လူေတာ္ေတာ္မ်ားမ်ားက ရံုးပတီသီးကို ၾကိဳက္လို႕သာစားေနေပမယ့္ ဒီေလာက္ေကာင္းမွန္းမသိခဲ့ဘူး


Zawgyiျဖင့္ဖတ္ရန္


႐ုံးပတီသီးဟာ ျမန္မာထမင္းဝိုင္းမွာ အေရးပါတဲ့ အစားအစာတစ္မ်ိဳး ျဖစ္ပါတယ္။ ႐ုံးပတီသီးကို အေၾကာ္အေလွာ္လိုေရာ အတို႔အျမဳပ္အေနနဲ႔ပါ စားသုံးနိုင္လို႔ ဖြယ္ဖြယ္ရာရာျဖစ္ေအာင္ ခ်က္စားဖို႔အတြက္ အေတာ္အဆင္ေျပတဲ့ အသီးအရြက္လို႔ ေျပာနိုင္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားဟာ ႐ုံးပတီသီးကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္စားေနၾကေပမယ့္ ဒီအစားအစာရဲ့ ထူးျခားမႈအေၾကာင္း အသိနည္းၾကပါတယ္ေနာ္..

(၁) ေသြးတြင္း သၾကား မတက္ေအာင္ ေလၽွာ့ခ်ေပးနိုင္ျခင္း

႐ုံးပတီမွာ ေသြးထဲက သၾကားဓါတ္ပါဝင္မႈကို ေလၽွာ့ခ်ဖို႔ကူညီေပးနိုင္တဲ့ အင္ဆူလင္ ဂုဏ္သတၱိေတြပါ ရွိပါတယ္။ ဆီးခ်ိဳေသြးခ်ိဳသမားေတြအတြက္ေတာ့ ႐ုံးပတီဟာ မိတ္ဘက္အစာလို႔ ေျပာနိုင္ပါတယ္။ ႐ုံးပတီသီးမွာ Hypoglycemic Effect လို႔ ေခၚတဲ့ ကိုယ္တြင္းထဲက ဂလူးဂို႔စ္လယ္ဗယ္ကို ေလၽွာ့ခ်နိုင္တဲ့ သက္ေရာက္မႈရွိၿပီး ကိုယ္လက္စထေရာ စုပ္ယူမႈကေတန ကာကြယ္တာေၾကာင့္ အဆီတက္တာ ေသြးတြင္း အက္ဆစ္ဓါတ္မ်ားတာပါ ေလၽွာ့ခ်ေပးနိုင္ပါတယ္။

(၂) အစာေၾကခ်က္မႈကို ျမႇင့္တင္ေပးနိုင္ျခင္း

အမၽွင္ဓါတ္ပါတဲ့ အစားအစာေတြဟာ အစာေခ်ဖ်က္မႈကို အားေပးပါတယ္။ အစာေဟာင္းေတြနဲ႔ ကိုယ္ထဲက မလိုအပ္တဲ့ စြန႔္ပစ္ထုတ္ကုန္ေတြကိုလည္း လြယ္လင့္တကူ ဖယ္ရွားေပးနိုင္ပါတယ္။ ႐ုံးပတီဟာ အမၽွင္ဓါတ္ျမင့္တဲ့ အစားအေသာက္ထဲမွာ ပါပါတယ္။

