မိန္းမေတြ ေယာက်ၤားတစ္ေယာက္ကို အ႐ူးအမူးခ်စ္သြားရင္ ဒီအခ်က္ေတြ လုပ္တတ္ပါတယ္




Zawgyi ျဖင့္ဖတ္ရန္

မ်ိဳးသမီးတစ္ေယာက္ဟာ အမ်ိဳးသားတစ္ေယာက္ကို သိပ္ခ်စ္မိသြားၿပီဆိုရင္ သူမရဲ႕အေတြးေတြက သူ႔ဆီမွာပဲရစ္ဝဲေနမယ္။ သူ႔အၿပဳံးေၾကာင့္ သူမရဲ႕တစ္ေန႔တာ လန္းဆန္းေနမယ္။ သူ႔ကိုဘယ္ေလာက္ ေပ်ာ္ေအာင္လုပ္ေပးလိုက္လို႔ သူဘယ္ေလာက္ေက်နပ္သြားတယ္ဆိုတာက သူမရဲ႕ထိုက္တန္မႈပဲလို႔ ခံစားေနရမယ္။ သူမ ေပးဆပ္လိုက္တဲ့ ကိစၥတိုင္းအတြက္ အသိအမွတ္ျပဳခံခ်င္တဲ့ စိတ္နဲ႔ ေမွ်ာ္လင့္ေတာင့္တ ေနမယ္။ သူဟာ သူမအတြက္ ေနတစ္စင္းလို ေတာက္ပေနၿပီး၊ သူမ အတြက္ေတာ့ ေလာင္စာစီလဲျဖစ္တယ္။ သူ႔ရဲ႕အစီအစဥ္ေတြက ၾကားျဖတ္အစားထိုးဝင္ေရာက္လာတဲ့အခါ သူ႔ကိစၥက ပိုအေရးႀကီးတယ္၊ သူ႔စကားက ပိုအေလးသာတယ္လို႔ သူမ ယူဆတယ္။ တစ္ေန႔တာကုန္သြားတဲ့ အဆုံးသတ္မွာ သူမ လုံးဝ စိတ္မဆိုးဘူး။ ခ်စ္တာကိုး။ စာဖတ္သူေရ၊ လူတစ္ေယာက္ကို ဒီလိုမ်ိဳး သိပ္ခ်စ္ဖို႔ဆိုတာ ျဖစ္ႏိုင္လား။

အမ်ိဳးသမီး ေတာ္ေတာ္မ်ားမ်ားက အမ်ိဳးသားတစ္ေယာက္ကို ခ်စ္မိၿပီဆိုရင္ မ်က္စိမွိတ္ ေခါင္းၿငိမ့္၊ ထာဝရ ေပးဆပ္ၿပီး ခ်စ္တတ္ၾကပါတယ္။ အမ်ိဳးသမီးေတြမွာ ေပးလို႔မကုန္တဲ့ အခ်စ္ေတြ ရွိေနပုံရပါတယ္။ ဒါေပမဲ့လည္း သူတို႔ကိုယ္သူတို႔ က်ေတာ့ နည္းနည္းပဲခ်စ္ၾကတယ္။ သူ စြမ္းစြမ္းတမံရွိတယ္၊ စိုးမိုးတယ္လို႔ ခံစားေစရဖို႔ သူမရဲ႕ အစြမ္းေတြကို အသုံးခ်တယ္၊ ၫႊန္ၾကားဖို႔ထက္ ေထာက္ပံ့ေပးဖို႔သာ ေနရာယူတတ္ၾကတယ္။ သူေပ်ာ္ဖို႔ သူမအစြမ္းကုန္ အရာအားလုံးလိုက္လုပ္ေပးေနရသမွ် ကာလပတ္လုံး သူမ ၿပီးျပည့္စုံေနၿပီလို႔ ခံစားရတယ္။ သူမ နည္းနည္းပဲျပန္ရတာကို သေဘာေပါက္သိရွိ ခဲတယ္။



ေဖာ္ျပေပးမယ့္ လကၡဏာေတြကို ၾကည့္ၿပီး ဘယ္ေလာက္မ်ားခ်စ္မိေနၿပီလဲဆိုတာကို သိႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။

