ရန္ကုန္က ေ႐ႊဆိုင္တစ္ခု မွာ လုေျပးတဲ့ သူခိုးကို အမ်ိဳးသမီးေတြ ဝိုင္းဖမ္းၾကတဲ့ ဗီဒီယို




Zawgyiျဖင့္ဖတ္ရန္

ျမန္မာႏိုင္ငံက ႏိုင္ငံသားေတြဟာ ကုန္ေဈးႏႈန္းႀကီးျမင့္မႈ ၊ အလုပ္အကိုင္ရွားပါးမႈ ေတြေၾကာင့္ ငါးပါးသီလကို ေစာင့္ထိန္းရပါတယ္ဆိုတဲ့ ဗုဒၶဘာသာဝင္ေတြပင္ ကိုယ့္ဝမ္းဆာေတာ့ မေနသာေတာ့ပဲ မလုပ္သင့္ မလုပ္အပ္တာကိုပင္ က်ဴးလြန္လာခဲ့ၾကပါတယ္။
အမ်ားလည္း ၾကားသိပါလိမ့္မယ္ ။ ဘုရားဌာပနာကို ေဖာက္ခိုးတာ ၊ အလႉခံပုံးေဖာက္တာေတြေတာင္ လုပ္လာၾကတဲ့အထိ အခ်ိဳ႕လူေတြရဲ႕အက်င့္သိကၡာပ်က္ျပားလာၾကပါတယ္။



ဒီလိုမ်ိဳးအလုပ္ေတြကို က်ဴးလြန္သူမ်ားဟာ မ်ားေသာအားျဖင့္ ေယာက္်ားသားေတြသာျဖစ္တတ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ဟာ မိသားစုအေရး ၊ မိမိအေရးနဲ႔အိမ္ေထာင္ကိုဦးစီးရင္း ႀကံရာမရတဲ့အဆုံးမွာ လုပ္မိလုပ္ရာလုပ္ခဲ့ၾကလို႔ပါ။ ဒါေပမယ့္
အခ်ိဳ႕ အိမ္ေထာင္ဦးစီးမရွိတဲ့ လင္သားမဲ့ အမ်ိဳးသမီးေတြကလည္း လိမ္လည္တာ ၊ ခိုးယူတာေတြကို ျပဳလုပ္ၾကပါတယ္။

ၿပီးခဲ့တဲ့ ၃၀ ရက္ေန႔က လူသြားလူလာမ်ားတဲ့ နႏၵဝန္ေဈးက ေအာင္ျမင့္ၾကည္ ေ႐ႊဆိုင္မွာ အသက္လတ္အမ်ိဳးသမီးတစ္ဦးဟာ ေ႐ႊၾကည့္မယ္ဆိုၿပီး လုေျပးခဲ့တဲ့ျဖစ္စဥ္ တစ္ခုျဖစ္ခဲ့ပါတယ္။ မၾကာပါဘူး ေဈးဆိုေတာ့ လူရႈပ္တဲ့ေနရာလည္းျဖစ္တာေၾကာင့္ ခ်က္ျခင္း
ဖမ္းမိခဲ့ပါတယ္။ တကယ္ေတာ့ အမ်ိဳးသမီးတစ္ေယာက္ဟာ ဘယ္ေလာက္ျမန္ျမန္ေျပးႏိုင္မလဲေနာ္။ ဒါေတြ သူမသိေလာက္ ၊ မတြက္ေလာက္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အိမ္တြင္းမေျပလည္တာ ၊ ကေလးေတြ ငတ္ေနတာ ၊ ထမင္းမစားရတာေတြကိုပဲ သူ႔စိတ္ထဲရွိပုံရပါတယ္။



ေဈးသူ ေဈးသားေတြက ဝိုင္းဖမ္းၿပီးေတာ့ သက္ဆိုင္ရာ ရဲစခန္းကို ပို႔ခဲ့တယ္လို႔ သိရပါတယ္။ သူ႔ကို စစ္ေမးတဲ့အခါမွာေတာ့ ေငြေၾကးၾကပ္တည္းမႈနဲ႔ အိမ္မွာ စားစရာမရွိျဖစ္ေနတာေၾကာင့္ လုပ္မိလုပ္ရာ လုပ္တာလို႔ ေျဖဆိုခဲ့ပါတယ္။ စိတ္မေကာင္းစရာပါ။ မေကာင္းတဲ့အလုပ္ကို လုပ္ရင္ အျပစ္ဒဏ္ခံရမွာပါ။ ဒါေပမယ့္ သူမိသားစုေလး စားေလာက္ေနေအာင္ ရွိခဲ့ရင္ ၊ အလုပ္အကိုင္ေတြ ေပါမ်ားၿပီး အလုပ္ေတြသာ လြယ္ကူစြာ လုပ္ႏိုင္ခဲ့မယ္ဆိုရင္ အေတြးကေတာ့.. ရပ္တန႔္မရခဲ့ပါဘူး။

