အပ်ိဳ မစစ္ေတာ့လို႔ ဆီးဂိမ္းမွာ ယွဥ္ၿပိဳင္ခြင့္မရတဲ့ ကြၽမ္းဘားမယ္




Zawgyi ျဖင့္ဖတ္ရန္

လက္ရွိ ဖိလစ္ပိုင္ႏိုင္ငံမွာ က်င္းပျပဳလုပ္ေနတဲ့ အေရွ႕ေတာင္အာရွႏိုင္ငံမ်ား အားကစားၿပိဳင္ပြဲ SEA Games မွာ ကြၽမ္းဘားအားကစားနည္းနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ အင္ဒိုနီးရွားႏိုင္ငံကိုယ္စားျပဳအသင္းမွ ကြၽမ္းဘားမယ္ တစ္ဦးဟာ အပ်ိဳအစစ္မဟုတ္ဘူးလို႔ စြပ္စြဲခံခဲ့ရၿပီးေနာက္ ႏိုင္ငံအသင္းကေန ထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။



အသက္ ၁၇ ႏွစ္အ႐ြယ္ Shalfa Avrila Sania ဟာ အသက္ ၈ ႏွစ္အ႐ြယ္ကတည္းကေန ကြၽမ္းဘားကစားလာခဲ့တဲ့ မိန္းကေလးျဖစ္ပါတယ္။ ဆီးဂိမ္းမွာ ယွဥ္ၿပိဳင္ဖို႔ ေ႐ြးခ်ယ္ခံထားခဲ့ရေပမယ့္ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ လလယ္ေလာက္မွာ သူမရဲ႕ အသင္းနည္းျပျဖစ္သူက သူမဟာ အပ်ိဳမစစ္ေတာ့ဘူးဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အသင္းကေန ႐ုတ္တရက္ထုတ္ပစ္ခဲ့ပါတယ္။



Shalfa ရဲ႕မိသားစုဝင္ေတြက ဒီလုပ္ရပ္အေပၚ သူတို႔သမီးရဲ႕ ဂုဏ္သိကၡာနဲ႔ စြန္းထင္းခဲ့မႈအတြက္ မေက်မနပ္ျဖစ္ကာ အပ်ိဳစစ္ေသးေၾကာင္း ေဆးစာအေထာက္အထားေတြနဲ႔တကြ အင္ဒိုနီးရွား လူငယ္နဲ႔အားကစား ဝန္ႀကီးဌါနကို တိုင္ၾကားခဲ့ပါတယ္။

ဝန္ႀကီးဌါနရဲ႕ ေျပာခြင့္ရပုဂၢိဳလ္ Gatot S. Dewa Broto က Shalfa ကို အသင္းကေန ထုတ္ပယ္ရတဲ့ အေၾကာင္းရင္းက သူမရဲ႕ စြမ္းေဆာင္ရည္နဲ႔ စည္းကမ္းပိုင္းဆိုင္ရာ ျပႆနာေလးေတြေၾကာင့္ ျဖစ္တယ္လို႔ မီဒီယာေတြကို ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း နည္းျပျဖစ္သူက အမွားလုပ္ခဲ့တဲ့အေပၚမွာလည္း ျငင္းဆိုခဲ့ျခင္းမရွိပါဘူး။




Gatot S. Dewa Broto

“ကြၽန္ေတာ္တို႔အေနနဲ႔ ဒိကိစၥကို တိတိက်က် ေဆာင္႐ြက္မွာပါ ကစားသမားကို အပ်ိဳျဖစ္မႈ မျဖစ္မႈဟာ ကိုယ္ေရးကိုယ္တာ ကိစၥျဖစ္ၿပီး စြမ္းေဆာင္ရည္နဲ႔ ဘယ္လိုမွ မပက္သက္ပါဘူး” လို႔ ေျပာဆိုခဲ့ပါတယ္။

Shalfa ရဲ႕ မိခင္က နည္းျပကို ဘာေၾကာင့္ အခုလို စြပ္စြဲရတာလဲလို႔ ေမးျမန္းတဲ့အေပၚ နည္းျပက Shalfa ဟာ ေယာက်္ားေလး သူငယ္ခ်င္းေတြနဲ႔အတူ ညဘက္ေတြအျပင္ထြက္တတ္တဲ့အတြက္ ဒါကိုၾကည့္ျခင္းအားျဖင့္ အပ်ိဳမစစ္ေတာ့ဘူးလို႔ သိႏိုင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။



