ဖ်ာပုံတြင္ က်ားေဖာင္လုပ္သား အသတ္ခံရ၊ ေသဆုံးႏွင့္ေပ်ာက္ဆုံးသူ ၁၀၀ ေက်ာ္ရွိ



Zawgyi ျဖင့္ဖတ္ရန္

ဖ်ာပုံၿမိဳ႕နယ္ ေဒၚညိမ္းေက်း႐ြာအုပ္စုက က်ားေဖာင္ေရလုပ္သားေတြထဲမွာ အခုႏွစ္အတြင္း ေသဆုံးနဲ႔ ေပ်ာက္ဆုံးသူဟာ ဒီႏွစ္ထဲမွာ ၁၀၀ ေက်ာ္ရွိတယ္လို႔ ႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးခ်စ္ေပါက ေျပာပါတယ္။

ျမန္မာ့ေရထြက္ကုန္ပစၥည္းရဲ႕ ထက္ဝက္ေက်ာ္ေလာက္ထြက္ရွိတဲ့ ဖ်ာပုံၿမိဳ႕နယ္က က်ားေဖာင္လုပ္ငန္းေတြမွာ ကြၽမ္းက်င္လုပ္သားရွားပါးၿပီး က်ားေဖာင္အေရအတြက္ မ်ားလာတာေၾကာင့္ ႏွစ္စဥ္လူ ေသဆုံးတာေတြ၊ အသတ္ခံရတာေတြနဲ႔ ေပ်ာက္ဆုံးတာေတြ ျမင့္တက္လာပါ။

ဒီႏွစ္ ေအာက္တိုဘာလထဲမွာ ဒဂုံတကၠသိုလ္ ေနာက္ဆုံးႏွစ္ေက်ာင္းသားတဦး လူကုန္ကူးခံရၿပီး က်ားေဖာင္မွာ ေရာင္းစားခံရတာနဲ႔ ပတ္သက္လို႔ ျပည္တြင္း၊ ျပည္ပမီဒီယာေတြမွာ စိတ္ဝင္စားမႈ ျမင့္တက္ခဲ့သလို အစိုးရပိုင္းကပါ သတိျပဳလာတဲ့အတြက္ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္လာတဲ့အျပင္ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ကလည္း ကြင္းဆင္းစစ္ေဆးမွာ ျဖစ္ပါတယ္။

အခုလိုျဖစ္ရပ္မ်ိဳးဟာ ေဒၚညိမ္းေက်း႐ြာအုပ္စု တခုတည္းမွာတင္ ၂၀၁၈ ခုႏွစ္က လူဦးေရ ၂၀၁ ဦးအထိရွိၿပီး အခုႏွစ္အတြင္း လူ ၁၀၀ ေက်ာ္အထိ ရွိခဲ့တယ္လို႔ အုပ္ခ်ဳပ္ေရးမႉး ဦးခ်စ္ေပါက ေျပာပါတယ္။

“ေရထဲ ခုန္ခ်တာကေတာ့ မ်ားတယ္။ ေသဆုံးတာကေတာ့ ၃၇ ဦးေလာက္ ရွိတယ္။ အားလုံးေပါင္း ၂၀၁ ဦး ရွိတယ္။ ၂၀၁၈-၂၀၁၉ မွာေပါ့ေနာ္။ ပင္လယ္ျပင္ကို လာလုပ္တဲ့သူေတြက ပြဲစားေတြ ပစ္မွတ္ထားတာက တခ်ိဳ႕ အရက္စြဲေနတဲ့သူေတြ၊ တခ်ိဳ႕ က်န္းမာေရး မျပည့္စုံတဲ့သူေတြေပါ့။ ေသဆုံးသူက ဒီႏွစ္ေတာ့ စာရင္းမခ်ဳပ္ရေသးဘူး။ ေသဆုံး ေပ်ာက္ဆုံး ေရထဲခုန္ခ် အခုအခ်ိန္အထိ သတင္းပို႔ထားတာက ၁၀၀ ေက်ာ္ေလာက္ ရွိတယ္။”

