နိုင်ငံတော်ကို မြန်မာငွေ သိန်းပေါင်း ၁၁၀၀ အခွန်ပေးဆောင်တော့မယ့် ခရစ္စတီးနားခီ





Zawgyiဖြင့်ဖတ်ရန်












Unicode ဖြင့်ဖတ်ရန်


ခီမောင်နှံဟာ မြန်မာ့ရုပ်ရှင်လောကကို ဝင်ရောက်လာတာမကြာသေးပေမဲ့ သူတို့ရဲ့ ထူးခြားပြောင်မြောက်တဲ့ တင်ဆက်ပုံ လက်ရာတွေကြောင့် ရိုက်သမျှရုပ်ရှင်ကားတိုင်း အောင်မြင်ခဲ့တာ ဖြစ်ပါတယ်…လက်ရှိအချိန်မှာတော့ ရုပ်ရှင်ဇာတ်ကား ၃ ကားရိုက်ကူးထားခဲ့ပြီး ထိုကားတွေအားလုံးဟာလုံး ရုံပြည့်ရုံလျှံအားပေးမှုတွေရရှိခဲ့တာပါ…



နောက်ဆုံးရိုက်ကူးခဲ့တဲ့ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားဟာလည်း ပရိသတ်တွေ အားပေးမှုရရှိခဲ့ပြီး ဝင်ငွေအလွန်ရခဲ့တဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်….
“ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကနေ ဝင်ငွေမြောက်များစွာရရှိခဲ့တာကြောင့် ထိုရရှိတဲ့ ဝင်ငွေထဲကနေ နိုင်ငံတော်ကို ကျပ် သိန်း ၁၈၀၀ နီးပါး အခွန်ဆောင်ရတော့မယ်လို့ သိရပါတယ်….



လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ထိုဇာတ်ကားကနေ ဝင်ငွေ သိန်းပေါင်း ၂ သောင်း ၄ ထောင်ကျော်ရရှိခဲ့တယ်လို့ ဒါရိုက်တာ ခရစ္စတီးနားခီ ကိုယ်တိုင် Fan Meeting မှာ တရားဝင် ထုတ်ဖော်ပြောကြားခဲ့တယ်လို့ သိရပါတယ်….
ရှေ့မှာ ထွက်ရှိထားခဲ့တဲ့ မုဒြာခေါ်သံနဲ့ ဥပါယ်တံမျဉ် ဇာတ်ကားတွေအတွက်လည်း သိန်း ၁၁၀၀ ခန့် အခွန်ဆောင်ရမယ်လို့ သိရပါတယ်….



ဒါဟာ ပရိသတ်တွေရဲ့ စံချိန်တင်အားပေးမှုတွေကြောင့် ဝင်ငွေမြောက်များစွာ ရရှိခဲ့တာဖြစ်ပြီးတော့ အခွန်ကလည်းခုလိုများပြားစွာ ဆောင်ရတာပဲ ဖြစ်ပါတယ်….
ခုလို စံချိန်တင်ဝင်ငွေတွေနဲ့ အောင်မြင်ခဲ့တဲ့ ခီမောင်နှံအတွက် ပရိသတ်တွေကလည်း ဝမ်းသာနေကြတာဖြစ်ပြီးတော့ သူတို့ဇနီးမောင်နှံအတွက်လည်း ဂုဏ်ပြုစကားတွေပြောဆိုနေကြတာကို လူမှုကွန်ရက်မှာတွေ့ရှိရပါတယ်…


Writer – HW (Shwe Yaung Lan)

Source : SM – SearchMyanmar



Previous
Next Post »
Powered by Blogger.