Shalfa ဟာ အသက္ ၈ ႏွစ္အ႐ြယ္ကတည္းက ကြၽမ္းဘားကစားခဲ့ၿပီး အခုခ်ိန္ထိ ဆုတံဆိပ္ေပါင္း ၅၀ နီးပါးကို ဆြတ္ခူးရရွိထားတဲ့ ႏိုင္ငံ့လက္ေ႐ြးစင္ အားကစားသမားတစ္ဦး ျဖစ္ေၾကာင္း အင္ဒိုနီးရွား သတင္းမီဒီယာ iNews မွာ ေဖာ္ျပထားသည္။

Credit:popolay


Unicode ဖြင့်ဖတ်ရန်

အပျို မစစ်တော့လို့ ဆီးဂိမ်းမှာ ယှဉ်ပြိုင်ခွင့်မရတဲ့ ကျွမ်းဘားမယ်


လက်ရှိ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ အရှေ့တောင်အာရှနိုင်ငံများ အားကစားပြိုင်ပွဲ SEA Games မှာ ကျွမ်းဘားအားကစားနည်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် အင်ဒိုနီးရှားနိုင်ငံကိုယ်စားပြုအသင်းမှ ကျွမ်းဘားမယ် တစ်ဦးဟာ အပျိုအစစ်မဟုတ်ဘူးလို့ စွပ်စွဲခံခဲ့ရပြီးနောက် နိုင်ငံအသင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။



အသက် ၁၇ နှစ်အရွယ် Shalfa Avrila Sania ဟာ အသက် ၈ နှစ်အရွယ်ကတည်းကနေ ကျွမ်းဘားကစားလာခဲ့တဲ့ မိန်းကလေးဖြစ်ပါတယ်။ ဆီးဂိမ်းမှာ ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံထားခဲ့ရပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာ လလယ်လောက်မှာ သူမရဲ့ အသင်းနည်းပြဖြစ်သူက သူမဟာ အပျိုမစစ်တော့ဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ အသင်းကနေ ရုတ်တရက်ထုတ်ပစ်ခဲ့ပါတယ်။



Shalfa ရဲ့မိသားစုဝင်တွေက ဒီလုပ်ရပ်အပေါ် သူတို့သမီးရဲ့ ဂုဏ်သိက္ခာနဲ့ စွန်းထင်းခဲ့မှုအတွက် မကျေမနပ်ဖြစ်ကာ အပျိုစစ်သေးကြောင်း ဆေးစာအထောက်အထားတွေနဲ့တကွ အင်ဒိုနီးရှား လူငယ်နဲ့အားကစား ဝန်ကြီးဌါနကို တိုင်ကြားခဲ့ပါတယ်။

ဝန်ကြီးဌါနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Gatot S. Dewa Broto က Shalfa ကို အသင်းကနေ ထုတ်ပယ်ရတဲ့ အကြောင်းရင်းက သူမရဲ့ စွမ်းဆောင်ရည်နဲ့ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာလေးတွေကြောင့် ဖြစ်တယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း နည်းပြဖြစ်သူက အမှားလုပ်ခဲ့တဲ့အပေါ်မှာလည်း ငြင်းဆိုခဲ့ခြင်းမရှိပါဘူး။



Gatot S. Dewa Broto

“ကျွန်တော်တို့အနေနဲ့ ဒိကိစ္စကို တိတိကျကျ ဆောင်ရွက်မှာပါ ကစားသမားကို အပျိုဖြစ်မှု မဖြစ်မှုဟာ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်ပြီး စွမ်းဆောင်ရည်နဲ့ ဘယ်လိုမှ မပက်သက်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

Shalfa ရဲ့ မိခင်က နည်းပြကို ဘာကြောင့် အခုလို စွပ်စွဲရတာလဲလို့ မေးမြန်းတဲ့အပေါ် နည်းပြက Shalfa ဟာ ယောကျ်ားလေး သူငယ်ချင်းတွေနဲ့အတူ ညဘက်တွေအပြင်ထွက်တတ်တဲ့အတွက် ဒါကိုကြည့်ခြင်းအားဖြင့် အပျိုမစစ်တော့ဘူးလို့ သိနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။



Shalfa ဟာ အသက် ၈ နှစ်အရွယ်ကတည်းက ကျွမ်းဘားကစားခဲ့ပြီး အခုချိန်ထိ ဆုတံဆိပ်ပေါင်း ၅၀ နီးပါးကို ဆွတ်ခူးရရှိထားတဲ့ နိုင်ငံ့လက်ရွေးစင် အားကစားသမားတစ်ဦး ဖြစ်ကြောင်း အင်ဒိုနီးရှား သတင်းမီဒီယာ iNews မှာ ဖော်ပြထားသည်။

Credit:popolay 


Previous
Next Post »
Powered by Blogger.