သူေပ်ာ္ေအာင္ ကင္းၿမီးေကာက္ ေထာင္ျပျခင္း။

သူရဲ႕ မေက်နပ္ခ်က္ေတြကို ထုတ္ေျပာေနမယ္၊ ခပ္တန္းတန္းျဖစ္ေနမယ္၊ ႏႈတ္ဆိတ္ေနမယ္ဆိုရင္ သူမရဲ႕ ခံစားခ်က္ကို ေက်ာ္လြန္လိုက္ၿပီး သူ႔ကိုပဲ ျဖည့္ဆီးေပးဖို႔ မလိုအပ္ပါဘူး။ အိပ္ရာသိမ္းတာ၊ သူႀကိဳက္တဲ့ဟင္းေတြ ခ်က္ေနတာမ်ိဳးေတြက သူ႔ရဲ႕ပူေဆြးေသာကကို ေျဖေဖ်ာက္မေပးႏိုင္ပါဘူး။ သူမ အတြက္ေတာ့ ပင္ပန္း႐ုံသက္သက္ပဲ ရွိမယ္။ အခ်စ္နတ္ဘုရား ဆိုတာထက္ အခ်စ္ပိုေနတဲ့ မိခင္တစ္ေယာက္လို ျဖစ္သြားပါတယ္။ သူ႔ရဲ႕ စိတ္မၾကည္မႈေတြဟာ သူမနဲ႔လည္း ဆိုင္တယ္လို႔ ယူဆထားၿပီး တာဝန္ယူစိတ္ပိုေနလိမ့္မယ္။ သူမရဲ႕ စိတ္ထဲမွာေတာ့ သူမ အမွားတစ္ခုခုလုပ္ထားလို႔ သူ တိတ္ဆိတ္ေနတာျဖစ္မယ္လို႔ ထင္ေနတယ္။ သူ စိတ္ေျပာင္းသြားဖို႔ သူမမွာ အားေပးဖို႔တာဝန္ရွိတယ္လို႔ သူမ ျမင္တယ္။

သူ႔ကို ျမႇင့္ၿပီး သူမကိုယ္သူမ ႏွိမ့္ခ်ျမင္ျခင္း။

ေနမင္းသာၿပီး လမင္းရဲ႕ အလွည့္ေရာက္ေတာ့ ေနမင္းရဲ႕အရွိန္အဝါနဲ႔ပဲ သာသလိုမ်ိဳးေပါ့။ သင္ယူခဲ့ရတဲ့အတိုင္း အမ်ိဳးသားတစ္ေယာက္ရဲ႕ ဉာဏ္ရည္ကပိုေကာင္းတယ္လို႔ ရာစုႏွစ္ေပါင္းမ်ားစြာ စြဲၿမဲလာၾကတယ္။ ဒီလိုယူဆခ်က္ေၾကာင့္ လြတ္လပ္ ေအာင္ျမင္တဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္လာဖို႔ ခက္ခဲသြားတယ္။ သူမသာ အမ်ိဳးသားတစ္ေယာက္ကို ေတာင္ကလပ္ေပၚတင္ထားတတ္တဲ့ အမ်ိဳးသမီးတစ္ေယာက္ဆို ေတာ္ေတာ္ သနားဖို႔ေကာင္းေနၿပီ။