(၃) ကိုယ္ဝန္ေဆာင္ေတြနဲ႔ သင့္ျခင္း

အမ်ိဳးသမီးေတြ ကိုယ္ဝန္ေဆာင္ခ်ိန္ ရက္သတၱပတ္ ၄ ပတ္ကေန ၂၅ ပတ္အထိ ႐ုံးပတီကို ဓါတ္စာလို စားေပးသင့္ပါတယ္။ ႐ုံးပတီမွာ ဗိုက္တာမင္ ဘီဓါတ္ေတြ ႂကြယ္ဝတာေၾကာင့္ သေႏၶသား က်န္းက်န္းမာမာ ဖြံ့ၿဖိဳးဖို႔အတြက္ အမ်ားႀကီး ကူညီေပးပါတယ္။ ေဖာလစ္အက္ဆစ္လည္း ႂကြယ္ဝလို႔ ဆဲလ္အသစ္ေတြ ျဖစ္ေစရာမွာလည္း အားေပးပါတယ္။ အေရးႀကီးတာတစ္ခုက ေဖာလစ္အက္ဆစ္ဓါတ္ပါဝင္မႈေၾကာင့္ ကိုယ္ဝန္ပ်က္က်မႈကို ကာကြယ္ေပးသလို အမၽွင္ဓါတ္ျမင့္တဲ့ အစားအစာျဖစ္လို႔ ကိုယ္ဝန္ေဆာင္စဥ္ ဝမ္းခ်ဳပ္မႈကိုလည္း ေလၽွာ့ခ်ေပးနိုင္မွာပါ။

(၄) ဆံပင္ေကာင္းေစျခင္း

ေကာပါး ၊ ပိုတက္ဆီယမ္ ၊ သီယာမိုင္း ၊ ဇင့္နဲ႔ ေဖာလစ္အက္ဆစ္ဓါတ္ေတြဟာ ဆံပင္ေကာင္းေစတဲ့ သဘာဝဓါတ္ေတြျဖစ္ၿပီး ႐ုံးပတီမွာ ဒီဓါတ္ေတြကို ေတြ႕ရပါတယ္။

(၅) အသားအေရက်န္းမာေရးပါ ေကာင္းေစျခင္း

႐ုံးပတီမွာပါတဲ့ အာဟာရဓါတ္ေတြဟာ အသားအရည္ေတာက္ပႏုပ်ိဳေစပါတယ္။ ဗိုက္တာမင္ စီေၾကာင့္ တစ္သၽွဴးသစ္ေတြ ျဖစ္ေစၿပီး ပ်က္စီးေနတဲ့ အေရျပားဆဲလ္ေတြကို ျပန္လည္အားေကာင္းေအာင္ လုပ္ေဆာင္ေပးနိုင္ပါတယ္။ ဝက္ၿခံျဖစ္တတ္တဲ့သူေတြအတြက္ ႐ုံးပတီသီး စားေပးျခင္းဟာ ဝက္ၿခံေပါက္မႈ ေလ်ာ့နည္းနိုင္ပါတယ္။


(၆) ကိုယ္ခံစြမ္းအား ျမႇင့္ေပးနိုင္ျခင္း

႐ုံးပတီသီးကို ပုံမွန္စားၿပီး ကိုယ္ခံစြမ္းအားကို ျမႇင့္ေပးနိုင္ပါတယ္။ အေၾကာင္းကေတာ့ ေသြးျဖဴဆဲလ္ေတြကို ထုတ္လုပ္ေစေအာင္ လႈံ႔ေဆာ္ေပးမယ့္ ဗိုက္တာမင္ စီပါတာေၾကာင့္ ခႏၶာကိုယ္ရဲ့ စြမ္းအင္ငကို ျမႇင့္တင္ေပးနိုင္ၿပီး ေတာ္တန္႐ုံ ဖ်ားတာ နာတာကို ကာကြယ္ေပးနိုင္မွာပါ။ ဒါ့အျပင္ ကင္ဆာ ၊ ႏွလုံးေရာဂါနဲ႔အရြယ္မတိုင္ခင္ ႐ုပ္ရင့္တာေတြကိုလည္း တိုက္ဖ်က္နိုင္တဲ့ ဓါတ္တိုးဆန႔္က်င္ပစၥည္းေတြ ပါဝင္ပါတယ္။

