အေႂကြေစ့ေလးတေစ့ေၾကာင့္ ၁၂ ႏွစ္ၾကာ စကားမေျပာႏိုင္ျဖစ္ခဲ့ရသူ





Zawgyi ျဖင့္ဖတ္ရန္

“ Voiceless” ဆိုတဲ့စာအုပ္ထြက္ေပၚလာၿပီးေနာက္မွာေတာ့ အေႂကြေစ့တစ္ေစ့ေၾကာင့္ ၁၂ ႏွစ္တိုင္တိုင္ စကားမေျပာႏိုင္ျဖစ္ခဲ့တဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕အေၾကာင္းဟာ မီဒီယာေတြ ထက္မွာ ျပန္လည္ေနရာယူလာခဲ့ပါတယ္။

ဒီအမ်ိဳးသမီးနာမည္ဟာ မာရိတ္မက္ခရက္ဒီျဖစ္ပါတယ္။ မာရိတ္ဟာ အသက္ ၁၃ ႏွစ္အ႐ြယ္ ၁၉၇၂ ခုႏွစ္မွာ ထူးဆန္းစြာနဲ႔ ကစားမေျပာႏိုင္ခဲ့သူပဲျဖစ္ပါတယ္။

အဲဒီတုန္းက သူမရဲ႕အေျခအေနကို ဆရာဝန္ေတြက နည္းမ်ိဳးစုံနဲ႔ စမ္းသပ္ခဲ့ေပမယ့္ အေျဖရွာမေတြ႕ခဲ့ပါ ဘူး။ ဒါ့ေၾကာင့္ သူမဟာဗိုင္းရပ္စ္ပိုးတမ်ိဳးေၾကာင့္ စကားမေျပာႏိုင္ေတာ့တာလို႔သာ ေကာက္ခ်က္ခ်ခဲ့ၿပီး စကားမေျပာႏိုင္သူ တေယာက္အေနနဲ႔ ဘဝကိုျဖတ္သန္းဖို႔ တိုက္တြန္းခဲ့ပါတယ္။

ဒါက မာရိတ္နဲ႔ သူ႔မိသားစုအတြက္ အိပ္မက္ဆိုးတခုျဖစ္လာခဲ့ၿပီး မာရိတ္ဟာလည္း စကားမေျပာႏိုင္သူ တေယာက္အေနနဲ႔ ေက်ာင္းမွာေရာ အိမ္မွာပဲ ခြဲျခားဆက္ဆံမႈ၊ ျပႆနာေပါင္းမ်ားစြာနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

ဒီအေတာအတြင္းမွာ မာရတ္ဟာ အခက္အခဲေပါင္းမ်ားစြာနဲ႔ ရင္ဆိုင္ခဲ့ရၿပီး သူမအတြက္ ကံေကာင္းျခင္းေတြက ဒီျဖစ္ရပ္ေတြအၿပီး ၁၂ ႏွစ္အၾကာမွာ ျပန္ေပၚလာခဲ့ပါတယ္။

အဲဒါကေတာ့ သူမေခ်ာင္းဆိုးရာကေန စတင္ခဲ့ပါတယ္။ တေန႔မွာ မာရိတ္ဟာ အျပင္းအ ထန္ ေခ်ာင္းဆိုးၿပီးေတာ့ ေခ်ာင္းဆိုးရင္း ေသြးပါပါခဲ့ပါတယ္။



ဒါေၾကာင့္ သူမကို လူနာတင္ယာဥ္တစီးနဲ႔ ေဆး႐ုံကို အလ်င္အျမန္တင္ပို႔ခဲ့ရၿပီး ကားေပၚမွာ ရွိေနစဥ္ သူ႔လည္ေခ်ာင္းထဲမွာ တစုံတခုရွိေနတာကို မာရိတ္တေယာက္ ခံစားမိခဲ့ပါတယ္။

ေဆး႐ုံေရာက္လို႔ စစ္ေဆးမႈေတြျပဳလုပ္ၿပီးခ်ိန္မွာေတာ့ မာရိတ္ရဲ႕လည္ေခ်ာင္းထဲက အရာကို ဆရာဝန္ေတြက ဖယ္ရွားႏိုင္ခဲ့ၿပီး ဒါဟာ ၾသစေၾတးလ်နိိုင္ငံသုံး သုံးပဲနိတန္ အေႂကြေစ့တေစ့ျဖစ္ေနတာကို တုန္လႈပ္ဖြယ္ျမင္ေတြ႕ခဲ့ရပါတယ္။