သူနဲ႔အတူ အခ်ိန္ျဖဳန္းဖို႔ သူမရဲ႕ သူငယ္ခ်င္းေတြကို ေက်ာခိုင္းျခင္း။

အဆိုးဆုံးက သူမရဲ႕ သူငယ္ခ်င္းေတြနဲ႔ ရွိရမယ့္ ကိုယ္ပိုင္ခ်ိန္ေတြကို ျငင္းပယ္စေတးျခင္းပါပဲ။ သူ႔နားမွာ မရွိတဲ့အခ်ိန္ၾကာသြားရင္ မယုံမၾကည္ျဖစ္မွာဆိုးလို႔၊ သူလြမ္းေနမွာဆိုးလို႔ ဆိုတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ေပါ့။ သူမဟာ သူ မရွိတဲ့အခ်ိန္က်မွ သူငယ္ခ်င္းေတြနဲ႔ ဖုန္းဆက္ၿပီး အဆက္အသြယ္လုပ္ရတဲ့ အမ်ိဳးသမီးမ်ိဳးဆိုရင္ေတာ့ သူမရဲ႕ ရင့္သီးတဲ့အျပဳအမူေတြကို သူငယ္ခ်င္းေတြက စိတ္အေႏွာင့္အယွက္ ျဖစ္ၾကရပါလိမ့္မယ္။ သူနဲ႔အဆင္မေျပျဖစ္တဲ့အခါမ်ိဳးမွာ သူငယ္ခ်င္းေကာင္းေတြက အႀကံဉာဏ္ အေထာက္အပံ့ေကာင္းေတြ ေပးတတ္တယ္ဆိုတာကို မေမ့ပါနဲ႔။

သူမရဲ႕ ပန္းတိုင္က သူ႔ေလာက္ အေရးမပါျခင္း။

သူ႔ရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ေတြက အဆုံးသတ္မွာ သူမအတြက္ပိုေကာင္းလိမ့္မယ္ဆိုတဲ့ ယူဆခ်က္ေၾကာင့္ သူမရဲ႕ အလုပ္ေ႐ြးတာ၊ ပညာေရးနဲ႔ပတ္သက္တဲ့ အခြင့္အလမ္းရတာ၊ ခရီးထြက္တာမ်ိဳးေတြကို စြန႔္ပယ္ျခင္းဟာ သူမရဲ႕ ကိုယ္ပိုင္ စိတ္ဆႏၵျပည့္ဝမႈအတြက္ ေမွ်ာ္လင့္ခ်က္ေတြကို ပ်က္သုဥ္းေစပါလိမ့္မယ္။ ဒီလိုနဲ႔ သူ႔ကို ဦးစားေပးၿပီး သူမကိုယ္သူမ စေတးတာ ဘာ့ေၾကာင့္ပါလဲ။ သူမရဲ႕ ေအာင္ျမင္မႈေတြက သူ႔ေအာင္ျမင္မႈေတြေလာက္ မထိုက္တန္ဘူးလို႔ ယူဆလို႔လား၊ သူမကိုယ္သူမ ယုံၾကည္ခ်က္မရွိလို႔လား။ ဒီလိုဆိုရင္ေတာ့ သူမရဲ႕ ကိုယ္ပိုင္အခြင့္အလမ္းေတြ တစ္စတစ္စ ေမွးမွိန္ေပ်ာက္ကြယ္သြားပါလိမ့္မယ္။

Credit: Trend Myanmar


Unicode ဖြင့်ဖတ်ရန်

မိန်းမတွေ ယောင်္ကျားတစ်ယောက်ကို အရူးအမူးချစ်သွားရင် ဒီအချက်တွေ လုပ်တတ်ပါတယ်




မျိုးသမီးတစ်ယောက်ဟာ အမျိုးသားတစ်ယောက်ကို သိပ်ချစ်မိသွားပြီဆိုရင် သူမရဲ့အတွေးတွေက သူ့ဆီမှာပဲရစ်ဝဲနေမယ်။ သူ့အပြုံးကြောင့် သူမရဲ့တစ်နေ့တာ လန်းဆန်းနေမယ်။ သူ့ကိုဘယ်လောက် ပျော်အောင်လုပ်ပေးလိုက်လို့ သူဘယ်လောက်ကျေနပ်သွားတယ်ဆိုတာက သူမရဲ့ထိုက်တန်မှုပဲလို့ ခံစားနေရမယ်။ သူမ ပေးဆပ်လိုက်တဲ့ ကိစ္စတိုင်းအတွက် အသိအမှတ်ပြုခံချင်တဲ့ စိတ်နဲ့ မျှော်လင့်တောင့်တ နေမယ်။ သူဟာ သူမအတွက် နေတစ်စင်းလို တောက်ပနေပြီး၊ သူမ အတွက်တော့ လောင်စာစီလဲဖြစ်တယ်။ သူ့ရဲ့အစီအစဉ်တွေက ကြားဖြတ်အစားထိုးဝင်ရောက်လာတဲ့အခါ သူ့ကိစ္စက ပိုအရေးကြီးတယ်၊ သူ့စကားက ပိုအလေးသာတယ်လို့ သူမ ယူဆတယ်။ တစ်နေ့တာကုန်သွားတဲ့ အဆုံးသတ်မှာ သူမ လုံးဝ စိတ်မဆိုးဘူး။ ချစ်တာကိုး။ စာဖတ်သူရေ၊ လူတစ်ယောက်ကို ဒီလိုမျိုး သိပ်ချစ်ဖို့ဆိုတာ ဖြစ်နိုင်လား။