(၇) အသည္းေရာဂါ ကာကြယ္ေပးျခင္း

႐ုံးပတီဟာ အသည္းကို သန႔္စင္ေပးနိုင္တာေၾကာင့္ အသည္းနဲ႔ ဆက္စပ္တဲ့ ေရာဂါ မျဖစ္ေအာင္ ကာကြယ္နိုင္မွာပါ။ အသည္းမွာ အဆီစုတာကို ကာကြယ္နိုင္တာေၾကာင့္ အသည္းအဆီဖုံးေရာဂါျဖစ္ပြားမႈကိုလည္း ေလၽွာ့ခ်ေပးနိုင္ပါတယ္။ အသည္းက်န္းမာေရးအတြက္ ဂ႐ုစိုက္ေနရတယ္ဆိုရင္ ႐ုံးပတီကို ေန႔စဥ္လိုလို စားေပးဖို႔ စာရင္းထဲမွာ ထည့္ေပးထားသင့္ပါတယ္။

(၈) အမ်ိဳးသမီးေရာဂါ ျဖစ္ပြားမႈ ေလၽွာ့ခ်နိုင္ျခင္း

အမ်ိဳးသမီးမ်ား ဓမၼတာ ျဖစ္ပြားခ်ိန္မွာ မအဂၤါကေန အျဖဴနဲ႔ အဝါေရာင္ အရည္ေတြ ဆင္းတဲ့ Leukorrhea ေရာဂါအတြက္ ႐ုံးပတီကို စားေပးသင့္ပါတယ္။ ႐ုံးပတီဟာ ကိုယ္ခံစြမ္းအားျမင့္ေပးတဲ့ အစားအစာျဖစ္လို႔ L e u k o r r h e a ျဖစ္ေနခ်ိန္မွာ ႐ုံးပတီလက္တစ္ဆုပ္စာကို ေရ ၂ ခြက္နဲ႔၁၅ မိနစ္ၾကာ ျပဳတ္ၿပီး တစ္ေန႔ ၃ ႀကိမ္ေသာက္ေပးမယ္ဆိုရင္ သက္သာသြားမွာပါ။

(၉) ကိုယ္လက္စထေရာ က်ဆင္းေစျခင္း

႐ုံးပတီရဲ့ ေကာင္းကြက္ေတြထဲမွာ ကိုယ္လက္စထေရာ က်ဆင္းေစတဲ့ အက်ိဳးလည္း ပါပါတယ္။ ကိုယ္လက္စထေရာတက္မႈ နည္းတာေၾကာင့္ ႏွလုံးေရာဂါအပါအဝင္ တစ္ျခား က်န္းမာေရး ျပႆနာေတြပါ ေျဖရွင္းေပးနိုင္ပါတယ္။

(၁၀) အျမင္အာ႐ုံေကာင္းေစျခင္း

ဗိုက္တာမင္ေအ နဲ႔ ဘီတာ ကာရိုတင္းဓါတ္ႂကြယ္ဝတဲ့ ႐ုံးပတီဟာ မ်က္စိေရာဂါေတြ မျဖစ္ေအာင္ ကာကြယ္ေပးနိုင္သလို အျမင္အာ႐ုံကိုလည္း ထက္သန္ ေကာင္းမြန္လာေစပါတယ္။

ခရက္ဒစ္ ကြီး

Unicode ဖြင့်ဖတ်ရန်

ရုံးပတီသီးဟာ မြန်မာထမင်းဝိုင်းမှာ အရေးပါတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ရုံးပတီသီးကို အကြော်အလှော်လိုရော အတို့အမြုပ်အနေနဲ့ပါ စားသုံးနိုင်လို့ ဖွယ်ဖွယ်ရာရာဖြစ်အောင် ချက်စားဖို့အတွက် အတော်အဆင်ပြေတဲ့ အသီးအရွက်လို့ ပြောနိုင်ပါတယ်။ လူတော်တော်များများဟာ ရုံးပတီသီးကို နှစ်နှစ်ခြိုက်ခြိုက်စားနေကြပေမယ့် ဒီအစားအစာရဲ့ ထူးခြားမှုအကြောင်း အသိနည်းကြပါတယ်နော်..

