ကေလးသူခိုးကို..စြန့္စြန့္စားစား လုံးေထြးသတ္ပုတ္ ဖမ္းဆီးခဲ့တဲ့ ေရနံေခ်ာင္းျမို့က သတၱိခဲ မိန္းမပ်ိုေလး. .






Zawgyiျဖင့္ဖတ္ရန္


ေရနံေခ်ာင္းျမို့တြင္ ကေလးသူခိုးအား ကေလးခိုးေနစဥ္ လက္ပူးလက္ျကပ္ဖမ္းဆီးရရွိမႈ ျဖစ္ပြား. . ။

၂၀ဝန္းက်င္ လူငယ္လူရြယ္ မိန္းမပ်ိုေလးမ်ား နွင့္ ကေလးသူငယ္မ်ား မျကာမျကာ ေပ်ာက္ဆုံးေနမႈဟာ ျမို့နယ္ေဒသ အေတာ္မ်ားမ်ားမွာ ခပ္စိပ္စိပ္ျကားေနရပါတယ္။



ဒါ႔ေျကာင့္ ကေလးသူငယ္မ်ားနွင့္ ေက်ာင္းသား/ေက်ာင္းသူေလးမ်ား အပါအဝင္ မိမိ၏ သားသမီးရင္ေသြးရတနာမ်ားကို သြားသတိ လာသတိနွင့္ ရွိေစဖို့ ျကပ္မတ္ဂရုစိုက္ေပးျကပါေနာ္။

တာဝန္ရွိသူမ်ားနွင့္ ျပည္သူအေပါင္းတို့ စုေပါင္းညီညာစြာ ကာကြယ္ေစာင့္ေရွာက္မွသာလွ်င္ အနာဂတ္ပန္းကေလးမ်ားျဖစ္ေသာ ကေလးငယ္မ်ားဟာ ပန္းေကာင္းအညႊန့္က်ိုး မျဖစ္ဘဲ ေကာင္းမြန္စြာ လန္းျဖာလာနိုင္မွာပါေနာ္. . ။



ဒီေန႔ ေရနံေခ်ာင္းၿမိဳ့ေညာင္လွရပ္ကြက္တြင္ ကေလးငယ္အား အိမ္ထဲသို့ ဝင္ေရာက္ခိုးမႈျဖစ္ပြားခဲ့ျပီး ကေလးခိုးသူအားလည္း ဖမ္းမိထားေၾကာင္းၾကားသိရပါတယ္ ။

ဒီကေလးခိုးယူတဲ့ ကေလးသူခိုးကို ဝိုင္းဝန္း ဖမ္းဆီးနိုင္ခဲ့ရာမွာေတာ့ အာဂသတၱိနဲ့ ရဲရင့္လွတဲ့ မိန္းမပ်ိုေလးတစ္ဦးရဲ႕ မေျကာက္မရြံ႕ ဝင္လုံးတိုက္ခိုက္မႈဟာ တကယ့္ကို အံ့ျသေလးစားဖြယ္ရာပဲ ျဖစ္ပါတယ္။



ကယ္ျကပါအုံး ကူျကပါအုံးဆိုတဲ့ အသံျကားတာနဲ့ မိန္းကေလးမို့ မဝင္ဖို့ တခ်ို့သူေတြ တားဆီးေနတဲ့ျကားထဲက
သတၱိရွိရဲရင့္စြာ ကေလးသူခိုးလက္ထဲကေန ကေလးငယ္ကို အဦးဆုံး ဝင္ေရာက္လုံးေထြး ကယ္တင္ေပးခဲ့တဲ့ မိန္းမပ်ိုေလးကို ထိုက္တန္စြာ ဂုဏ္ျပုခ်ီးေျမွာက္သင့္လွပါတယ္။

