ေထာပတ်သီးေန႔တိုင်းစားပါ




Zawgyi ျဖင့္ဖတ္ရန္

အေမရိကန္ျပည္ေထာင္စုမွာ ျပဳလုပ္ခဲ့တဲ့ သုေတသနတစ္ခုအရ ေထာပတ္သီးေန႔စဥ္ တစ္လုံးစားေပးႏိုင္ရင္ မေကာင္းတဲ့ ကို လက္စထေရာလ္ (LDL) က်ဆင္းေစေၾကာင္း ေတြ႕ရွိခဲ့ရပါတယ္။ ဒါ့အျပင္ ေထာပတ္သီး က မေကာင္းတဲ့ ကိုလက္စထေရာလ္ (LDL) မ်ားကို နည္းေစတဲ့အျပင္ Lutein လူတင္းလို႔ေခၚတဲ့ ဓာတ္တိုးဆန႔္က်င္ပစၥည္း ပမာဏကိုလည္းျမင့္တက္ေစပါတယ္။

လူတင္းပမာဏမ်ားလွ်င္ မ်က္စိက်န္းမာေရးကို တိုးတက္ေကာင္းမြန္ေစပါတယ္။ သုေတ သီမ်ားက ေလ့လာခံပုဂၢိဳလ္မ်ားအား အစားအစာပုံစံ ၃မ်ိဳးျဖင့္ စားေစခဲ့ၿပီး အုပ္စုတစ္ခု ကိုေတာ့ ေထာပတ္သီး တစ္ေန႔ ၁လုံး ျဖည့္စြက္စားေစခဲ့ၿပီး ရလဒ္မ်ားကို ႏႈိင္းယွဥ္ ေလ့လာခဲ့ျခင္းျဖစ္ပါတယ္။ ေထာပတ္သီးထဲမွာ မိုႏိုမျပည့္ဝဆီပမာဏ မ်ားစြာပါဝင္ေန တာ ျဖစ္ပါတယ္။

ေထာပတ္သီးမ်ားဟာ အမွန္တကယ္ကို က်န္းမာေရးႏွင့္ ညီၫြတ္ေသာ အဆီဓာတ္ မ်ားႏွင့္ အျခားေသာ အာဟာရဓာတ္မ်ား ပါဝင္ေနတဲ့အတြက္ က်န္းမာေရးႏွင့္ ညီၫြတ္ ေသာစားေသာက္မႈပုံစံက်င့္သုံးသူမ်ားအေနနဲ႔ ေထာပတ္သီးကိုသူတို႔ရဲ႕အစားအေသာက္ စာရင္းထဲမွာ ထည့္သြင္းသင့္ေၾကာင္း၊ ဂ်ဳံၾကမ္းျဖင့္ ျပဳလုပ္ထားေသာ

ေပါင္မုန႔္မီးကင္ ႏွင့္ ေထာပတ္သီးတြဲ၍လည္းေကာင္း သို႔မဟုတ္ ေထာပတ္သီးအႏွစ္ထဲသို႔ သခြားသီး၊ မုန္လာဥနီအေခ်ာင္းမ်ား ႏွစ္၍ တို႔စားျခင္းျဖင့္လည္းေကာင္း ေထာပတ္သီးကို စားႏိုင္ ေၾကာင္း သိရပါတယ္။

Ref : Healthcare asia

Unicode ဖြင့်ဖတ်ရန်


ထောပတျသီးနေ့တိုငျးစားပါ



အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ ထောပတ်သီးနေ့စဉ် တစ်လုံးစားပေးနိုင်ရင် မကောင်းတဲ့ ကို လက်စထရောလ် (LDL) ကျဆင်းစေကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ထောပတ်သီး က မကောင်းတဲ့ ကိုလက်စထရောလ် (LDL) များကို နည်းစေတဲ့အပြင် Lutein လူတင်းလို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပမာဏကိုလည်းမြင့်တက်စေပါတယ်။

လူတင်းပမာဏများလျှင် မျက်စိကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။ သုတေ သီများက လေ့လာခံပုဂ္ဂိုလ်များအား အစားအစာပုံစံ ၃မျိုးဖြင့် စားစေခဲ့ပြီး အုပ်စုတစ်ခု ကိုတော့ ထောပတ်သီး တစ်နေ့ ၁လုံး ဖြည့်စွက်စားစေခဲ့ပြီး ရလဒ်များကို နှိုင်းယှဉ် လေ့လာခဲ့ခြင်းဖြစ်ပါတယ်။ ထောပတ်သီးထဲမှာ မိုနိုမပြည့်ဝဆီပမာဏ များစွာပါဝင်နေ တာ ဖြစ်ပါတယ်။

ထောပတ်သီးများဟာ အမှန်တကယ်ကို ကျန်းမာရေးနှင့် ညီညွတ်သော အဆီဓာတ် များနှင့် အခြားသော အာဟာရဓာတ်များ ပါဝင်နေတဲ့အတွက် ကျန်းမာရေးနှင့် ညီညွတ် သောစားသောက်မှုပုံစံကျင့်သုံးသူများအနေနဲ့ ထောပတ်သီးကိုသူတို့ရဲ့အစားအသောက် စာရင်းထဲမှာ ထည့်သွင်းသင့်ကြောင်း၊ ဂျုံကြမ်းဖြင့် ပြုလုပ်ထားသော

ပေါင်မုန့်မီးကင် နှင့် ထောပတ်သီးတွဲ၍လည်းကောင်း သို့မဟုတ် ထောပတ်သီးအနှစ်ထဲသို့ သခွားသီး၊ မုန်လာဥနီအချောင်းများ နှစ်၍ တို့စားခြင်းဖြင့်လည်းကောင်း ထောပတ်သီးကို စားနိုင် ကြောင်း သိရပါတယ်။

Ref : Healthcare asia

Previous
Next Post »
Powered by Blogger.