ေလ်ာ္ေၾကးေငြကိစၥမ်ားႏွင့္ ပက္သက္ၿပီး တရားဥပေဒအရ အေရးယူမည့္အေၾကာင္း အသိေပးခံလိုက္ရတဲ့ စြမ္းသဘင္




 Zawgyi ျဖင့္ဖတ္ရန္

ႏွစ္စဥ္က်င္းပၿမဲျဖစ္ေသာ မေကြးတိုင္းေဒသႀကီး ေခ်ာက္ၿမိဳ႕မဟာေအးေစတီ ဘုရားပြဲေတာ္ႀကီးတြင္ ၁၃၈၁ ခုႏွစ္ တန္ေဆာင္မုန္းလျပည့္ေက်ာ္(၆/၇/၈)အထိ(၃)ညတိုင္တိုင္ စြမ္းဇာနည္ဇာတ္ပြဲကျပရန္အတြက္ 28/8/2019 ေန႔ တြင္ ဇာတ္ပြဲမန္ေနဂ်ာဦးလႈိင္ဝင္း ႏွင့္ဇာတ္ပြဲဌားရမ္ျခင္း စရံေပး ကတိစာခ်ဳပ္ ခ်ဳပ္ဆို၍ ပထမအႀကိမ္စရံေငြ (သိန္း ၃၀)က်ပ္ အားလည္းေကာင္း 10/9/2019 ေန႔တြင္မင္းသားဦးေလးေတာ္စပ္သူဇာတ္ပြဲမန္ေနဂ်ာဦးေအာင္မ်ိဳးဦး ထံသို႔ ေခ်ာက္ၿမိဳ႕ ကေမာၻဇဘဏ္မွ ေ႐ႊဘိုၿမိဳ႕ ကေမာၻဇဘဏ္သို႔ ဒုတိယ အႀကိမ္စရံေငြ (သိန္း၂၀) က်ပ္အား ေငြလႊဲျဖင့္လည္းေကာင္း စုစုေပါင္း စရံေငြ(၅၀သိန္း)က်ပ္ တိတိကို စြမ္းဇာနည္ဇာတ္ပြဲ ကျပရန္ေပးေခ်ခဲ့ရာ မန္ေနဂ်ာကိုယ္တိုင္ လက္ခံစစ္ေဆးေရတြက္ ရယူခဲ့ၿပီးျဖစ္ပါသည္။





စြမ္းဇာနည္ဇာတ္ပြဲသည္ စရံေငြအား လက္ခံရယူခဲ့ေသာ္လည္း ဘုရားပြဲေတာ္ႀကီး စာခ်ဳပ္ရက္တြင္ လာေရာက္ကျပခဲ့ျခင္းမရွိသျဖင့္ အျခားဇာတ္ပြဲအား အဆိုေတာ္မ်ား သ႐ုပ္ေဆာင္မ်ား ဌားရမ္းအစားထိုးထည့္သြင္း ကျပခဲ့ရသည့္အျပင္ စြမ္းဇာနည္ ႀကိဳတင္ဖ်ာေရာင္းခ်ထားမႈအား အမ်ားေၾကနပ္မႈရွိေစရန္ျပန္လွယ္ေျဖရွင္းခဲ့ရမႈအားသင္တို႔ ၾကားသိၿပီးျဖစ္မည္ျဖစ္ပါသည္။





သို႔အတြက္ ကြၽႏွ္ပ္တို႔တြင္ ဇာတ္႐ုံ ေၾကာ္ျငာ ဗြီႏႈိင္း ႏွင့္ နစ္နာမႈမ်ားစြာအတြက္ မႏၲေလးၿမိဳ႕ေနဇာတ္ပြဲမန္ေနဂ်ာ ဦးလႈိင္ဝင္းေနအိမ္တြင္ ညႇိဳႏႈိင္းမႈအရ သင္တို႔ကိုယ္တိုင္ နစ္နာေၾကး(သိန္း၁၂၀)က်ပ္ ေပးေလွ်ာ္မည္ျဖစ္ေၾကာင္း စိတ္ေၾကနပ္ၾကည္ျဖဴ လြတ္လပ္စြာကတိျပဳခဲ့ၿပီးျဖစ္ပါသည္။