ေရနံေခ်ာင္းသူေရနံေခ်ာင္းသားမ်ားျဖစ္ၾကေသာ ၿမိဳ့မိၿမိဳ့ဖမ်ား. .ကေလးသူခိုးအား အမ်ားျမင္သာေအာင္ျပေစျပီး ျပစ္ဒဏ္ကိုလည္း ျကီးေလးေသာျပစ္ဒဏ္ေပးေစလိုပါေၾကာင္း အဆိုျပဳပါသည္ ကေလးသူခိုးအားလည္းပုံနင့္တကြ ေဖာ္ျပေပးလိုက္ပါသည္ ။



ေရနံေခ်ာင္းၿမိဳနယ္ ေညာင္လွရြာသစ္ ရက္ကြက္ ေက်ာင္းဆင္းခ်ိန္မွာ ကေလးကို ေနာက္ကလိုက္ျပီး အိမ္ထဲထိ ဝင္ေရာက္ဖမ္းၿပီး ကေလးလည္ပင္းကို ညစ္တဲ့ ကေလးသူခိုးပုံပါ ။




ကေလးသူငယ္မ်ားနွင့္ လူေပ်ာက္မႈမ်ား ထပ္မံမျဖစ္ေပါ္ေစေရးအတြက္ မိမိညီအစ္ကို ေမာင္နွမနွင့္ နီးစပ္ရာတိုင္းကို လက္လွမ္းမီသမွ် ပူးေပါင္းကာကြယ္ေပးျကဖို့လည္း တိုက္တြန္းျကရင္း ကိုယ္တိုင္လည္း တက္ျကြစြာ ဝိုင္းဝန္းကာကြယ္ျကပါစို့။


Video Link -  https://www.youtube.com/watch?v=pAzqpruDKTk

၁၄ ေယာက္အဖြဲ႕လို့လည္းသိရပါတယ္ ေမးေတာ့လည္း ေသရင္ေသပါေစ မေျပာဘူး လို့လည္းေျပာပါတယ္ အားလုံးအစစ အရာရာ ကေလးေတြကို ဂ႐ုစိုက္ၾကပါ ။

တာဝန္ရွိသူအေပါင္းနွင့္ ဆရာ/ဆရာမမ်ား ၊မိဘျပည္သူမ်ား အားလုံးပူေပါင္းျကျပီး ေက်ာင္းက်ူရွင္မ်ား၊ရပ္ကြက္နွင့္ လူစည္ကားရာေနရာမ်ားမွာလည္း သတိေပးစာမ်ား ကပ္ကာ သတိေပး ႏိႈးေဆာ္ထားျကသင့္ပါျပီေနာ္။


Unicode ဖြင့်ဖတ်ရန်


ရေနံချောင်းမြို့တွင် ကလေးသူခိုးအား ကလေးခိုးနေစဉ် လက်ပူးလက်ကြပ်ဖမ်းဆီးရရှိမှု ဖြစ်ပွား. . ။

၂၀ဝန်းကျင် လူငယ်လူရွယ် မိန်းမပျိုလေးများ နှင့် ကလေးသူငယ်များ မကြာမကြာ ပျောက်ဆုံးနေမှုဟာ မြို့နယ်ဒေသ အတော်များများမှာ ခပ်စိပ်စိပ်ကြားနေရပါတယ်။



ဒါ့ကြောင့် ကလေးသူငယ်များနှင့် ကျောင်းသား/ကျောင်းသူလေးများ အပါအဝင် မိမိ၏ သားသမီးရင်သွေးရတနာများကို သွားသတိ လာသတိနှင့် ရှိစေဖို့ ကြပ်မတ်ဂရုစိုက်ပေးကြပါနော်။

တာဝန်ရှိသူများနှင့် ပြည်သူအပေါင်းတို့ စုပေါင်းညီညာစွာ ကာကွယ်စောင့်ရှောက်မှသာလျှင် အနာဂတ်ပန်းကလေးများဖြစ်သော ကလေးငယ်များဟာ ပန်းကောင်းအညွှန့်ကျိုး မဖြစ်ဘဲ ကောင်းမွန်စွာ လန်းဖြာလာနိုင်မှာပါနော်. . ။



