သိန္းတစ္ေသာင္းဆုရွင္ေျပာျပခဲ့တဲ့ သူတို႔ဘဝနဲ႔ ကံတရားအက်ိဳးေပးအေျခအေန





Zawgyi ျဖင့္ဖတ္ရန္

မရွိဆင္းရဲသားေလးေတြကိုမွ ေ႐ြးၿပီး ေပါက္ခဲ့တဲ့ သိန္းတစ္ေသာင္းထီ။ သူ႔နာမည္က စိုင္းဆန္းၫြန္႔ ၊ ဇနီးက မေဆြဇင္လတ္ ..သားအႀကီးေလးက ေမာင္ေအာင္ေကာင္းစံ ၊ အငယ္ေလးကေတာ့ နာမည္မေပးရေသး သူတို႔ဘဝက ဒီလိုပါ။

ဖူးစာဆုံခ်င္ေတာ့ ရွမ္းျပည္ ေက်ာက္မဲက ေတာင္ေပၚကရွမ္းေလးတစ္ေယာက္နဲ႔ မန္းေလးက ပုဏၰားအမ်ိဳးသမီးငယ္တို႔ ေရစက္ပါခဲ့သည္။ အလုပ္ကေတာ့ ႀကဳံရာ ပန္းရံ လက္သမားအလုပ္ကို လုပ္ ၊ မန္းေလမွာေနစရာအိမ္ကမရွိ ၊ဇနီးရဲ႕ ဦးေလး

ျဖစ္သူ ေဗဒင္ဆရာႀကီးက အိမ္မွာေခၚထားရသည္။ ၾကမ္းတမ္းလွတဲ့ ဘဝအေျခအေနမွာ ေခတ္ကေျပာင္းလဲလာေတာ့ အိမ္ေဆာက္ရာမွာ လက္သမားေတြ အလုပ္မျဖစ္ေတာ့တဲ့ အခ်ိန္၊သံနဲ႔ေဆာက္တဲ့ေခတ္မို႔ အလုပ္မရွိေနခ်ိန္ ကေလးက ၂ေယာက္




အလုပ္ေျပာင္းၿပီးေဆးသုတ္တဲ့အလုပ္ကို ေျပာင္းလုပ္ခဲ့သည္။ ဦးေလးေဗဒင္ဆရာပုဏၰားႀကီးက မင္းတို႔ ကံေကာင္းေနတယ္ ထီထိုးဖို႔မေမ့နဲ႔ဆိုတဲ့ မၾကာမၾကာေျပာတဲ့စကားရွိသည္။ တစ္ေန႔ မိသားစုလိုက္ မဟာျမတ္မုနိဘုရားႀကီးကို သြားဖူးၿပီး

အျပန္လမ္းမွာ ထီဆိုင္ေတြ႕ေတာ့ ဦးေလးေျပာတာကို သတိရမိတာနဲ႔ ထီထိုးဖို႔ ထီဆိုင္ထဲဝင္ခဲ့သည္။ အဲဒီအခ်ိန္ သားအႀကီးေလးက သူေ႐ြးမယ္ဆိုတဲ့သေဘာနဲ႔ သူ႔ကို ခ်ီခိုင္းေလသည္။အေဖျဖစ္သူက သူ႔သားလက္ညႇိဳးထိုးခဲ့တဲ့ ၂ေစာင္တြဲ



ထီလက္မွတ္ကို ထိုးျဖစ္ခဲ့သည္။ ဒီေန႔ ၁ .၁၂.၂၀၁၉ ထီဖြင့္ရက္မွာ ထီဆိုင္မွ ထီေပါက္ေၾကာင္းဖုန္းဆက္လာေတာ့ ႐ုတ္တရက္ မယုံႏိုင္ခဲ့၊ေသခ်ာျပန္ၿပီး ထီတိုက္ၾကည့္ေတာ့မွ သူအမွန္တကယ္ ဆုေငြက်ပ္သိန္းတစ္ေသာင္းကို ေပါက္ေနၿပီဆိုတာ