ကတိျပဳၿပီးျဖစ္ေသာ္လည္း သင္တို႔အေနျဖင့္ ေပးေလွ်ာ္မည့္ေန႔ရက္အား အေၾကာင္းအမ်ိဳးမ်ိဳးျပ လွီးလႊဲေျပာဆိုေရွာင္တိမ္းေနသျဖင့္ သင္တို႔ကိုယ္တိုင္ ကြၽႏွ္ပ္ထံသို႔ (5/12/2019) ေန႔ ေနာက္ဆုံးထား၍ သေဘာတူေၾကနပ္ထားသည့္ နစ္နာေၾကးေငြ(သိန္း ၁၂၀)က်ပ္ တိတိအား တစ္လုံးတစ္ခဲတည္း မပ်က္မကြက္ လာေရာက္ေပးေလွ်ာ္ရန္အသိေပးေၾကညာ ေတာင္းဆိုလိုက္ပါသည္။



ထပ္ဆင့္သိရွိေစလိုသည္မွာ (5/12/2019) သတ္မွတ္ရက္ေက်ာ္လြန္ပါက တရားဥပေဒနည္းလမ္းရွိသည့္ အတိုင္း အမႈဖြင့္လွစ္ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဆန္းသစ္တည္ထြင္ စြမ္းသဘင္ စြမ္းဇာနည္ဇာတ္ပြဲ မန္ေနဂ်ာမ်ားျဖစ္ၾကသည့္ ဦးလႈိင္ဝင္း ႏွင့္ဦးေအာင္မ်ိဳးဦး တို႔သိရွိေစရန္ အသိေပးေၾကညာ အပ္ပါသည္ ။(1) ဦးလႈိင္ဝင္း (ဇာတ္ပြဲမန္ေနဂ်ာ)၊ (2) ဦးေအာင္မ်ိဳးဦး(မင္းသား ဦးေလးေတာ္စပ္သူ) (ဇာတ္ပြဲမန္ေနဂ်ာ)၊ ဦးရာပိုက္ ရဲမာန္ အိမ္အမွတ္ ၂၅၁ /နယ္ေျမ ၆ အပိုင္း ၃ /အမွတ္ ၁၈ ရပ္ကြက္ ျမင္းၿခံၿမိဳ႕ Ph 09 : 5073 196

share from: burmese.asia




Unicode ဖြင့်ဖတ်ရန်

ေလျာ်ကြေးငွေကိစ္စများနှင့် ပက်သက်ပြီး တရားဥပဒေအရ အရေးယူမည့်အကြောင်း အသိပေးခံလိုက်ရတဲ့ စွမ်းသဘင်

နှစ်စဉ်ကျင်းပမြဲဖြစ်သော မကွေးတိုင်းဒေသကြီး ချောက်မြို့မဟာအေးစေတီ ဘုရားပွဲတော်ကြီးတွင် ၁၃၈၁ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော်(၆/၇/၈)အထိ(၃)ညတိုင်တိုင် စွမ်းဇာနည်ဇာတ်ပွဲကပြရန်အတွက် 28/8/2019 နေ့ တွင် ဇာတ်ပွဲမန်နေဂျာဦးလှိုင်ဝင်း နှင့်ဇာတ်ပွဲဌားရမ်ခြင်း စရံပေး ကတိစာချုပ် ချုပ်ဆို၍ ပထမအကြိမ်စရံငွေ (သိန်း ၃၀)ကျပ် အားလည်းကောင်း 10/9/2019 နေ့တွင်မင်းသားဦးလေးတော်စပ်သူဇာတ်ပွဲမန်နေဂျာဦးအောင်မျိုးဦး ထံသို့ ချောက်မြို့ ကမ္ဘောဇဘဏ်မှ ရွှေဘိုမြို့ ကမ္ဘောဇဘဏ်သို့ ဒုတိယ အကြိမ်စရံငွေ (သိန်း၂၀) ကျပ်အား ငွေလွှဲဖြင့်လည်းကောင်း စုစုပေါင်း စရံငွေ(၅၀သိန်း)ကျပ် တိတိကို စွမ်းဇာနည်ဇာတ်ပွဲ ကပြရန်ပေးချေခဲ့ရာ မန်နေဂျာကိုယ်တိုင် လက်ခံစစ်ဆေးရေတွက် ရယူခဲ့ပြီးဖြစ်ပါသည်။