ဒီအေႂကြေစ့ကို ဖယ္ရွားၿပီးတဲ့ေနာက္မွာ မာရိတ္ဟာ ညည္းတြားသံကိုျပဳလုပ္ႏိုင္ခဲ့ၿပီး အဲဒီေနာက္မွာေတာ့ စတင္ငိုေႂကြးႏိုင္ခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ မာရိတ္ဟာ သူမအသက္ ၁၃ ႏွစ္အ႐ြယ္မွာ ဆုံးရႈံးခဲ့ရတဲ့ သူ႔အသံကို အသက္ ၂၅ ႏွစ္အ႐ြယ္မွာ ျပန္လည္ရရွိခဲ့ၿပီး ဒါဟာ အေႂကြေစ့က သူမရဲ႕ လည္ေခ်ာင္းႁပြန္ထဲက အသံထြက္တဲ့ အစိတ္အပိုင္းေတြကို ပိတ္ဆို႔ေနတာေၾကာင့္ ျဖစ္တယ္လို႔ ဆရာဝန္ေတြက မွတ္ခ်က္ျပဳပါတယ္။





မာရိတ္ကေတာ့ ဒီအေႂကြေစ့ ဘယ္လိုလုပ္ သူ႔လည္ေခ်ာင္းထဲေရာက္ေနလဲဆိုတာ တိတိ က်က်မမွတ္မိေတာ့ဘဲ အေအးဘူး ေရဘူးထဲေရာက္ေနတဲ့ အေႂကြေစ့ကို မသိဘဲ ၿမိဳခ်မိလိုက္တာျဖစ္ႏိုင္တယ္လို႔ သူမကမွတ္ခ်က္ျပဳပါတယ္။

မာရိတ္ဟာ သူမရဲ႕ ၁၂ ႏွစ္တာကာလတြင္း ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရတဲ့ အႏိုင္က်င့္ခံရမူ၊ စြပ္စြဲခံရမႈ၊ ခြဲျခားဆက္ဆံခံရမႈေတြနဲ႔ ျပႆနာေတြကို Voiceless ဆိုတဲ့ စာအုပ္တအုပ္ ေဖာ္ထုတ္ေရးသားခဲ့ၿပီေတာ့ ဒီစာအုပ္ေၾကာင့္ပဲ သူမရဲ႕အေၾကာင္းအရာဟာ ၾသစေၾတးလ် မီဒီယာေတြထက္မွာ ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။

share from:xyznews.




Unicode ဖြင့်ဖတ်ရန်

အကြွေစေ့လေးတစေ့ကြောင့် ၁၂ နှစ်ကြာ စကားမပြောနိုင်ဖြစ်ခဲ့ရသူ


“ Voiceless” ဆိုတဲ့စာအုပ်ထွက်ပေါ်လာပြီးနောက်မှာတော့ အကြွေစေ့တစ်စေ့ကြောင့် ၁၂ နှစ်တိုင်တိုင် စကားမပြောနိုင်ဖြစ်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းဟာ မီဒီယာတွေ ထက်မှာ ပြန်လည်နေရာယူလာခဲ့ပါတယ်။

ဒီအမျိုးသမီးနာမည်ဟာ မာရိတ်မက်ခရက်ဒီဖြစ်ပါတယ်။ မာရိတ်ဟာ အသက် ၁၃ နှစ်အရွယ် ၁၉၇၂ ခုနှစ်မှာ ထူးဆန်းစွာနဲ့ ကစားမပြောနိုင်ခဲ့သူပဲဖြစ်ပါတယ်။