ဒီနေ့ ရေနံချောင်းမြို့ညောင်လှရပ်ကွက်တွင် ကလေးငယ်အား အိမ်ထဲသို့ ဝင်ရောက်ခိုးမှုဖြစ်ပွားခဲ့ပြီး ကလေးခိုးသူအားလည်း ဖမ်းမိထားကြောင်းကြားသိရပါတယ် ။

ဒီကလေးခိုးယူတဲ့ ကလေးသူခိုးကို ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့ရာမှာတော့ အာဂသတ္တိနဲ့ ရဲရင့်လှတဲ့ မိန်းမပျိုလေးတစ်ဦးရဲ့ မကြောက်မရွံ့ ဝင်လုံးတိုက်ခိုက်မှုဟာ တကယ့်ကို အံ့သြလေးစားဖွယ်ရာပဲ ဖြစ်ပါတယ်။



ကယ်ကြပါအုံး ကူကြပါအုံးဆိုတဲ့ အသံကြားတာနဲ့ မိန်းကလေးမို့ မဝင်ဖို့ တချို့သူတွေ တားဆီးနေတဲ့ကြားထဲက
သတ္တိရှိရဲရင့်စွာ ကလေးသူခိုးလက်ထဲကနေ ကလေးငယ်ကို အဦးဆုံး ဝင်ရောက်လုံးထွေး ကယ်တင်ပေးခဲ့တဲ့ မိန်းမပျိုလေးကို ထိုက်တန်စွာ ဂုဏ်ပြုချီးမြှောက်သင့်လှပါတယ်။

ရေနံချောင်းသူရေနံချောင်းသားများဖြစ်ကြသော မြို့မိမြို့ဖများ. .ကလေးသူခိုးအား အများမြင်သာအောင်ပြစေပြီး ပြစ်ဒဏ်ကိုလည်း ကြီးလေးသောပြစ်ဒဏ်ပေးစေလိုပါကြောင်း အဆိုပြုပါသည် ကလေးသူခိုးအားလည်းပုံနင့်တကွ ဖော်ပြပေးလိုက်ပါသည် ။



ရေနံချောင်းမြိုနယ် ညောင်လှရွာသစ် ရက်ကွက် ကျောင်းဆင်းချိန်မှာ ကလေးကို နောက်ကလိုက်ပြီး အိမ်ထဲထိ ဝင်ရောက်ဖမ်းပြီး ကလေးလည်ပင်းကို ညစ်တဲ့ ကလေးသူခိုးပုံပါ ။




ကလေးသူငယ်များနှင့် လူပျောက်မှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက် မိမိညီအစ်ကို မောင်နှမနှင့် နီးစပ်ရာတိုင်းကို လက်လှမ်းမီသမျှ ပူးပေါင်းကာကွယ်ပေးကြဖို့လည်း တိုက်တွန်းကြရင်း ကိုယ်တိုင်လည်း တက်ကြွစွာ ဝိုင်းဝန်းကာကွယ်ကြပါစို့။




၁၄ ယောက်အဖွဲ့လို့လည်းသိရပါတယ် မေးတော့လည်း သေရင်သေပါစေ မပြောဘူး လို့လည်းပြောပါတယ် အားလုံးအစစ အရာရာ ကလေးတွေကို ဂရုစိုက်ကြပါ ။

တာဝန်ရှိသူအပေါင်းနှင့် ဆရာ/ဆရာမများ ၊မိဘပြည်သူများ အားလုံးပူပေါင်းကြပြီး ကျောင်းကျူရှင်များ၊ရပ်ကွက်နှင့် လူစည်ကားရာနေရာများမှာလည်း သတိပေးစာများ ကပ်ကာ သတိပေး နှိုးဆော်ထားကြသင့်ပါပြီနော်။


Credit: Lucky 7Media 


Previous
Next Post »
Powered by Blogger.