(၁) သွေးတွင်း သကြား မတက်အောင် လျှော့ချပေးနိုင်ခြင်း

ရုံးပတီမှာ သွေးထဲက သကြားဓါတ်ပါဝင်မှုကို လျှော့ချဖို့ကူညီပေးနိုင်တဲ့ အင်ဆူလင် ဂုဏ်သတ္တိတွေပါ ရှိပါတယ်။ ဆီးချိုသွေးချိုသမားတွေအတွက်တော့ ရုံးပတီဟာ မိတ်ဘက်အစာလို့ ပြောနိုင်ပါတယ်။ ရုံးပတီသီးမှာ Hypoglycemic Effect လို့ ခေါ်တဲ့ ကိုယ်တွင်းထဲက ဂလူးဂို့စ်လယ်ဗယ်ကို လျှော့ချနိုင်တဲ့ သက်ရောက်မှုရှိပြီး ကိုယ်လက်စထရော စုပ်ယူမှုကတေန ကာကွယ်တာကြောင့် အဆီတက်တာ သွေးတွင်း အက်ဆစ်ဓါတ်များတာပါ လျှော့ချပေးနိုင်ပါတယ်။

(၂) အစာကြေချက်မှုကို မြှင့်တင်ပေးနိုင်ခြင်း

အမျှင်ဓါတ်ပါတဲ့ အစားအစာတွေဟာ အစာချေဖျက်မှုကို အားပေးပါတယ်။ အစာဟောင်းတွေနဲ့ ကိုယ်ထဲက မလိုအပ်တဲ့ စွန့်ပစ်ထုတ်ကုန်တွေကိုလည်း လွယ်လင့်တကူ ဖယ်ရှားပေးနိုင်ပါတယ်။ ရုံးပတီဟာ အမျှင်ဓါတ်မြင့်တဲ့ အစားအသောက်ထဲမှာ ပါပါတယ်။

(၃) ကိုယ်ဝန်ဆောင်တွေနဲ့ သင့်ခြင်း

အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန် ရက်သတ္တပတ် ၄ ပတ်ကနေ ၂၅ ပတ်အထိ ရုံးပတီကို ဓါတ်စာလို စားပေးသင့်ပါတယ်။ ရုံးပတီမှာ ဗိုက်တာမင် ဘီဓါတ်တွေ ကြွယ်ဝတာကြောင့် သန္ဓေသား ကျန်းကျန်းမာမာ ဖွံ့ဖြိုးဖို့အတွက် အများကြီး ကူညီပေးပါတယ်။ ဖောလစ်အက်ဆစ်လည်း ကြွယ်ဝလို့ ဆဲလ်အသစ်တွေ ဖြစ်စေရာမှာလည်း အားပေးပါတယ်။ အရေးကြီးတာတစ်ခုက ဖောလစ်အက်ဆစ်ဓါတ်ပါဝင်မှုကြောင့် ကိုယ်ဝန်ပျက်ကျမှုကို ကာကွယ်ပေးသလို အမျှင်ဓါတ်မြင့်တဲ့ အစားအစာဖြစ်လို့ ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်မှုကိုလည်း လျှော့ချပေးနိုင်မှာပါ။

(၄) ဆံပင်ကောင်းစေခြင်း

ကောပါး ၊ ပိုတက်ဆီယမ် ၊ သီယာမိုင်း ၊ ဇင့်နဲ့ ဖောလစ်အက်ဆစ်ဓါတ်တွေဟာ ဆံပင်ကောင်းစေတဲ့ သဘာဝဓါတ်တွေဖြစ်ပြီး ရုံးပတီမှာ ဒီဓါတ်တွေကို တွေ့ရပါတယ်။

(၅) အသားအရေကျန်းမာရေးပါ ကောင်းစေခြင်း

ရုံးပတီမှာပါတဲ့ အာဟာရဓါတ်တွေဟာ အသားအရည်တောက်ပနုပျိုစေပါတယ်။ ဗိုက်တာမင် စီကြောင့် တစ်သျှူးသစ်တွေ ဖြစ်စေပြီး ပျက်စီးနေတဲ့ အရေပြားဆဲလ်တွေကို ပြန်လည်အားကောင်းအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဝက်ခြံဖြစ်တတ်တဲ့သူတွေအတွက် ရုံးပတီသီး စားပေးခြင်းဟာ ဝက်ခြံပေါက်မှု လျော့နည်းနိုင်ပါတယ်။