အဲဒီတုန်းက သူမရဲ့အခြေအနေကို ဆရာဝန်တွေက နည်းမျိုးစုံနဲ့ စမ်းသပ်ခဲ့ပေမယ့် အဖြေရှာမတွေ့ခဲ့ပါ ဘူး။ ဒါ့ကြောင့် သူမဟာဗိုင်းရပ်စ်ပိုးတမျိုးကြောင့် စကားမပြောနိုင်တော့တာလို့သာ ကောက်ချက်ချခဲ့ပြီး စကားမပြောနိုင်သူ တယောက်အနေနဲ့ ဘဝကိုဖြတ်သန်းဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါက မာရိတ်နဲ့ သူ့မိသားစုအတွက် အိပ်မက်ဆိုးတခုဖြစ်လာခဲ့ပြီး မာရိတ်ဟာလည်း စကားမပြောနိုင်သူ တယောက်အနေနဲ့ ကျောင်းမှာရော အိမ်မှာပဲ ခွဲခြားဆက်ဆံမှု၊ ပြဿနာပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီအတောအတွင်းမှာ မာရတ်ဟာ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး သူမအတွက် ကံကောင်းခြင်းတွေက ဒီဖြစ်ရပ်တွေအပြီး ၁၂ နှစ်အကြာမှာ ပြန်ပေါ်လာခဲ့ပါတယ်။

အဲဒါကတော့ သူမချောင်းဆိုးရာကနေ စတင်ခဲ့ပါတယ်။ တနေ့မှာ မာရိတ်ဟာ အပြင်းအ ထန် ချောင်းဆိုးပြီးတော့ ချောင်းဆိုးရင်း သွေးပါပါခဲ့ပါတယ်။



ဒါကြောင့် သူမကို လူနာတင်ယာဉ်တစီးနဲ့ ဆေးရုံကို အလျင်အမြန်တင်ပို့ခဲ့ရပြီး ကားပေါ်မှာ ရှိနေစဉ် သူ့လည်ချောင်းထဲမှာ တစုံတခုရှိနေတာကို မာရိတ်တယောက် ခံစားမိခဲ့ပါတယ်။

ဆေးရုံရောက်လို့ စစ်ဆေးမှုတွေပြုလုပ်ပြီးချိန်မှာတော့ မာရိတ်ရဲ့လည်ချောင်းထဲက အရာကို ဆရာဝန်တွေက ဖယ်ရှားနိုင်ခဲ့ပြီး ဒါဟာ သြစတြေးလျနိုင်ငံသုံး သုံးပဲနိတန် အကြွေစေ့တစေ့ဖြစ်နေတာကို တုန်လှုပ်ဖွယ်မြင်တွေ့ခဲ့ရပါတယ်။

ဒီအကြွေစေ့ကို ဖယ်ရှားပြီးတဲ့နောက်မှာ မာရိတ်ဟာ ညည်းတွားသံကိုပြုလုပ်နိုင်ခဲ့ပြီး အဲဒီနောက်မှာတော့ စတင်ငိုကြွေးနိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မာရိတ်ဟာ သူမအသက် ၁၃ နှစ်အရွယ်မှာ ဆုံးရှုံးခဲ့ရတဲ့ သူ့အသံကို အသက် ၂၅ နှစ်အရွယ်မှာ ပြန်လည်ရရှိခဲ့ပြီး ဒါဟာ အကြွေစေ့က သူမရဲ့ လည်ချောင်းပြွန်ထဲက အသံထွက်တဲ့ အစိတ်အပိုင်းတွေကို ပိတ်ဆို့နေတာကြောင့် ဖြစ်တယ်လို့ ဆရာဝန်တွေက မှတ်ချက်ပြုပါတယ်။



မာရိတ်ကတော့ ဒီအကြွေစေ့ ဘယ်လိုလုပ် သူ့လည်ချောင်းထဲရောက်နေလဲဆိုတာ တိတိ ကျကျမမှတ်မိတော့ဘဲ အအေးဘူး ရေဘူးထဲရောက်နေတဲ့ အကြွေစေ့ကို မသိဘဲ မြိုချမိလိုက်တာဖြစ်နိုင်တယ်လို့ သူမကမှတ်ချက်ပြုပါတယ်။

မာရိတ်ဟာ သူမရဲ့ ၁၂ နှစ်တာကာလတွင်း ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အနိုင်ကျင့်ခံရမူ၊ စွပ်စွဲခံရမှု၊ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ ပြဿနာတွေကို Voiceless ဆိုတဲ့ စာအုပ်တအုပ် ဖော်ထုတ်ရေးသားခဲ့ပြီတော့ ဒီစာအုပ်ကြောင့်ပဲ သူမရဲ့အကြောင်းအရာဟာ သြစတြေးလျ မီဒီယာတွေထက်မှာ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

share from:xyznews.


Previous
Next Post »
Powered by Blogger.