အိမ္ေထာင္သက္ ၁၅ ႏွစ္ရွိၿပီျဖစ္တဲ့ ၾကက္ဖတို႔ ဇနီးေမာင္ႏွံ




Zawgyiျဖင့္ဖတ္ရန္

ၾကက္ဖ ကေတာ့ ဇနီးျဖစ္သူနဲ႔ အတူ ေလွ်ာက္လွမ္းေနတဲ့ အိမ္ေထာင္ေရးအေၾကာင္းေျပာျပလာပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ကလည္း စိတ္ဆိုး စိတ္ေကာက္ေလးေတြရွိတယ္လို႔ ဆိုပါတယ္။အဆိုေတာ္ ၾကက္ဖနဲ႔ သူ႔ရဲ႕ ဇနီးတို႔ကေတာ့ အခုဆိုရင္ အိမ္ေထာင္သက္ ၁၅ ႏွစ္ရွိၿပီလို႔ သိရပါတယ္။ စေတြ႕ခ်ိန္တုန္းက အမွတ္တရကိုလည္း ၾကက္ဖ က ေျပာျပခဲ့ျပန္ပါေသးတယ္။



ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ကေတာ့ ဟီးဟီးဟားဟားပဲ ပုံမွန္လူေတြလိုပါပဲ။ ျပသနာတတ္တဲ့အခါေတြရွိတယ္၊ စိတ္ေကာက္ရင္ မေခၚမေျပာတာေတြရွိတယ္။ စေတြ႕တုန္းကဆိုရင္ Game တစ္ခုေဆာ့တာ သူ႔ကို မႏိုင္လို႔ဆိုၿပီးေတာ့ ၃ ရက္ေလာက္ စကားမေျပာပဲ ေနခဲ့ဖူးတယ္။ ကြၽန္ေတာ္က ေၾကာင္ေတာင္ေတာင္ ျဖစ္ေနေတာ့ နည္းနည္းထူးဆန္းတယ္ေပါ့” ဆိုၿပီးေတာ့ သေဘာက်ရယ္ေမာရင္း ေျပာျပလာပါတယ္။



ၾကက္ဖရဲ႕ ဇနီးကလည္း သူနဲ႔ အတူတူသီခ်င္းေတြ သီဆိုေလ့ရွိပါတယ္။ Rapper မေလးဆိုရင္လည္း မမွားပါဘူး။ ဂီတအလုပ္ကို အတူတူလုပ္ေနၾကတာ ျဖစ္တဲ့အတြက္ တစ္ေယာက္အေပၚ တစ္ေယာက္ ထားၾကတဲ့ နားလည္မႈေတြအေၾကာင္းကို ၾကက္ဖက ေျပာျပခဲ့ပါေသးတယ္။“လူတိုင္းက ေကာင္းတဲ့အခ်က္ႀကီးပဲေတာ့မရွိဘူး။ မေကာင္းတဲ့အခ်က္ေတြလည္းရွိမွာပဲ။ အဓိက က သူမေကာင္းတာကို ကိုယ္က နားလည္ေပးရမွာ မဟုတ္ဘူး။ သူမေကာင္းတာကို သူနားလည္ရမွာ၊ ကိုယ္မေကာင္းတာကို ကိုယ္နားလည္ရမွာ ဒီလိုပဲ အႀကံေပးခ်င္တာပါ။ ကြၽန္ေတာ္ေျပာတာလည္း ဟုတ္ခ်င္မွ ဟုတ္မွာေပါ့ေနာ္။ ကြၽန္ေတာ့္ထက္ေကာင္းတဲ့ အႀကံဉာဏ္ေတြလည္းရွိခ်င္ ရွိမွာပါ” ဆိုၿပီးေတာ့ ႏိုဝင္ဘာလ ၃၀ ရက္ေန႔က သန္းေခါင္ယံ ႐ုပ္ရွင္ကားႀကီး အထူးျပပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။



ၾကက္ဖကေတာ့ လက္ရွိမွာ ကိုယ္တိုင္သီခ်င္းေရး၊ ကိုယ္တိုင္ သီခ်င္းဆိုေနတာကို ေတြ႕ရပါတယ္။ ၂၀၁၈ ခုႏွစ္မွစၿပီး ဂီတအလုပ္ေတြကို ေျဖးေျဖးနဲ႔ မွန္မွန္ ေဆာင္႐ြက္လာတဲ့ ၾကက္ဖရဲ႕ သီခ်င္းအသစ္ေတြကိုလည္း ပရိသတ္ေတြက ေစာင့္ေမွ်ာ္လို႔ေနပါတယ္။ သူ႔ကိုေတာ့ Rap သီခ်င္းေတြကေနတဆင့္ ပရိသတ္ေတြ စတင္အားေပးခဲ့ၾကတာျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ပရိသတ္မ်ားစြာတို႔ရဲ႕ အားေပးမႈကို ရရွိထားႏိုင္ၿပီ ျဖစ္ပါတယ္။