ပင္လယ္က်ားေဖာင္ေတြမွာ တကၠသိုလ္ေနာက္ဆုံးႏွစ္ေက်ာင္းသား ကိုျမတ္သူရထြန္း ညႇဥ္းပန္းႏွိပ္စက္ခိုင္းေစခံရမႈကို အစ္ကိုျဖစ္သူက ရွာေဖြကယ္ဆယ္ခဲ့ၿပီးေနာက္ပိုင္းမွာ ျမန္မာႏိုင္ငံ လူကုန္တားရဲတပ္ဖြဲ႕ကေန သူနဲ႔အတူ လူကုန္ကူးခံရသူ ၃ ဦးကို ျပန္လည္ကယ္ဆယ္ႏိုင္ခဲ့ပါတယ္။

ဒီသတင္းေတြေၾကာင့္ ရန္ကုန္ၿမိဳ႕ကေန လူေပ်ာက္ရွာေဖြသူေတြ ေဒၚညိမ္းေက်း႐ြာကို လက္ကမ္းစာေစာင္ေတြ ကိုင္ၿပီး လူေပ်ာက္လာရွာတဲ့သူေတြလည္း ရွိလာပါတယ္။

“ေပ်ာက္သြားလို႔ က်ေနာ္တို႔ လိုက္ရွာတယ္။ ေနာက္ဆုံး ဘယ္အထိ သတင္းရလဲဆိုေတာ့ ေတာ္ခရမ္းေလးအထိ သတင္းရတယ္။ အဲဒီအထိ က်ေနာ္တို႔ လိုက္ရွာေတာ့ အဆက္အသြယ္ေတြ ျပတ္သြားတယ္။ ျပတ္သြားေတာ့ ရွာရင္းနဲ႔ လက္ေလွ်ာ့လိုက္တယ္။ အခု ျမတ္သူရထြန္း သတင္း ၾကားၿပီးတဲ့ေနာက္ပိုင္းမွာ ေတာ္ခရမ္းေလးနဲ႔ ဖ်ာပုံနဲ႔က ေတာ္ေတာ္ေလးကို နီးစပ္ေနတဲ့အတြက္ က်ေနာ္တို႔လည္း ေမွ်ာ္လင့္ခ်က္နဲ႔ေပါ့” လို႔ ေတာင္ဥကၠလာပၿမိဳ႕နယ္ေန ကိုေက်ာ္မင္းထြန္းက ေျပာပါတယ္။

က်ားေဖာင္လုပ္ငန္းအေပၚ သတင္းေတြမွာ ေဖာ္ျပမႈေတြနဲ႔ပတ္သက္လို႔ ေနာက္ပိုင္းမွာ လုပ္ငန္း ထိခိုက္လာႏိုင္တဲ့အတြက္ ႏိုဝင္ဘာ ၃၀ ရက္ေန႔မွာေတာ့ ဖ်ာပုံၿမိဳ႕နယ္က ေအာင္ႏိုင္သူ ဟိုတယ္မွာ ပင္လယ္က်ားပိုက္လုပ္ငန္းရွင္အသင္းကေန လုပ္ငန္းဆိုင္ရာအေျခအေနေတြကို သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ပါတယ္။

ခါးျပတ္ေက်း႐ြာေန လုပ္ငန္းရွင္ ဦးေအာင္မိုးက “ဦးတို႔ကလည္း မထြက္ခင္ ရန္မျဖစ္နဲ႔ေနာ္၊ ေကာင္းေကာင္းမြန္မြန္ေျပာ၊ တဆင့္နဲ႔တဆင့္ အစစအရာရာ ေျပာၾကတယ္။ အခုျဖစ္တဲ့ ျပႆနာကလည္း ဦးစီးတေယာက္က ေနာက္လိုက္တေယာက္ကို ႐ိုက္တယ္လို႔ ေျပာတာ။ ေနာက္လိုက္ေတြက ဦးစီးကို သတ္ခဲ့တာေတြလည္း အမ်ားႀကီးပါပဲ။ စာရင္းဒိုင္အပိုင္းကေတာ့ အကုန္လုံး အၾကပ္အမတ္ ေျပာၿပီးသား” လို႔ ေျပာပါတယ္။

