာ၊ ႐ုပ္ရွင္ၾကည့္တာ စသျဖင့္ လိုက္ေလ်ာသင့္ပါတယ္။ ဒါဟာ သင္တို႔ႏွစ္ေယာက္ကို နီးစပ္ဖို႔ အခြင့္အေရးျဖစ္ၿပီး အေနနီးျခင္းက သံေယာဇာဥ္ကို ပိုတိုးေစပါတယ္။

Credit: aunty may 


Unicode ဖြင့်ဖတ်ရန်

သူ ကိုယ့်အပေါ် တမ်းတမ်းစွဲဖြစ်ပြီး ပိုမြတ်နိုးလာစေဖို့ ပြုလုပ်သင့်တဲ့ နည်းလမ်းလေးတွေ



လူတော်တော်များများ ခံယူထားကြတဲ့ အယူအဆတစ်ခုက ယောကျ်ားလေးတွေကပဲ ကိုယ့်ကြိုက်တဲ့ သူကို ဖွင့်ပြောခွင့်ရှိကြပြီးတော့ မိန်းကလေးတွေမှာတော့ ကိုယ့်ကိုကြိုက်လာတဲ့ သူတွေထဲကမှ ရွေးချယ်ရတတ်ကြပါတယ်။ ဒါဆိုရင် မိန်းကလေးတွေကရော ကြိုးစားခွင့် မရှိတော့ဘူးလား သူတို့မှာလည်း ချစ်တတ်တဲ့ နှလုံးသား ရှိတယ်ဆိုတာကိုတော့ လက်ခံထားသင့်ပါတယ်။ ဒီလိုမျိုး ကိုယ်ကြိုက်တဲ့ သူကို ဖွင့်ပြောပိုင်ခွင့် မရှိပေမယ့် သူကကိုယ့်ကို တမ်းတမ်းစွဲဖြစ်ပြီး ဖွင့်ပြောလာအောင်တော့ လုပ်နိုင်တဲ့ နည်းလမ်းလေး ရှိလို့နေပါတယ်။

ရိုးသားပွင့်လင်းပါ

ရိုးသားတယ်ဆိုတာ လူတိုင်းဆီမှာ မရှိပေမယ့် လူတိုင်း နှစ်လိုကြတဲ့ အရာဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ လူတွေဟာ ကိုယ့်ရဲ့ အားနည်းချက်တွေကို မထုတ်ပြချင်လို့ ရိုးသားမှုဆိုတဲ့အရာကို လွှင့်ပစ်လိုက်တတ်ကြပါတယ်။ ကိုယ်သဘောကျတဲ့သူက ကိုယ့်ကို ကြွေဆင်းလာဖို့ အကောင်းဆုံးလက်နက် ဖြစ်တဲ့ ရိုးသားခြင်းကို ထုတ်သုံးပါ။ ကိုယ့်ရဲ့ အားနည်းချင်တွေကို ဖုံးကွယ်ပြီး တစ်ခြားတစ်ယောက်လို ဟန်မဆောင်ပါနဲ့ ကိုယ်ဟာကိုယ်ပဲ ဖြစ်နေပါစေ။


အရမ်းကြီး မတွယ်ကပ်ပါနဲ့


ကိုယ်က ကြိုက်တယ်ဆိုတိုင်း သူဘယ်သွားသွား ဘယ်လာလာ အမြဲစောင့်ကြည့်နေတာမျိုး၊ ကိုယ်သူ့အပေါ် စိတ်ယိုင်နေတယ်ဆိုတဲ့ အကြောင်းကို သူသိအောင် သူနားမှာပဲ တစ်ချိန်လုံး တွယ်ကပ်နေတာမျိုး မလုပ်သင့်ပါဘူး။ ဘယ်သူမဆို ပေါပေါပဲပဲ ရတဲ့အရာကို တန်ဖိုးမထားတတ်ကြတာ ထုံးစံပါ။ ကိုယ်က ကြိုက်နေရင်တောင် သူ့အပေါ် သာမာန်ထက် မပိုသလိုမျိုးလေးပဲ ဆက်ဆံပါ။ လူတွေက ခက်ခဲတဲ့ အရာဆို ပိုလိုချင်တတ်ကြပါတယ်။

အလျော့အတင်း ပုံစံကို ကျင့်သုံးပါ

သူ ကိုယ့်ဆီစာပို့တယ်ဆိုပြီးတော့ အပျော်လွန်ပြီး ချက်ချင်းစာပြန်တာမျိုးတို့၊ သူ့ဖုန်းကို မကိုင်လိုက်ရတာနဲ့ပဲ ပြန်ခေါ်တာမျိုးတို့ကို အမြဲမလုပ်သင့်ပါဘူး။ သင့်ဘက်က သူ့ကို အရင်ဦးအောင် စာသွားပို့တာမျိုး၊ ဖုန်းစဆက်တာမျိုးတို့ဆို ပိုတောင်မလုပ်သင့်ပါဘူး။ သင့်ဘက်က အမြဲလိုလို အလွယ်တကူ လိုက်လျောမှုတွေ များလာရင် သူသင့်ကို တန်ဖိုးထားဖို့ မေ့သွားပါလိမ့်မယ်။ တစ်ခါတစ်လေလည်း သူသင့်အပေါ် မေးခွန်းထုတ်မိအောင် သူပို့တဲ့ စာကို reply မပြန်တာတို့၊ သူ့ဖုန်းကို မဖြေတာတို့ လုပ်သင့်ပါတယ်။


သူ့ကို ကြိုးစာခွင့်ပေးပါ
ကိုယ်တန်ဖိုးကို မြင့်ချင်တယ်ဆိုတိုင်း တစ်ချိန်လုံး ငြင်းဆိုနေတာမျိုးလည်း မလုပ်သင့်ပါဘူး။ ဒီလိုဆိုရင် သူနဲ့ သင်ဟာ နီးစပ်ဖို့လမ်းမရှိပဲ တဖြည်းဖြည်း ဝေးသွားပါလိမ့်မယ်။ တစ်ခါတစ်လေ သူတောင်းဆိုလို့ ကော်ဖီလိုက်သောက်တာ၊ ရုပ်ရှင်ကြည့်တာ စသဖြင့် လိုက်လျောသင့်ပါတယ်။ ဒါဟာ သင်တို့နှစ်ယောက်ကို နီးစပ်ဖို့ အခွင့်အရေးဖြစ်ပြီး အနေနီးခြင်းက သံယောဇာဉ်ကို ပိုတိုးစေပါတယ်။

Credit: aunty may


Previous
Next Post »
Powered by Blogger.