စွမ်းဇာနည်ဇာတ်ပွဲသည် စရံငွေအား လက်ခံရယူခဲ့သော်လည်း ဘုရားပွဲတော်ကြီး စာချုပ်ရက်တွင် လာရောက်ကပြခဲ့ခြင်းမရှိသဖြင့် အခြားဇာတ်ပွဲအား အဆိုတော်များ သရုပ်ဆောင်များ ဌားရမ်းအစားထိုးထည့်သွင်း ကပြခဲ့ရသည့်အပြင် စွမ်းဇာနည် ကြိုတင်ဖျာရောင်းချထားမှုအား အများကြေနပ်မှုရှိစေရန်ပြန်လှယ်ဖြေရှင်းခဲ့ရမှုအားသင်တို့ ကြားသိပြီးဖြစ်မည်ဖြစ်ပါသည်။



သို့အတွက် ကျွနှ်ပ်တို့တွင် ဇာတ်ရုံ ကြော်ငြာ ဗွီနှိုင်း နှင့် နစ်နာမှုများစွာအတွက် မန္တလေးမြို့နေဇာတ်ပွဲမန်နေဂျာ ဦးလှိုင်ဝင်းနေအိမ်တွင် ညှိုနှိုင်းမှုအရ သင်တို့ကိုယ်တိုင် နစ်နာကြေး(သိန်း၁၂၀)ကျပ် ပေးလျှော်မည်ဖြစ်ကြောင်း စိတ်ကြေနပ်ကြည်ဖြူ လွတ်လပ်စွာကတိပြုခဲ့ပြီးဖြစ်ပါသည်။



ကတိပြုပြီးဖြစ်သော်လည်း သင်တို့အနေဖြင့် ပေးလျှော်မည့်နေ့ရက်အား အကြောင်းအမျိုးမျိုးပြ လှီးလွှဲပြောဆိုရှောင်တိမ်းနေသဖြင့် သင်တို့ကိုယ်တိုင် ကျွနှ်ပ်ထံသို့ (5/12/2019) နေ့ နောက်ဆုံးထား၍ သဘောတူကြေနပ်ထားသည့် နစ်နာကြေးငွေ(သိန်း ၁၂၀)ကျပ် တိတိအား တစ်လုံးတစ်ခဲတည်း မပျက်မကွက် လာရောက်ပေးလျှော်ရန်အသိပေးကြေညာ တောင်းဆိုလိုက်ပါသည်။



ထပ်ဆင့်သိရှိစေလိုသည်မှာ (5/12/2019) သတ်မှတ်ရက်ကျော်လွန်ပါက တရားဥပဒေနည်းလမ်းရှိသည့် အတိုင်း အမှုဖွင့်လှစ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်းသစ်တည်ထွင် စွမ်းသဘင် စွမ်းဇာနည်ဇာတ်ပွဲ မန်နေဂျာများဖြစ်ကြသည့် ဦးလှိုင်ဝင်း နှင့်ဦးအောင်မျိုးဦး တို့သိရှိစေရန် အသိပေးကြေညာ အပ်ပါသည် ။(1) ဦးလှိုင်ဝင်း (ဇာတ်ပွဲမန်နေဂျာ)၊ (2) ဦးအောင်မျိုးဦး(မင်းသား ဦးလေးတော်စပ်သူ) (ဇာတ်ပွဲမန်နေဂျာ)၊ ဦးရာပိုက် ရဲမာန် အိမ်အမှတ် ၂၅၁ /နယ်မြေ ၆ အပိုင်း ၃ /အမှတ် ၁၈ ရပ်ကွက် မြင်းခြံမြို့ Ph 09 : 5073 196

share from: burmese.asia



Previous
Next Post »
Powered by Blogger.