အဆက္ျဖတ္လိုက္သည့္ ရည္းစား၏ မာစီးဒီးကားကို ေရကူးကန္ထဲ ေမာင္းခ်တဲ့ အမ်ိဳးသမီး





Zawgyi ျဖင့္ဖတ္ရန္

ဘဏ္လုပ္ငန္းရွင္ ရည္းစားျဖစ္သူက ရင္းႏွီးျမႇဳပ္ႏွံဖို႔ ေငြမကူညီဘဲ သူမကို အဆက္ျဖတ္လိုက္လို႔ ျပန္လည္တုံ႔ျပန္တဲ့အေနနဲ႔ ရည္းစားရဲ႕ မာစီးဒီးကားကို ေရကူးကန္ထဲ ေမာင္းခ်ခဲ့ပါတယ္။

ဘဟားမားႏိုင္ငံက အသက္ ၂၄ ႏွစ္အ႐ြယ္ ခရစၥတီနာကူခ်မာဆိုတဲ့ အမ်ိဳးသမီးဟာ စီးပြားေရးလုပ္ငန္းမွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ သူမရည္းစားထံက ေဒၚလာ ၅ ေသာင္း အကူအညီ ေတာင္းခဲ့ပါတယ္။

ရည္းစားျဖစ္သူက ရင္းႏွီးေငြမေပးလို႔ စိတ္ဆိုးေဒါသထြက္ၿပီး သူတို႔ ၂ ဦး ညစာစားေနတဲ့ေနရာနဲ႔ နီးတဲ့ ရည္းစားရဲ႕အိမ္က ကားကို ေရကူးကန္ထဲ ေမာင္းခ်ခဲ့တာပါ။

ညစာစားခ်ိန္မွာ အမ်ိဳးသားရဲ႕မ်က္ႏွာကိုလည္း ခရစၥတီနာက ေရေႏြးနဲ႔ ပက္ခဲ့ပါေသးတယ္။




ဒီေနာက္ ရည္းစားျဖစ္သူရဲ႕ အိမ္ထဲကို ခိုးဝင္ခဲ့ၿပီး ေပါင္ ၄ ေသာင္း ၁ ေထာင္ တန္ေၾကးရွိတဲ့ မာစီးဒီးကားကို အမ်ိဳးသားရဲ႕ ေရကူးကန္ထဲ ေမာင္းခ်ၿပီး “လူလိမ္၊ ငါ့စီးပြားေရးစဖို႔ နင္ကူညီမယ္လို႔ ငါ့ကိုေျပာတယ္၊ ခုက်ေတာ့ နင္က ရင္းႏွီးျမႇဳပ္ႏွံသူျဖစ္ခ်င္တယ္၊ နင့္ၿခံအေနာက္ဘက္မွာ နင့္အတြက္ အံ့ၾသစရာတခု ငါထားထားတယ္၊ ဒီရင္းႏွီးျမႇဳပ္ဖို႔အႀကံကို စလုပ္လိုက္ပါ” လို႔ တယ္လီဖုန္းမက္ေဆ့ခ်္ ပို႔ခဲ့ပါတယ္။

အမ်ိဳးသားကေတာ့ သူမ စီးပြားေရးလုပ္ငန္းအတြက္ ေငြအကူအညီေတာင္းမႈ အၿပီးမွာ သူမက ေငြတခုတည္းအတြက္ေၾကာင့္ သူ႔ကိုဆက္ဆံခဲ့တာလို႔ ယူဆၿပီး အမ်ိဳးသမီးကို ရည္းစားအျဖစ္က ျပတ္ဆဲလိုက္ပါတယ္။ အမ်ိဳးသား ေနာက္တေန႔ အိမ္ျပန္ခ်ိန္မွာ ေရကူးကန္ထဲ နစ္ျမႇဳပ္ေနတဲ့ ကားကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။

“သူမ်ား ေရျမဳပ္တဲ့ကားထဲ ရွိေနမလားဆိုၿပီး တကယ္ပဲ စိုးရိမ္ေနတာ၊ က်ေနာ္ အဲဒီအခ်ိန္မွာ ကားကို တကယ္ပဲ ဂ႐ုမစိုက္ပါဘူး၊ ကားထဲမွာ သူမရွိဘူးဆိုမွ စိတ္ေအးႏိုင္တယ္၊ က်ေနာ္က သူ႔ကို ပစ္လိုက္ေတာ့ သူက က်ေနာ့္ကားကို ျပန္လႊင့္ပစ္လိုက္တာေပါ့၊ က်ေနာ္ ဒီမိန္းကေလးကို တကယ္ခ်စ္တာပါ၊ က်ေနာ္ လက္ထပ္ဖို႔ ရည္႐ြယ္ထားပါတယ္၊ ဒါေပမယ့္ သူက အရမ္းကို ဆိုးဆိုး႐ြား႐ြား လုပ္သြားတယ္” လို႔ အမ်ိဳးသားက နယူးေယာ့ခ္ပို႔စ္ သတင္းဌာနကို ေျပာပါတယ္။



ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ သတင္းဌာနက ဆက္သြယ္ခ်ိန္မွာ ကူခ်မာက ျငင္းဆန္ခဲ့ပါတယ္။
ဒီျဖစ္ရပ္နဲ႔ပတ္သက္လို႔ အမႈဖြင့္ထားၿပီး ေရကူူးကန္ထဲက ကားကို ဆယ္ဖို႔ အခ်ိန္ ၄ နာရီေက်ာ္ၾကာေၾကာင္း အမ်ိဳးသားက အတည္ျပဳေျပာလိုက္တယ္လို႔ ေမရာသတင္းမွာ ေဖာ္ျပထားပါတယ္။

share from: xyznews

Unicode ဖြင့်ဖတ်ရန်

အဆက်ဖြတ်လိုက်သည့် ရည်းစား၏ မာစီးဒီးကားကို ရေကူးကန်ထဲ မောင်းချတဲ့ အမျိုးသမီး


ဘဏ်လုပ်ငန်းရှင် ရည်းစားဖြစ်သူက ရင်းနှီးမြှုပ်နှံဖို့ ငွေမကူညီဘဲ သူမကို အဆက်ဖြတ်လိုက်လို့ ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ ရည်းစားရဲ့ မာစီးဒီးကားကို ရေကူးကန်ထဲ မောင်းချခဲ့ပါတယ်။

ဘဟားမားနိုင်ငံက အသက် ၂၄ နှစ်အရွယ် ခရစ္စတီနာကူချမာဆိုတဲ့ အမျိုးသမီးဟာ စီးပွားရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ သူမရည်းစားထံက ဒေါ်လာ ၅ သောင်း အကူအညီ တောင်းခဲ့ပါတယ်။

ရည်းစားဖြစ်သူက ရင်းနှီးငွေမပေးလို့ စိတ်ဆိုးဒေါသထွက်ပြီး သူတို့ ၂ ဦး ညစာစားနေတဲ့နေရာနဲ့ နီးတဲ့ ရည်းစားရဲ့အိမ်က ကားကို ရေကူးကန်ထဲ မောင်းချခဲ့တာပါ။

ညစာစားချိန်မှာ အမျိုးသားရဲ့မျက်နှာကိုလည်း ခရစ္စတီနာက ရေနွေးနဲ့ ပက်ခဲ့ပါသေးတယ်။



ဒီနောက် ရည်းစားဖြစ်သူရဲ့ အိမ်ထဲကို ခိုးဝင်ခဲ့ပြီး ပေါင် ၄ သောင်း ၁ ထောင် တန်ကြေးရှိတဲ့ မာစီးဒီးကားကို အမျိုးသားရဲ့ ရေကူးကန်ထဲ မောင်းချပြီး “လူလိမ်၊ ငါ့စီးပွားရေးစဖို့ နင်ကူညီမယ်လို့ ငါ့ကိုပြောတယ်၊ ခုကျတော့ နင်က ရင်းနှီးမြှုပ်နှံသူဖြစ်ချင်တယ်၊ နင့်ခြံအနောက်ဘက်မှာ နင့်အတွက် အံ့သြစရာတခု ငါထားထားတယ်၊ ဒီရင်းနှီးမြှုပ်ဖို့အကြံကို စလုပ်လိုက်ပါ” လို့ တယ်လီဖုန်းမက်ဆေ့ချ် ပို့ခဲ့ပါတယ်။

အမျိုးသားကတော့ သူမ စီးပွားရေးလုပ်ငန်းအတွက် ငွေအကူအညီတောင်းမှု အပြီးမှာ သူမက ငွေတခုတည်းအတွက်ကြောင့် သူ့ကိုဆက်ဆံခဲ့တာလို့ ယူဆပြီး အမျိုးသမီးကို ရည်းစားအဖြစ်က ပြတ်ဆဲလိုက်ပါတယ်။ အမျိုးသား နောက်တနေ့ အိမ်ပြန်ချိန်မှာ ရေကူးကန်ထဲ နစ်မြှုပ်နေတဲ့ ကားကို တွေ့ရတယ်လို့ ဆိုပါတယ်။

“သူများ ရေမြုပ်တဲ့ကားထဲ ရှိနေမလားဆိုပြီး တကယ်ပဲ စိုးရိမ်နေတာ၊ ကျနော် အဲဒီအချိန်မှာ ကားကို တကယ်ပဲ ဂရုမစိုက်ပါဘူး၊ ကားထဲမှာ သူမရှိဘူးဆိုမှ စိတ်အေးနိုင်တယ်၊ ကျနော်က သူ့ကို ပစ်လိုက်တော့ သူက ကျနော့်ကားကို ပြန်လွှင့်ပစ်လိုက်တာပေါ့၊ ကျနော် ဒီမိန်းကလေးကို တကယ်ချစ်တာပါ၊ ကျနော် လက်ထပ်ဖို့ ရည်ရွယ်ထားပါတယ်၊ ဒါပေမယ့် သူက အရမ်းကို ဆိုးဆိုးရွားရွား လုပ်သွားတယ်” လို့ အမျိုးသားက နယူးယော့ခ်ပို့စ် သတင်းဌာနကို ပြောပါတယ်။



ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ သတင်းဌာနက ဆက်သွယ်ချိန်မှာ ကူချမာက ငြင်းဆန်ခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အမှုဖွင့်ထားပြီး ရေကူူးကန်ထဲက ကားကို ဆယ်ဖို့ အချိန် ၄ နာရီကျော်ကြာကြောင်း အမျိုးသားက အတည်ပြုပြောလိုက်တယ်လို့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။

share from: xyznews


Previous
Next Post »
Powered by Blogger.