(၆) ကိုယ်ခံစွမ်းအား မြှင့်ပေးနိုင်ခြင်း

ရုံးပတီသီးကို ပုံမှန်စားပြီး ကိုယ်ခံစွမ်းအားကို မြှင့်ပေးနိုင်ပါတယ်။ အကြောင်းကတော့ သွေးဖြူဆဲလ်တွေကို ထုတ်လုပ်စေအောင် လှုံ့ဆော်ပေးမယ့် ဗိုက်တာမင် စီပါတာကြောင့် ခန္ဓာကိုယ်ရဲ့ စွမ်းအင်ငကို မြှင့်တင်ပေးနိုင်ပြီး တော်တန်ရုံ ဖျားတာ နာတာကို ကာကွယ်ပေးနိုင်မှာပါ။ ဒါ့အပြင် ကင်ဆာ ၊ နှလုံးရောဂါနဲ့အရွယ်မတိုင်ခင် ရုပ်ရင့်တာတွေကိုလည်း တိုက်ဖျက်နိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။

(၇) အသည်းရောဂါ ကာကွယ်ပေးခြင်း

ရုံးပတီဟာ အသည်းကို သန့်စင်ပေးနိုင်တာကြောင့် အသည်းနဲ့ ဆက်စပ်တဲ့ ရောဂါ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။ အသည်းမှာ အဆီစုတာကို ကာကွယ်နိုင်တာကြောင့် အသည်းအဆီဖုံးရောဂါဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အသည်းကျန်းမာရေးအတွက် ဂရုစိုက်နေရတယ်ဆိုရင် ရုံးပတီကို နေ့စဉ်လိုလို စားပေးဖို့ စာရင်းထဲမှာ ထည့်ပေးထားသင့်ပါတယ်။

(၈) အမျိုးသမီးရောဂါ ဖြစ်ပွားမှု လျှော့ချနိုင်ခြင်း

အမျိုးသမီးများ ဓမ္မတာ ဖြစ်ပွားချိန်မှာ မအင်္ဂါကနေ အဖြူနဲ့ အဝါရောင် အရည်တွေ ဆင်းတဲ့ Leukorrhea ရောဂါအတွက် ရုံးပတီကို စားပေးသင့်ပါတယ်။ ရုံးပတီဟာ ကိုယ်ခံစွမ်းအားမြင့်ပေးတဲ့ အစားအစာဖြစ်လို့ L e u k o r r h e a ဖြစ်နေချိန်မှာ ရုံးပတီလက်တစ်ဆုပ်စာကို ရေ ၂ ခွက်နဲ့၁၅ မိနစ်ကြာ ပြုတ်ပြီး တစ်နေ့ ၃ ကြိမ်သောက်ပေးမယ်ဆိုရင် သက်သာသွားမှာပါ။

(၉) ကိုယ်လက်စထရော ကျဆင်းစေခြင်း

ရုံးပတီရဲ့ ကောင်းကွက်တွေထဲမှာ ကိုယ်လက်စထရော ကျဆင်းစေတဲ့ အကျိုးလည်း ပါပါတယ်။ ကိုယ်လက်စထရောတက်မှု နည်းတာကြောင့် နှလုံးရောဂါအပါအဝင် တစ်ခြား ကျန်းမာရေး ပြဿနာတွေပါ ဖြေရှင်းပေးနိုင်ပါတယ်။

(၁၀) အမြင်အာရုံကောင်းစေခြင်း

ဗိုက်တာမင်အေ နဲ့ ဘီတာ ကာရိုတင်းဓါတ်ကြွယ်ဝတဲ့ ရုံးပတီဟာ မျက်စိရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို အမြင်အာရုံကိုလည်း ထက်သန် ကောင်းမွန်လာစေပါတယ်။

ခရက်ဒစ် ကွီး


Previous
Next Post »
Powered by Blogger.