ဗီဒီယိုဖိုင္ၾကည့္ရန္ ႏွိပ္ပါ

https://www.facebook.com/100008282770702/videos/2468437976775604/


Unicode ဖြင့်ဖတ်ရန်



မြန်မာနိုင်ငံက နိုင်ငံသားတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှု ၊ အလုပ်အကိုင်ရှားပါးမှု တွေကြောင့် ငါးပါးသီလကို စောင့်ထိန်းရပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေပင် ကိုယ့်ဝမ်းဆာတော့ မနေသာတော့ပဲ မလုပ်သင့် မလုပ်အပ်တာကိုပင် ကျူးလွန်လာခဲ့ကြပါတယ်။
အများလည်း ကြားသိပါလိမ့်မယ် ။ ဘုရားဌာပနာကို ဖောက်ခိုးတာ ၊ အလှူခံပုံးဖောက်တာတွေတောင် လုပ်လာကြတဲ့အထိ အချို့လူတွေရဲ့အကျင့်သိက္ခာပျက်ပြားလာကြပါတယ်။



ဒီလိုမျိုးအလုပ်တွေကို ကျူးလွန်သူများဟာ များသောအားဖြင့် ယောက်ျားသားတွေသာဖြစ်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ မိသားစုအရေး ၊ မိမိအရေးနဲ့အိမ်ထောင်ကိုဦးစီးရင်း ကြံရာမရတဲ့အဆုံးမှာ လုပ်မိလုပ်ရာလုပ်ခဲ့ကြလို့ပါ။ ဒါပေမယ့်
အချို့ အိမ်ထောင်ဦးစီးမရှိတဲ့ လင်သားမဲ့ အမျိုးသမီးတွေကလည်း လိမ်လည်တာ ၊ ခိုးယူတာတွေကို ပြုလုပ်ကြပါတယ်။

ပြီးခဲ့တဲ့ ၃၀ ရက်နေ့က လူသွားလူလာများတဲ့ နန္ဒဝန်ဈေးက အောင်မြင့်ကြည် ရွှေဆိုင်မှာ အသက်လတ်အမျိုးသမီးတစ်ဦးဟာ ရွှေကြည့်မယ်ဆိုပြီး လုပြေးခဲ့တဲ့ဖြစ်စဉ် တစ်ခုဖြစ်ခဲ့ပါတယ်။ မကြာပါဘူး ဈေးဆိုတော့ လူရှုပ်တဲ့နေရာလည်းဖြစ်တာကြောင့် ချက်ခြင်း
ဖမ်းမိခဲ့ပါတယ်။ တကယ်တော့ အမျိုးသမီးတစ်ယောက်ဟာ ဘယ်လောက်မြန်မြန်ပြေးနိုင်မလဲနော်။ ဒါတွေ သူမသိလောက် ၊ မတွက်လောက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အိမ်တွင်းမပြေလည်တာ ၊ ကလေးတွေ ငတ်နေတာ ၊ ထမင်းမစားရတာတွေကိုပဲ သူ့စိတ်ထဲရှိပုံရပါတယ်။



ဈေးသူ ဈေးသားတွေက ဝိုင်းဖမ်းပြီးတော့ သက်ဆိုင်ရာ ရဲစခန်းကို ပို့ခဲ့တယ်လို့ သိရပါတယ်။ သူ့ကို စစ်မေးတဲ့အခါမှာတော့ ငွေကြေးကြပ်တည်းမှုနဲ့ အိမ်မှာ စားစရာမရှိဖြစ်နေတာကြောင့် လုပ်မိလုပ်ရာ လုပ်တာလို့ ဖြေဆိုခဲ့ပါတယ်။ စိတ်မကောင်းစရာပါ။ မကောင်းတဲ့အလုပ်ကို လုပ်ရင် အပြစ်ဒဏ်ခံရမှာပါ။ ဒါပေမယ့် သူမိသားစုလေး စားလောက်နေအောင် ရှိခဲ့ရင် ၊ အလုပ်အကိုင်တွေ ပေါများပြီး အလုပ်တွေသာ လွယ်ကူစွာ လုပ်နိုင်ခဲ့မယ်ဆိုရင် အတွေးကတော့.. ရပ်တန့်မရခဲ့ပါဘူး။


Writer – SMT( Shwe Yaung Lan)


Previous
Next Post »
Powered by Blogger.