သိခဲ့ရေတာ့သည္။ ထီဆုေငြထုတ္ၿပီးတာနဲ႔ ေနစရာအိမ္ဝယ္မည္၊ အလႉႀကီးေပးမည္၊ ေက်းဇူးရွင္ ဦးေလးႀကီးကိုလည္းေက်းဇူးဆပ္မည္။အလုပ္ကိုလည္း ကိုယ္ပိုင္လုပ္ငန္းတစ္ခုျဖစ္ေအာင္ ႀကိဳးစာမည္ ဒါေတြ ဟာ သူ႔ရဲ႕အေကာင္းဆုံးစိတ္ကူးေလးေတြပါ။

share from: theesaychin




Unicode ဖြင့်ဖတ်ရန်

သိန်းတစ်သောင်းဆုရှင်ပြောပြခဲ့တဲ့ သူတို့ဘဝနဲ့ ကံတရားအကျိုးပေးအခြေအနေ

မရှိဆင်းရဲသားလေးတွေကိုမှ ရွေးပြီး ပေါက်ခဲ့တဲ့ သိန်းတစ်သောင်းထီ။ သူ့နာမည်က စိုင်းဆန်းညွန့် ၊ ဇနီးက မဆွေဇင်လတ် ..သားအကြီးလေးက မောင်အောင်ကောင်းစံ ၊ အငယ်လေးကတော့ နာမည်မပေးရသေး သူတို့ဘဝက ဒီလိုပါ။

ဖူးစာဆုံချင်တော့ ရှမ်းပြည် ကျောက်မဲက တောင်ပေါ်ကရှမ်းလေးတစ်ယောက်နဲ့ မန်းလေးက ပုဏ္ဏားအမျိုးသမီးငယ်တို့ ရေစက်ပါခဲ့သည်။ အလုပ်ကတော့ ကြုံရာ ပန်းရံ လက်သမားအလုပ်ကို လုပ် ၊ မန်းလေမှာနေစရာအိမ်ကမရှိ ၊ဇနီးရဲ့ ဦးလေး

ဖြစ်သူ ဗေဒင်ဆရာကြီးက အိမ်မှာခေါ်ထားရသည်။ ကြမ်းတမ်းလှတဲ့ ဘဝအခြေအနေမှာ ခေတ်ကပြောင်းလဲလာတော့ အိမ်ဆောက်ရာမှာ လက်သမားတွေ အလုပ်မဖြစ်တော့တဲ့ အချိန်၊သံနဲ့ဆောက်တဲ့ခေတ်မို့ အလုပ်မရှိနေချိန် ကလေးက ၂ယောက်



အလုပ်ပြောင်းပြီးဆေးသုတ်တဲ့အလုပ်ကို ပြောင်းလုပ်ခဲ့သည်။ ဦးလေးဗေဒင်ဆရာပုဏ္ဏားကြီးက မင်းတို့ ကံကောင်းနေတယ် ထီထိုးဖို့မမေ့နဲ့ဆိုတဲ့ မကြာမကြာပြောတဲ့စကားရှိသည်။ တစ်နေ့ မိသားစုလိုက် မဟာမြတ်မုနိဘုရားကြီးကို သွားဖူးပြီး

အပြန်လမ်းမှာ ထီဆိုင်တွေ့တော့ ဦးလေးပြောတာကို သတိရမိတာနဲ့ ထီထိုးဖို့ ထီဆိုင်ထဲဝင်ခဲ့သည်။ အဲဒီအချိန် သားအကြီးလေးက သူရွေးမယ်ဆိုတဲ့သဘောနဲ့ သူ့ကို ချီခိုင်းလေသည်။အဖေဖြစ်သူက သူ့သားလက်ညှိုးထိုးခဲ့တဲ့ ၂စောင်တွဲ



ထီလက်မှတ်ကို ထိုးဖြစ်ခဲ့သည်။ ဒီနေ့ ၁ .၁၂.၂၀၁၉ ထီဖွင့်ရက်မှာ ထီဆိုင်မှ ထီပေါက်ကြောင်းဖုန်းဆက်လာတော့ ရုတ်တရက် မယုံနိုင်ခဲ့၊သေချာပြန်ပြီး ထီတိုက်ကြည့်တော့မှ သူအမှန်တကယ် ဆုငွေကျပ်သိန်းတစ်သောင်းကို ပေါက်နေပြီဆိုတာ

သိခဲ့ရတော့သည်။ ထီဆုငွေထုတ်ပြီးတာနဲ့ နေစရာအိမ်ဝယ်မည်၊ အလှူကြီးပေးမည်၊ ကျေးဇူးရှင် ဦးလေးကြီးကိုလည်းကျေးဇူးဆပ်မည်။အလုပ်ကိုလည်း ကိုယ်ပိုင်လုပ်ငန်းတစ်ခုဖြစ်အောင် ကြိုးစာမည် ဒါတွေ ဟာ သူ့ရဲ့အကောင်းဆုံးစိတ်ကူးလေးတွေပါ။

share from: theesaychin



Previous
Next Post »
Powered by Blogger.