Zawgyi ဖြင့်ဖတ်ရန်
(၂) အကြည့်ခံတယ်
(၄) ဆံပင်ပုံစံမရွေးဘူး
Unicode ဖြင့်ဖတ်ရန်
 အသားညိုတာလေးက ဆွဲဆောင်မှုပိုရှိတယ်ဆိုတာကို သက်သေပြနေတဲ့အချက်များ
အသားဖြူတဲ့သူနဲ့ အသားညိုတဲ့သူ ဘယ်သူကပိုလှသလဲဆိုတာ အမြဲစဉ်းစားစရာဖြစ်ခဲ့ပါတယ်။ အသားဖြူချင်လို့ အသားဖြူဆေးထိုးတဲ့သူတွေရှိသလို၊ အသားညိုညိုလေးမှကြိုက်လို့ နေပူစာလှုံတဲ့သူလေးတွေလည်းရှိတာပါပဲ။ ဘာပဲပြောပြော အသားညိုတာလေးက ဆွဲဆောင်မှုပိုရှိတယ်ဆိုတာ ဒီအချက်တွေက သက်သေပြနေပါတယ်နော်။
(၁) စိုပြည်တဲ့ အသားအရေအမျိုးအစား
အသားညိုတဲ့သူလေးတွေက အသားခြောက်တာမျိုးမရှိဘဲ၊ စိုပြည်တဲ့အသားအရေအမျိုးအစားကိုပိုင်ဆိုင်ထားတတ်ကြပါတယ်။ ဒါကြောင့် ညိုညိုစိုစိုလေးနဲ့ ကြည့်မဝတဲ့အသွင်မျိုးကိုပိုင်ဆိုင်ကြပါတယ်။
(၂) အကြည့်ခံတယ်
ညိုချောလေးတွေကိုကြည့်လိုက်ရင် ချက်ချင်း လှလိုက်တာဆိုပြီး အံ့အားသင့်သွားတာမျိုးဖြစ်ချင်မှဖြစ်မယ်ဆိုပေမယ့် ကြည့်လေ လှလေ အကြည့်ခံတဲ့အလှမျိုးကို ပိုင်ဆိုင်ထားပါတယ်။
(၃) Strong ဖြစ်တဲ့ပုံစံမျိုး
အသားညိုသူလေးတွေက ဖျော့တော့တဲ့ပုံစံမျိုးမဟုတ်ဘဲ Strong ဖြစ်တဲ့ပုံစံမျိုးရှိပြီး မြင်တဲ့သူတိုင်းက ရှိန်သွားရလောက်တဲ့ အင်အားကောင်းတဲ့အလှမျိုးပါ။ တည်ငြိမ်တဲ့ပုံစံံမျိုးနဲ့ဆွဲဆောင်မှုရှိတဲ့ ညိုချောလေးတွေပေါ့။
(၃) ကျက်သရေရှိတဲ့ ဖက်ရှင်တွေနဲ့ လိုက်တယ်
မြန်မာဆန်ဆန်ပဲဝတ်ဝတ်၊ အနောက်တိုင်းဆန်ဆန်ပဲဝတ်ဝတ် ကလက်တဲ့ပုံစံမျိုးထက် ကျက်သရေရှိတဲ့ ဖက်ရှင်မျိုးနဲ့လိုက်ဖက်လွန်းတဲ့သူလေးတွေဖြစ်ပါတယ်။ ဒါကြောင့် ဖက်ရှင်ရွေးချယ်တဲ့အခါ ကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ပုံစံထက်၊ တည်ငြိမ်ပြီး ခပ်မိုက်မိုက်ဖြစ်တဲ့ ဖက်ရှင်မျိုးကို ရွေးချယ်လိုက်ရင် ဘယ်သူမှမမီအောင် မိုက်သွားပါလိမ့်မယ်။
(၄) ဆံပင်ပုံစံမရွေးဘူး
ဆံပင်အတို၊အရှည်၊အဖြောင့်၊အကောက် အားလုံးနဲ့လိုက်ဖက်တာကတော့ အသားညိုတဲ့ညိုချောလေးတွေပါ။ အသားဖြူတွေ ဆံပင်ပုံစံအမျိုးမျိုး ရွေးရခက်နေချိန်မှာ ညိုချောလေးတွေကတော့ ကိုယ်ကြိုက်တဲ့ပုံစံထားလို့ရပါတယ်။
share from: theesaychin
Previous
Next Post »
Powered by Blogger.