အသက် ၁၀၀ ရှိနေပေမယ့် အလန်းလွန် အလွန်လန်း နေတဲ့ ရန်ကုန်မြို့ လှည်းတန်းက အပျိုကြီး ဖွားဖွား





Zawgyiဖြင့်ဖတ်ရန်













Unicode ဖြင့်ဖတ်ရန်



စိတ်ပျိုကိုယ်နုဆိုတဲ့ စကားပုံ တစ်ခုကို ပရိတ်သတ်ကြီးကြားဖူးကြမှာပါနော်။ လူတွေရဲ့ စိတ်ဟာ နုပျိုလန်းဆန်းနေသမျှကာလပတ်လုံး ကိုယ်ခန္ဓာဟာလည်း ကျန်းမာသန်စွမ်းနေမှာပါ။ ဒါကတော့ ဆေးပညာ အရ ဆရာဝန်ကြီးတွေကတောင် လက်ခံထားတဲ့ ဇီဝဖြစ်စဉ်ပဲဖြစ်ပါတယ်။ မြန်မာစကားပုံမှာလည်း ကျန်းမာခြင်းဟာ လဘ်တစ်ပါးလို့ဆိုပါတယ်။ ကျန်းမာဖို့အတွက် ကိုယ့်ရဲ့စိတ်ဟာ အမြဲတမ်းလန်းဆန်းနေသင့်ပါတယ်။ ဒီဖြစ်စဉ်လေးကိုတော့ လှည်းတန်းက ဘွားဘွားက သက်သေပြလိုက်ပါပြီနော်။ အဖွားဟာ အသက် ၁၀၀ ရှိပြီဖြစ်ပြီး အခုချိန်ထိ လန်းဆန်းတက်ကြွလျက်ရှိတုန်းပါပဲ။





အဘွားနဲ့ပတ်သတ်ပြီး လူမှုကွန်ယက် က Yail Yan Naung ဆိုတဲ့အကောင့်တစ်ခုက အဖွားဟာ အခုချိန်ထိ လန်းဆန်းတက်ကြွနေတဲ့အကြောင်းကို ယခုလို ဖော်ပြခဲ့ပါတယ်။ ((((လှည်းတန်းဈေးထဲမှာ ခရမ်းချဉ်သီး နဲ့ဂျင်းရောင်းတဲ့ အသက်၁၀၀ အဖွား…အပျိုကြီး တကိုယ်တည်း လန်းနေတာ…အခုလဲ ဖုန်းလာဝယ်တာ လန်ထွက်နေတာပဲ…





နာမည်ကိုက ဒေါ်သက်ပြန်တဲ့ ဟင်္သတက အဖေက တရုတ် အမေက ကရင်… သွားရင်းလာရင်း တွေ့တဲ့သူများ ဈေးဝယ်ကုသိုလ်ယူပေးလိုက်ကြပါဦး…အခုနောက်ပိုင်း ဈေးသိပ်ရောင်းမကောင်းဘူးတဲ့…😁)))) ဖွားဖွားဒေါ်သက်ပြန် အခုလိုပဲ အမြဲတမ်း လန်းနေပါစေလို့ ပရိတ်သတ်ကြီးနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်နော်……….။



Credit: Shwe Yaung Lan




Previous
Next Post »
Powered by Blogger.