Unicode ဖြင့်ဖတ်ရန်


ကြက်ဖ ကတော့ ဇနီးဖြစ်သူနဲ့ အတူ လျှောက်လှမ်းနေတဲ့ အိမ်ထောင်ရေးအကြောင်းပြောပြလာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း စိတ်ဆိုး စိတ်ကောက်လေးတွေရှိတယ်လို့ ဆိုပါတယ်။အဆိုတော် ကြက်ဖနဲ့ သူ့ရဲ့ ဇနီးတို့ကတော့ အခုဆိုရင် အိမ်ထောင်သက် ၁၅ နှစ်ရှိပြီလို့ သိရပါတယ်။ စတွေ့ချိန်တုန်းက အမှတ်တရကိုလည်း ကြက်ဖ က ပြောပြခဲ့ပြန်ပါသေးတယ်။



ကျွန်တော်တို့ နှစ်ယောက်ကတော့ ဟီးဟီးဟားဟားပဲ ပုံမှန်လူတွေလိုပါပဲ။ ပြသနာတတ်တဲ့အခါတွေရှိတယ်၊ စိတ်ကောက်ရင် မခေါ်မပြောတာတွေရှိတယ်။ စတွေ့တုန်းကဆိုရင် Game တစ်ခုဆော့တာ သူ့ကို မနိုင်လို့ဆိုပြီးတော့ ၃ ရက်လောက် စကားမပြောပဲ နေခဲ့ဖူးတယ်။ ကျွန်တော်က ကြောင်တောင်တောင် ဖြစ်နေတော့ နည်းနည်းထူးဆန်းတယ်ပေါ့” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။



ကြက်ဖရဲ့ ဇနီးကလည်း သူနဲ့ အတူတူသီချင်းတွေ သီဆိုလေ့ရှိပါတယ်။ Rapper မလေးဆိုရင်လည်း မမှားပါဘူး။ ဂီတအလုပ်ကို အတူတူလုပ်နေကြတာ ဖြစ်တဲ့အတွက် တစ်ယောက်အပေါ် တစ်ယောက် ထားကြတဲ့ နားလည်မှုတွေအကြောင်းကို ကြက်ဖက ပြောပြခဲ့ပါသေးတယ်။“လူတိုင်းက ကောင်းတဲ့အချက်ကြီးပဲတော့မရှိဘူး။ မကောင်းတဲ့အချက်တွေလည်းရှိမှာပဲ။ အဓိက က သူမကောင်းတာကို ကိုယ်က နားလည်ပေးရမှာ မဟုတ်ဘူး။ သူမကောင်းတာကို သူနားလည်ရမှာ၊ ကိုယ်မကောင်းတာကို ကိုယ်နားလည်ရမှာ ဒီလိုပဲ အကြံပေးချင်တာပါ။ ကျွန်တော်ပြောတာလည်း ဟုတ်ချင်မှ ဟုတ်မှာပေါ့နော်။ ကျွန်တော့်ထက်ကောင်းတဲ့ အကြံဉာဏ်တွေလည်းရှိချင် ရှိမှာပါ” ဆိုပြီးတော့ နိုဝင်ဘာလ ၃၀ ရက်နေ့က သန်းခေါင်ယံ ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။



ကြက်ဖကတော့ လက်ရှိမှာ ကိုယ်တိုင်သီချင်းရေး၊ ကိုယ်တိုင် သီချင်းဆိုနေတာကို တွေ့ရပါတယ်။ ၂၀၁၈ ခုနှစ်မှစပြီး ဂီတအလုပ်တွေကို ဖြေးဖြေးနဲ့ မှန်မှန် ဆောင်ရွက်လာတဲ့ ကြက်ဖရဲ့ သီချင်းအသစ်တွေကိုလည်း ပရိသတ်တွေက စောင့်မျှော်လို့နေပါတယ်။ သူ့ကိုတော့ Rap သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ ပရိသတ်များစွာတို့ရဲ့ အားပေးမှုကို ရရှိထားနိုင်ပြီ ဖြစ်ပါတယ်။


Credit: Burmese asia 

Previous
Next Post »
Powered by Blogger.