ဒီရွင္းလင္းပြဲမွာ လုပ္သားေတြေၾကာင့္ လုပ္ငန္းရွင္ေတြ စီးပြားေရးထိခိုက္မႈေတြလည္း ရွိေနသလို မူးယစ္ေဆးေသာက္စားမႈေတြေၾကာင့္ ခိုက္ရန္ျဖစ္ပြားတာ၊ ပင္လယ္ထဲ ခုန္ခ်တာေတြနဲ႔ လိမ္လည္မႈေတြပါရွိတယ္လို႔ လုပ္ငန္းရွင္ေတြက ဆိုပါတယ္။

ဖ်ာပုံၿမိဳ႕နယ္က က်ားပိုက္လုပ္ငန္းကို လုပ္ငန္းရွင္ ၂၀၀ ေက်ာ္လုပ္ကိုင္ေနၿပီး ငါးသယ္သေဘၤာ ၅၀၀ ၀န္းက်င္နဲ႔ က်ားေဖာင္ေရေထာင္ခ်ီရွိေနပါတယ္။ က်ားေဖာင္တခုကို လုပ္သား ၃ ဦးထားရွိၿပီး ေဖာင္ဦးစီးတဦးကို ေငြက်ပ္ ၁ သိန္းခြဲေလာက္နဲ႔ ေနာက္လိုက္တဦးကို တစ္သိန္းႏွစ္ေသာင္းေလာက္ေပးရၿပီး လုပ္သား ၁ ေသာင္းေက်ာ္ရွိပါတယ္။

ပင္လယ္က်ားပိုက္လုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးသံေခ်ာင္းက “ျပႆနာေတြ ဒီထက္ႀကီးထြားလာရင္ေတာ့ ဆိုးက်ိဳးေတြ ေပၚႏိုင္တာေပါ့။ ဒီထက္ ျပႆနာေတြ ေလ်ာ့နည္းမသြားရင္ေတာ့ လုပ္ငန္းအတြက္ မေကာင္းဘူးေပါ့။ လုပ္ငန္းအတြက္ မေကာင္းရင္ ေဒသတခုလုံးအတြက္ မေကာင္းဘူး”လို႔ ေျပာပါတယ္။

က်ားေဖာင္ေတြမွာ လူကုန္ကူးမႈေလွ်ာ့ခ်ဖို႔၊ အရပ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ လူပြဲစားေတြကိုလည္း မွတ္ပုံတင္ဖို႔နဲ႔ လုပ္ငန္းရွင္ေတြကိုလည္း ဥပေဒအတိုင္း စာခ်ဳပ္ခ်ဳပ္ဆိုၿပီး လုပ္သားငွားရမ္းဖို႔ လူကုန္တားရဲတပ္ဖြဲ႕ေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဌာနဆိုင္ရာအဖြဲ႕ေတြပူးေပါင္းၿပီး ၂၀၁၈ ခုႏွစ္က အလုပ္႐ုံ ေဆြးေႏြးပြဲေတြ အႀကိမ္ႀကိမ္လုပ္ေဆာင္ခဲ့ေပမယ့္ အေကာင္အထည္ေဖာ္မႈ မရွိခဲ့ဘူးလို႔ သိရပါတယ္။

share from: xyznews


Unicode ဖြင့်ဖတ်ရန်

ဖျာပုံတွင် ကျားဖောင်လုပ်သား အသတ်ခံရ၊ သေဆုံးနှင့်ပျောက်ဆုံးသူ ၁၀၀ ကျော်ရှိ




ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာအုပ်စုက ကျားဖောင်ရေလုပ်သားတွေထဲမှာ အခုနှစ်အတွင်း သေဆုံးနဲ့ ပျောက်ဆုံးသူဟာ ဒီနှစ်ထဲမှာ ၁၀၀ ကျော်ရှိတယ်လို့ ရွာအုပ်ချုပ်ရေးမှူး ဦးချစ်ပေါက ပြောပါတယ်။

မြန်မာ့ရေထွက်ကုန်ပစ္စည်းရဲ့ ထက်ဝက်ကျော်လောက်ထွက်ရှိတဲ့ ဖျာပုံမြို့နယ်က ကျားဖောင်လုပ်ငန်းတွေမှာ ကျွမ်းကျင်လုပ်သားရှားပါးပြီး ကျားဖောင်အရေအတွက် များလာတာကြောင့် နှစ်စဉ်လူ သေဆုံးတာတွေ၊ အသတ်ခံရတာတွေနဲ့ ပျောက်ဆုံးတာတွေ မြင့်တက်လာပါ။

