နည္းပညာသုံးၿပီး ေတာင္းတဲ့ အဆင့္ျမင့္ျမင့္ ေတာင္းစားသူေတြ ေပၚလာၿပီ



Zawgyi ျဖင့္ဖတ္ရန္

လမ္းေပၚမွာျဖစ္ျဖစ္၊ ဆိုင္ေတြထဲမွာပဲျဖစ္ျဖစ္ ပိုက္ဆံေတာင္းတဲ့သူေတြနဲ႔ ႀကဳံဖူးၾကပါလိမ့္မယ္။ အဲဒီအခါ မေပးခ်င္လို႔ပဲျဖစ္ျဖစ္ ပိုက္ဆံအေႂကြမပါလို႔ပဲျဖစ္ျဖစ္ မ႐ိုင္းသြားေအာင္ “အေႂကြမရွိလို႔ပါ” လို႔ ေျပာၿပီး ျငင္းပယ္ခဲ့ဖူးၾကမွာပါ။

နည္းပညာေတြ တိုးတက္လာတဲ့ ေခတ္ႀကီးထဲမွာ လူတိုင္းက နည္းပညာေတြကို အသုံးခ်တတ္ေအာင္ အမီလိုက္ေနၾကပါတယ္။ ဒီအထဲမွာ ပိုက္ဆံေတာင္းတဲ့ (သူဖုန္းစား) ေတြလဲ ပါလာၾကပါၿပီ။ သူတို႔နဲ႔ေတြ႕တဲ့အခါ အရင္ကလိုမ်ိဳး “အေႂကြမရွိလို႔ပါ” လို႔ ေျပာၿပီး ေရွာင္းထြက္သြားလို႔မရေတာ့ပါဘူး။

တ႐ုတ္ႏိုင္ငံက လမ္းေတြေပၚမွာ ပိုက္ဆံေတာင္းတဲ့သူေတြဟာ WeChat အပလီေကးရွင္းရဲ႕ အြန္လိုင္းေငြေပးေခ်စနစ္ကို အသုံးျပဳၿပီး အဆင့္ျမင့္ျမင့္ ေတာင္းစားေနၾကၿပီလို႔ ေဖ့စ္ဘြခ္သုံးစြဲသူ Fazil Irwan က သူ႔မိတ္ေဆြတစ္ေယာက္ တ႐ုတ္ႏိုင္ငံမွာ ႀကဳံခဲ့ရတဲ့အျဖစ္ပ်က္ကို ျပန္လည္ ေဝမွ်ထားပါတယ္။



“ကြၽန္ေတာ့သူငယ္ခ်င္းေတြ ညစာစားဖို႔ အျပင္ထြက္အလာ လမ္းေပၚမွာ အဖြားႀကီးတစ္ေယာက္က ပိုက္ဆံေတာင္းပါေလေရာ၊ သူတို႔က ေပးစရာ ပိုက္ဆံအ႐ြက္(cash) မရွိဘူးလို႔ ေျပာလိုက္ေတာ့ အဖြားႀကီးက ကိစၥမရွိပါဘူးဆိုးၿပီး QR ကုဒ္ပါတဲ့ ကတ္ျပားေလးထုတ္ေပးပါေလေရာhttp://www.popolay.com/program-detail.php?pml=20277

။ အဲဒါေလးကို စကန္ဖတ္ၿပီး အြန္လိုင္းကေန ေပးလို႔ရပါတယ္တဲ့။ ဒါနဲ႔ပဲ အြန္လိုင္းကေန ပိုက္ဆံလႊဲေပးခဲ့ရပါတယ္” လို႔ ေရးသားခဲ့ပါတယ္။

အဲဒီပို႔စ္ရဲ႕ေအာက္မွာ ဝင္ေရာက္ေရးသားသူ 3.4K ရွိေနၿပီး ျပန္လည္ေဝမွ်သူ 16K ရွိတာကို ေတြ႕ရပါတယ္။ကဲ..ေနာက္တစ္ခါဆိုရင္ေတာ့ ‘အေႂကြမရွိဘူး’ လို႔ ျငင္းလို႔မရေတာ့ဘူးေနာ္..။

