တစ်ရွာလုံးကို လက်ခလယ်ထောင်ပြဖို့ ဒေါ်လာ ၄၀၀၀ ကျော်အကုန်ကျခံ ခဲ့တဲ့သူ
Zawgyiဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ကိုယ်မုန်းတဲ့လူတွေကို မကျေနပ်ကြောင်းပြသဖို့အတွက် $4000 အကုန်ခံဖို့ သင်ဆန္ဒရှိပါသလား။Westford မှာနေထိုင်တဲ့ Ted Pelkey ဆိုတဲ့လူကတော့ သူမြို့မှာနေထိုင်သူတွေကို မကျေနပ်ကြောင်းပြသဖို့ လက်ခလယ်ပုံ ရုပ်ထုကြီးကို အားလုံးမြင်တဲ့နေရာမှာ ထုလုပ်ခဲ့ပါတယ်။
ဖြစ်ပုံကတော့ ဒီလိုပါ။ Pelkey ဟာ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကတည်းက ဓာတ်ဆီဆိုင်ဆောက်ချင်ပေမယ့် ပါမစ်မရခဲ့တဲ့အတွက် စီးပွားရေးမလုပ်ခဲ့ရပါဘူး Pelkey ဟာ Swanton မှာနေထိုင်သူဖြစ်ပြီး
သူဟာ ပတ်ပတ်လည် ပေ ၈၀၀၀ ရှိတဲ့ ဓာတ်ဆီဆိုင်တည်ဆောက်ဖို့ မြေနေရာတောင်းခံခဲ့ခြင်းဖြစ်ပါတယ် မြို့တော်တာဝန်ခံတွေဟာ Pelkey ရဲ့တောင်းဆိုချက်ကို ပယ်ချခဲ့ပြီး ဘုတ်အဖွဲ့ဝင်တွေကလည်း ဒါဟာ ပတ်ဝန်းကျင်ကလူတွေကို ထိခိုက်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
ဒါကြောင့် Pelkey ဟာ သူ့ရဲ့မကျေနပ်ချက်တွေကိုထုတ်ဖော်ပြသဖို့အတွက် အားလုံးမြင်နိုင်တဲ့နေရာမှာ လက်ခလယ်ထောင်ပြထားတဲ့ ရုပ်ထုကြီးကို တည်ဆောက်ပါတော့တယ်။
သူ့ရဲ့ ၁၀နှစ်တာ ကြိုးစားတောင်းဆိုမှု မအောင်မြင်ခဲ့တာကြောင့် ဒီလိုအကုန်ခံကာ မကျေနပ်ခြင်းကိုပြသခဲ့ပေမယ့် ထိုမြို့မှာနေထိုင်သူတွေကို မုန်းလို့ပြုလုပ်တာမဟုတ်ဘဲ သူမကျေနပ်သူများကိုသာ ရည်ရွယ်တာဖြစ်တယ် လို့ဆိုပါတယ် သူ့ရဲ့ရုပ်ထုကြီးဟာ ပေါင် ၇၀၀ရှိပြီး အမြင့်ပေ ၁၆ပေရှိတယ်လို့ သိရပါတယ်။ တချို့ကတော့ ဒီအရုပ်ကြီးကို တော်တော်မနှစ်မြို့ပေမယ့် လူတော်တော်များများကတော့ သူ့ရဲ့ဆန္ဒပြနည်းကို သဘောကျကြတယ်လို့ သိရပါတယ်။
Credit: Burmese 
Previous
Next Post »
Powered by Blogger.