ဒီနှစ် အောက်တိုဘာလထဲမှာ ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားတဦး လူကုန်ကူးခံရပြီး ကျားဖောင်မှာ ရောင်းစားခံရတာနဲ့ ပတ်သက်လို့ ပြည်တွင်း၊ ပြည်ပမီဒီယာတွေမှာ စိတ်ဝင်စားမှု မြင့်တက်ခဲ့သလို အစိုးရပိုင်းကပါ သတိပြုလာတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လာတဲ့အပြင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း ကွင်းဆင်းစစ်ဆေးမှာ ဖြစ်ပါတယ်။

အခုလိုဖြစ်ရပ်မျိုးဟာ ဒေါ်ညိမ်းကျေးရွာအုပ်စု တခုတည်းမှာတင် ၂၀၁၈ ခုနှစ်က လူဦးရေ ၂၀၁ ဦးအထိရှိပြီး အခုနှစ်အတွင်း လူ ၁၀၀ ကျော်အထိ ရှိခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး ဦးချစ်ပေါက ပြောပါတယ်။

“ရေထဲ ခုန်ချတာကတော့ များတယ်။ သေဆုံးတာကတော့ ၃၇ ဦးလောက် ရှိတယ်။ အားလုံးပေါင်း ၂၀၁ ဦး ရှိတယ်။ ၂၀၁၈-၂၀၁၉ မှာပေါ့နော်။ ပင်လယ်ပြင်ကို လာလုပ်တဲ့သူတွေက ပွဲစားတွေ ပစ်မှတ်ထားတာက တချို့ အရက်စွဲနေတဲ့သူတွေ၊ တချို့ ကျန်းမာရေး မပြည့်စုံတဲ့သူတွေပေါ့။ သေဆုံးသူက ဒီနှစ်တော့ စာရင်းမချုပ်ရသေးဘူး။ သေဆုံး ပျောက်ဆုံး ရေထဲခုန်ချ အခုအချိန်အထိ သတင်းပို့ထားတာက ၁၀၀ ကျော်လောက် ရှိတယ်။”

ပင်လယ်ကျားဖောင်တွေမှာ တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်း ညှဉ်းပန်းနှိပ်စက်ခိုင်းစေခံရမှုကို အစ်ကိုဖြစ်သူက ရှာဖွေကယ်ဆယ်ခဲ့ပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံ လူကုန်တားရဲတပ်ဖွဲ့ကနေ သူနဲ့အတူ လူကုန်ကူးခံရသူ ၃ ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဒီသတင်းတွေကြောင့် ရန်ကုန်မြို့ကနေ လူပျောက်ရှာဖွေသူတွေ ဒေါ်ညိမ်းကျေးရွာကို လက်ကမ်းစာစောင်တွေ ကိုင်ပြီး လူပျောက်လာရှာတဲ့သူတွေလည်း ရှိလာပါတယ်။

“ပျောက်သွားလို့ ကျနော်တို့ လိုက်ရှာတယ်။ နောက်ဆုံး ဘယ်အထိ သတင်းရလဲဆိုတော့ တော်ခရမ်းလေးအထိ သတင်းရတယ်။ အဲဒီအထိ ကျနော်တို့ လိုက်ရှာတော့ အဆက်အသွယ်တွေ ပြတ်သွားတယ်။ ပြတ်သွားတော့ ရှာရင်းနဲ့ လက်လျှော့လိုက်တယ်။ အခု မြတ်သူရထွန်း သတင်း ကြားပြီးတဲ့နောက်ပိုင်းမှာ တော်ခရမ်းလေးနဲ့ ဖျာပုံနဲ့က တော်တော်လေးကို နီးစပ်နေတဲ့အတွက် ကျနော်တို့လည်း မျှော်လင့်ချက်နဲ့ပေါ့” လို့ တောင်ဥက္ကလာပမြို့နယ်နေ ကိုကျော်မင်းထွန်းက ပြောပါတယ်။