Credits: popolay 

Unicode ဖြင့်ဖတ်ရန်

နည်းပညာသုံးပြီး တောင်းတဲ့ အဆင့်မြင့်မြင့် တောင်းစားသူတွေ ပေါ်လာပြီ



လမ်းပေါ်မှာဖြစ်ဖြစ်၊ ဆိုင်တွေထဲမှာပဲဖြစ်ဖြစ် ပိုက်ဆံတောင်းတဲ့သူတွေနဲ့ ကြုံဖူးကြပါလိမ့်မယ်။ အဲဒီအခါ မပေးချင်လို့ပဲဖြစ်ဖြစ် ပိုက်ဆံအကြွေမပါလို့ပဲဖြစ်ဖြစ် မရိုင်းသွားအောင် “အကြွေမရှိလို့ပါ” လို့ ပြောပြီး ငြင်းပယ်ခဲ့ဖူးကြမှာပါ။

နည်းပညာတွေ တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ လူတိုင်းက နည်းပညာတွေကို အသုံးချတတ်အောင် အမီလိုက်နေကြပါတယ်။ ဒီအထဲမှာ ပိုက်ဆံတောင်းတဲ့ (သူဖုန်းစား) တွေလဲ ပါလာကြပါပြီ။ သူတို့နဲ့တွေ့တဲ့အခါ အရင်ကလိုမျိုး “အကြွေမရှိလို့ပါ” လို့ ပြောပြီး ရှောင်းထွက်သွားလို့မရတော့ပါဘူး။

တရုတ်နိုင်ငံက လမ်းတွေပေါ်မှာ ပိုက်ဆံတောင်းတဲ့သူတွေဟာ WeChat အပလီကေးရှင်းရဲ့ အွန်လိုင်းငွေပေးချေစနစ်ကို အသုံးပြုပြီး အဆင့်မြင့်မြင့် တောင်းစားနေကြပြီလို့ ဖေ့စ်ဘွခ်သုံးစွဲသူ Fazil Irwan က သူ့မိတ်ဆွေတစ်ယောက် တရုတ်နိုင်ငံမှာ ကြုံခဲ့ရတဲ့အဖြစ်ပျက်ကို ပြန်လည် ဝေမျှထားပါတယ်။



“ကျွန်တော့သူငယ်ချင်းတွေ ညစာစားဖို့ အပြင်ထွက်အလာ လမ်းပေါ်မှာ အဖွားကြီးတစ်ယောက်က ပိုက်ဆံတောင်းပါလေရော၊ သူတို့က ပေးစရာ ပိုက်ဆံအရွက်(cash) မရှိဘူးလို့ ပြောလိုက်တော့ အဖွားကြီးက ကိစ္စမရှိပါဘူးဆိုးပြီး QR ကုဒ်ပါတဲ့ ကတ်ပြားလေးထုတ်ပေးပါလေရော။ အဲဒါလေးကို စကန်ဖတ်ပြီး အွန်လိုင်းကနေ ပေးလို့ရပါတယ်တဲ့။ ဒါနဲ့ပဲ အွန်လိုင်းကနေ ပိုက်ဆံလွှဲပေးခဲ့ရပါတယ်” လို့ ရေးသားခဲ့ပါတယ်။

အဲဒီပို့စ်ရဲ့အောက်မှာ ဝင်ရောက်ရေးသားသူ 3.4K ရှိနေပြီး ပြန်လည်ဝေမျှသူ 16K ရှိတာကို တွေ့ရပါတယ်။ကဲ..နောက်တစ်ခါဆိုရင်တော့ ‘အကြွေမရှိဘူး’ လို့ ငြင်းလို့မရတော့ဘူးနော်..။

Credits: popolay 


Previous
Next Post »
Powered by Blogger.