အမျိုးသမီး တော်တော်များများက အမျိုးသားတစ်ယောက်ကို ချစ်မိပြီဆိုရင် မျက်စိမှိတ် ခေါင်းငြိမ့်၊ ထာဝရ ပေးဆပ်ပြီး ချစ်တတ်ကြပါတယ်။ အမျိုးသမီးတွေမှာ ပေးလို့မကုန်တဲ့ အချစ်တွေ ရှိနေပုံရပါတယ်။ ဒါပေမဲ့လည်း သူတို့ကိုယ်သူတို့ ကျတော့ နည်းနည်းပဲချစ်ကြတယ်။ သူ စွမ်းစွမ်းတမံရှိတယ်၊ စိုးမိုးတယ်လို့ ခံစားစေရဖို့ သူမရဲ့ အစွမ်းတွေကို အသုံးချတယ်၊ ညွှန်ကြားဖို့ထက် ထောက်ပံ့ပေးဖို့သာ နေရာယူတတ်ကြတယ်။ သူပျော်ဖို့ သူမအစွမ်းကုန် အရာအားလုံးလိုက်လုပ်ပေးနေရသမျှ ကာလပတ်လုံး သူမ ပြီးပြည့်စုံနေပြီလို့ ခံစားရတယ်။ သူမ နည်းနည်းပဲပြန်ရတာကို သဘောပေါက်သိရှိ ခဲတယ်။



ဖော်ပြပေးမယ့် လက္ခဏာတွေကို ကြည့်ပြီး ဘယ်လောက်များချစ်မိနေပြီလဲဆိုတာကို သိနိုင်ဖို့ မျှော်လင့်ပါတယ်။

သူပျော်အောင် ကင်းမြီးကောက် ထောင်ပြခြင်း။

သူရဲ့ မကျေနပ်ချက်တွေကို ထုတ်ပြောနေမယ်၊ ခပ်တန်းတန်းဖြစ်နေမယ်၊ နှုတ်ဆိတ်နေမယ်ဆိုရင် သူမရဲ့ ခံစားချက်ကို ကျော်လွန်လိုက်ပြီး သူ့ကိုပဲ ဖြည့်ဆီးပေးဖို့ မလိုအပ်ပါဘူး။ အိပ်ရာသိမ်းတာ၊ သူကြိုက်တဲ့ဟင်းတွေ ချက်နေတာမျိုးတွေက သူ့ရဲ့ပူဆွေးသောကကို ဖြေဖျောက်မပေးနိုင်ပါဘူး။ သူမ အတွက်တော့ ပင်ပန်းရုံသက်သက်ပဲ ရှိမယ်။ အချစ်နတ်ဘုရား ဆိုတာထက် အချစ်ပိုနေတဲ့ မိခင်တစ်ယောက်လို ဖြစ်သွားပါတယ်။ သူ့ရဲ့ စိတ်မကြည်မှုတွေဟာ သူမနဲ့လည်း ဆိုင်တယ်လို့ ယူဆထားပြီး တာဝန်ယူစိတ်ပိုနေလိမ့်မယ်။ သူမရဲ့ စိတ်ထဲမှာတော့ သူမ အမှားတစ်ခုခုလုပ်ထားလို့ သူ တိတ်ဆိတ်နေတာဖြစ်မယ်လို့ ထင်နေတယ်။ သူ စိတ်ပြောင်းသွားဖို့ သူမမှာ အားပေးဖို့တာဝန်ရှိတယ်လို့ သူမ မြင်တယ်။