ကျားဖောင်လုပ်ငန်းအပေါ် သတင်းတွေမှာ ဖော်ပြမှုတွေနဲ့ပတ်သက်လို့ နောက်ပိုင်းမှာ လုပ်ငန်း ထိခိုက်လာနိုင်တဲ့အတွက် နိုဝင်ဘာ ၃၀ ရက်နေ့မှာတော့ ဖျာပုံမြို့နယ်က အောင်နိုင်သူ ဟိုတယ်မှာ ပင်လယ်ကျားပိုက်လုပ်ငန်းရှင်အသင်းကနေ လုပ်ငန်းဆိုင်ရာအခြေအနေတွေကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ခါးပြတ်ကျေးရွာနေ လုပ်ငန်းရှင် ဦးအောင်မိုးက “ဦးတို့ကလည်း မထွက်ခင် ရန်မဖြစ်နဲ့နော်၊ ကောင်းကောင်းမွန်မွန်ပြော၊ တဆင့်နဲ့တဆင့် အစစအရာရာ ပြောကြတယ်။ အခုဖြစ်တဲ့ ပြဿနာကလည်း ဦးစီးတယောက်က နောက်လိုက်တယောက်ကို ရိုက်တယ်လို့ ပြောတာ။ နောက်လိုက်တွေက ဦးစီးကို သတ်ခဲ့တာတွေလည်း အများကြီးပါပဲ။ စာရင်းဒိုင်အပိုင်းကတော့ အကုန်လုံး အကြပ်အမတ် ပြောပြီးသား” လို့ ပြောပါတယ်။

ဒီရှင်းလင်းပွဲမှာ လုပ်သားတွေကြောင့် လုပ်ငန်းရှင်တွေ စီးပွားရေးထိခိုက်မှုတွေလည်း ရှိနေသလို မူးယစ်ဆေးသောက်စားမှုတွေကြောင့် ခိုက်ရန်ဖြစ်ပွားတာ၊ ပင်လယ်ထဲ ခုန်ချတာတွေနဲ့ လိမ်လည်မှုတွေပါရှိတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ဖျာပုံမြို့နယ်က ကျားပိုက်လုပ်ငန်းကို လုပ်ငန်းရှင် ၂၀၀ ကျော်လုပ်ကိုင်နေပြီး ငါးသယ်သင်္ဘော ၅၀၀ ဝန်းကျင်နဲ့ ကျားဖောင်ရေထောင်ချီရှိနေပါတယ်။ ကျားဖောင်တခုကို လုပ်သား ၃ ဦးထားရှိပြီး ဖောင်ဦးစီးတဦးကို ငွေကျပ် ၁ သိန်းခွဲလောက်နဲ့ နောက်လိုက်တဦးကို တစ်သိန်းနှစ်သောင်းလောက်ပေးရပြီး လုပ်သား ၁ သောင်းကျော်ရှိပါတယ်။

ပင်လယ်ကျားပိုက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသံချောင်းက “ပြဿနာတွေ ဒီထက်ကြီးထွားလာရင်တော့ ဆိုးကျိုးတွေ ပေါ်နိုင်တာပေါ့။ ဒီထက် ပြဿနာတွေ လျော့နည်းမသွားရင်တော့ လုပ်ငန်းအတွက် မကောင်းဘူးပေါ့။ လုပ်ငန်းအတွက် မကောင်းရင် ဒေသတခုလုံးအတွက် မကောင်းဘူး”လို့ ပြောပါတယ်။

ကျားဖောင်တွေမှာ လူကုန်ကူးမှုလျှော့ချဖို့၊ အရပ်စာချုပ်ချုပ်ဆိုဖို့ လူပွဲစားတွေကိုလည်း မှတ်ပုံတင်ဖို့နဲ့ လုပ်ငန်းရှင်တွေကိုလည်း ဥပဒေအတိုင်း စာချုပ်ချုပ်ဆိုပြီး လုပ်သားငှားရမ်းဖို့ လူကုန်တားရဲတပ်ဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာအဖွဲ့တွေပူးပေါင်းပြီး ၂၀၁၈ ခုနှစ်က အလုပ်ရုံ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပေမယ့် အကောင်အထည်ဖော်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

share from: xyznews


Previous
Next Post »
Powered by Blogger.