ရန္ကုန္မွာျပဳလုပ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ ေထာက္ခံပြဲ




Zawgyiျဖင့္ဖတ္ရန္

ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံအေပၚ အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) မွာ တရားစြဲဆိုထားမႈကို သြားေရာက္တရားရင္ဆိုင္မယ့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္အား ေထာက္ခံပြဲကို ရန္ကုန္မွာ ျပဳလုပ္ခဲ့ပါတယ္။ဒီေထာက္ခံပြဲကို ဒီဇင္ဘာ ၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံေရွ႕မွာ ျပဳလုပ္ခဲ့ၿပီး လာေရာက္ေထာက္ခံသူ ၃၀၀ ဝန္းက်င္ေလာက္ရွိပါတယ္။



လာေရာက္ေထာက္ခံသူေတြဟာ We Stand With ေဒၚေအာင္ဆန္းစုၾကည္လို႔ ေႂကြးေၾကာ္ခဲ့ပါတယ္။ ဒီေထာက္ခံပြဲေတြကို ျမန္မာႏိုင္ငံေနရာတခ်ိဳ႕မွာ NLD ကို ဝန္းရံသူအမ်ားစုက ဦးေဆာင္က်င္းပခဲ့ၾကတာပါ။အဲဒီေထာက္ခံပြဲကို ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းအပါအဝင္ ျပည္သူရာနဲ႔ခ်ီ တက္ေရာက္ခဲ့ၾကပါတယ္။



ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ခြာသူမ်ားကိစၥနဲ႔ ပတ္သက္ၿပီး ဂမ္ဘီယာႏိုင္ငံက အစၥလာမၼစ္ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (OIC) ကိုယ္စား ျမန္မာႏိုင္ငံကို နယ္သာလန္ႏိုင္ငံ သည္ဟိဟ္ၿမိဳ႕ အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) မွာ တရားစြဲဆိုထားတာ ျဖစ္ၿပီး ဒီဇင္ဘာ ၁၀ ရက္ေန႔ စတင္ၾကားနာမွာျဖစ္ပါတယ္။

Unicode ဖြင့်ဖတ်ရန်



ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုထားမှုကို သွားရောက်တရားရင်ဆိုင်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံပွဲကို ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။ဒီထောက်ခံပွဲကို ဒီဇင်ဘာ ၁ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြုလုပ်ခဲ့ပြီး လာရောက်ထောက်ခံသူ ၃၀၀ ဝန်းကျင်လောက်ရှိပါတယ်။



လာရောက်ထောက်ခံသူတွေဟာ We Stand With ဒေါ်အောင်ဆန်းစုကြည်လို့ ကြွေးကြော်ခဲ့ပါတယ်။ ဒီထောက်ခံပွဲတွေကို မြန်မာနိုင်ငံနေရာတချို့မှာ NLD ကို ဝန်းရံသူအများစုက ဦးဆောင်ကျင်းပခဲ့ကြတာပါ။အဲဒီထောက်ခံပွဲကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် ပြည်သူရာနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။



ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ သည်ဟိဟ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတာ ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ စတင်ကြားနာမှာဖြစ်ပါတယ်။

Credit; Burmese Asia



Previous
Next Post »
Powered by Blogger.