သူ့ကို မြှင့်ပြီး သူမကိုယ်သူမ နှိမ့်ချမြင်ခြင်း။

နေမင်းသာပြီး လမင်းရဲ့ အလှည့်ရောက်တော့ နေမင်းရဲ့အရှိန်အဝါနဲ့ပဲ သာသလိုမျိုးပေါ့။ သင်ယူခဲ့ရတဲ့အတိုင်း အမျိုးသားတစ်ယောက်ရဲ့ ဉာဏ်ရည်ကပိုကောင်းတယ်လို့ ရာစုနှစ်ပေါင်းများစွာ စွဲမြဲလာကြတယ်။ ဒီလိုယူဆချက်ကြောင့် လွတ်လပ် အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာဖို့ ခက်ခဲသွားတယ်။ သူမသာ အမျိုးသားတစ်ယောက်ကို တောင်ကလပ်ပေါ်တင်ထားတတ်တဲ့ အမျိုးသမီးတစ်ယောက်ဆို တော်တော် သနားဖို့ကောင်းနေပြီ။



သူနဲ့အတူ အချိန်ဖြုန်းဖို့ သူမရဲ့ သူငယ်ချင်းတွေကို ကျောခိုင်းခြင်း။

အဆိုးဆုံးက သူမရဲ့ သူငယ်ချင်းတွေနဲ့ ရှိရမယ့် ကိုယ်ပိုင်ချိန်တွေကို ငြင်းပယ်စတေးခြင်းပါပဲ။ သူ့နားမှာ မရှိတဲ့အချိန်ကြာသွားရင် မယုံမကြည်ဖြစ်မှာဆိုးလို့၊ သူလွမ်းနေမှာဆိုးလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ပေါ့။ သူမဟာ သူ မရှိတဲ့အချိန်ကျမှ သူငယ်ချင်းတွေနဲ့ ဖုန်းဆက်ပြီး အဆက်အသွယ်လုပ်ရတဲ့ အမျိုးသမီးမျိုးဆိုရင်တော့ သူမရဲ့ ရင့်သီးတဲ့အပြုအမူတွေကို သူငယ်ချင်းတွေက စိတ်အနှောင့်အယှက် ဖြစ်ကြရပါလိမ့်မယ်။ သူနဲ့အဆင်မပြေဖြစ်တဲ့အခါမျိုးမှာ သူငယ်ချင်းကောင်းတွေက အကြံဉာဏ် အထောက်အပံ့ကောင်းတွေ ပေးတတ်တယ်ဆိုတာကို မမေ့ပါနဲ့။

သူမရဲ့ ပန်းတိုင်က သူ့လောက် အရေးမပါခြင်း။

သူ့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေက အဆုံးသတ်မှာ သူမအတွက်ပိုကောင်းလိမ့်မယ်ဆိုတဲ့ ယူဆချက်ကြောင့် သူမရဲ့ အလုပ်ရွေးတာ၊ ပညာရေးနဲ့ပတ်သက်တဲ့ အခွင့်အလမ်းရတာ၊ ခရီးထွက်တာမျိုးတွေကို စွန့်ပယ်ခြင်းဟာ သူမရဲ့ ကိုယ်ပိုင် စိတ်ဆန္ဒပြည့်ဝမှုအတွက် မျှော်လင့်ချက်တွေကို ပျက်သုဉ်းစေပါလိမ့်မယ်။ ဒီလိုနဲ့ သူ့ကို ဦးစားပေးပြီး သူမကိုယ်သူမ စတေးတာ ဘာ့ကြောင့်ပါလဲ။ သူမရဲ့ အောင်မြင်မှုတွေက သူ့အောင်မြင်မှုတွေလောက် မထိုက်တန်ဘူးလို့ ယူဆလို့လား၊ သူမကိုယ်သူမ ယုံကြည်ချက်မရှိလို့လား။ ဒီလိုဆိုရင်တော့ သူမရဲ့ ကိုယ်ပိုင်အခွင့်အလမ်းတွေ တစ်စတစ်စ မှေးမှိန်ပျောက်ကွယ်သွားပါလိမ့်မယ်။

Credit: Trend Myanmar


Previous
Next Post »
Powered by Blogger.