၂.၁၂.၂၀၁၉ မှ ၈.၁၂.၂၀၁၉ အထိ ပြောချင်လွန်းလို့ တစ်ပတ်စာဗေဒင်ဟောစာတမ်း
Zawgyiဖြင့်ဖတ်ရန်
ဗေဒင်လက္ခဏာပညာတွေဆိုတာက ဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့တဲ့အရာတွေဖြစ်ပြီးလူတွေရဲ့ ကြိုတင်မမြင်နိုင်တဲ့ကံတရားကိုတွက်ချက်ခန့်မှန်းပုံဖော်ပြီး မလုပ်သင့်တာမလုပ်ရအောင်၊အညံ့တွေပပျောက်အောင်၊ကြံတိုင်းအောင်ဆောင်တိုင်းမြောက်အောင် တစ်ဖက်တစ်လမ်းက ကူညီပေးနေတဲ့ပညာရပ်တစ်ပါးဖြစ်ပါတယ်။ ဗေဒင်ကြိုက်တဲ့ပရိသတ်ကြီးအတွက်ရော ဗေဒင်တွေကို ဆောင်ရန်ရှောင်ရန်လောက်သာဖတ်ပါတယ်ဆိုတဲ့သူတွေအတွက်ရောပြောချင်လွန်းလို့ရဲ့ တစ်ပတ်စာဗေဒင်ဟောစာတမ်းကဏ္ဍကို တင်ဆက်ပေးလိုက်ပါတယ်။
Aries (March 21- April 19)
Taurus (April 20 -May 20)
Gemini (May 21 – Jun 20)
Cancer (Jun 21- July 22)
Leo (Jul 23 – August 22)
Unicode ဖြင့်ဖတ်ရန်
Aries (March 21- April 19)
March လ 21 ကနေ April 19 ရက်အတွင်းမွေးဖွားတဲ့ Aries ရာသီဖွားတွေအတွက်တော့ ဒီတစ်ပတ်အတွင်းမှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေမချသင့်ပါဘူး။ စိတ်တိုစိတ်ဆတ်ဖြစ်နေတတ်တယ်။ အပြောင်းအလဲတွေနဲ့ကြုံတွေ့ရမယ့်အချိန်ဖြစ်တယ်။ အတိတ်ကိုပြန်တမ်းတနေတာတွေလျှော့ပြီး လက်ရှိပိုင်ဆိုင်ထားတာတွေကိုကောင်းမွန်စွာထိန်းသိမ်းသင့်တယ်။အချစ်ရေးမှာတော့ ရည်းစားဟောင်းတွေအချစ်ဟောင်းတွေနဲ့ ပြန်ဆက်မိတတ်တယ်။ ခရီးသွားလာသင့်တဲ့အချိန်ကာလကောင်းမှာကျရောက်နေတယ်။
Taurus (April 20 -May 20)
Taurus ရာသီဖွားတွေဟာ ဒီရက်ပိုင်းကစပြီး နောက်ထပ်လေးပတ်အတွင်းမှာ အောင်မြင်မှုတွေရနိုင်သလို ဆုံးရှုံးမှုတွေနဲ့လည်းတွေ့ရနိုင်တဲ့ ကံကြမ္မာအလှည့်အပြောင်းကြမ်းမယ့်ကာလအပိုင်းအခြားမှာကျရောက်နေတယ်။ အလုပ်မှာတော့ သင်စိတ်ပါဝင်စားတဲ့အလုပ်ကိုလုပ်ပြီး ငွေဝင်ကြမ်းမယ်။ သင့်ရည်မှန်းချက်တွေကိုနှောက်ယှက်ဖျက်ဆီးမယ့် လူတွေရှိလာနိုင်လို့ သတိထားသင့်တယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့ သာယာပျော်ရွှင်နေမယ့်ကာလဖြစ်တယ်။ ခရီးသွားလာမှုတွေလာလောဆယ်မပြုလုပ်သင့်သေးဘူး။
Gemini (May 21 – Jun 20)
အခုရက်ပိုင်းတွေမှာ Gemini ဖွားတွေအတွက် သက်ရောက်ရာဂြိုဟ်တွေရဲ့လွှမ်းမိုးမှုကြောင့်အလုပ်မှာ အကြံဉာဏ်ကောင်းတွေထွက်နေပြီး အောင်မြင်မှုတွေရနေမယ့်အချိန်ပါ။ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်သူတွေအတွက် အခုအချိန်ဟာ လုပ်ငန်းစတင်သင့်တဲ့အချိန်အခါကောင်းလည်းဖြစ်ပါတယ်။ ကိုယ်ပိုင်ဘဝမှာ အပြောင်းအလဲကြီးကြီးမားမားတွေကြုံရတတ်တယ်။ ကြိုတင်စီစဉ်ထားတဲ့အလုပ်တွေ နှောင့်နှေးနေလို့ စိတ်မရှည်ဖြစ်ရတတ်တယ်။ အချစ်ရေးမှာတော့ ချစ်သူရှိသူတွေက ချစ်သူနဲ့အဆင်ပြေနေမယ်။ ချစ်သူမရှိတဲ့သူတွေကတော့ ကိုယ်ချစ်နေသူကိုဖွင့်ပြောသင့်တဲ့အချိန်ကောင်းဖြစ်တယ်။ အပန်းဖြေခရီးတွေထွက်သင့်တဲ့အချိန်ကာလကောင်းမှာကျရောက်နေတယ်။
Cancer (Jun 21- July 22)
Cancer ရာသီဖွားတွေကတော့ ဒီရက်ပိုင်းမှာ ကိုယ့်ရဲ့တီထွင်ဖန်တီးနိုင်စွမ်းကို ကိုယ်လုပ်နေတဲ့အလုပ်နဲ့ သဟဇာတဖြစ်ဖို့ကြိုးစားသင့်တယ်။ အလုပ်မှာအောင်မြင်လာတာနဲ့အမျှ ငွေရေးကြေးရေးလည်းတိုးပွားလာမှာဖြစ်တယ်။ သင့်ရဲ့ မဆုတ်နစ်တဲ့ဇွဲလုံ့လနဲ့ စိတ်ရှည်သည်းခံမှုတွေကြောင့် ရလဒ်ကောင်းတွေရမယ်။ အချစ်ရေးမှာတော့ ပိုပြီးကောင်းမွန်တဲ့အပြောင်းအလဲတွေဖြစ်လာဖို့ရှိတယ်။ ချစ်သူကို အရင်ကထက်ပိုပြီး ဂရုစိုက်ပေးသင့်တဲ့အချိန်ပါ။ ခရီးသွားလာဖို့သင့်တော်တဲ့ကာလမှာကျရောက်နေတယ်။
Leo (Jul 23 – August 22)
Leo ရာသီဖွားတွေအနေနဲ့ အခုရက်ပိုင်းမှာ ပိုက်ဆံပိုပြီးဝင်မယ့်နောက်ထပ်အလုပ်တစ်ခုကမ်းလှမ်းလာတာခံရနိုင်တယ်။အဲဒီအလုပ်ကို မငြင်းပယ်သင့်ဘူး။ ကံဆိုးတဲ့အရာတစ်ခုကြုံရဖို့ရှိပြီးအဲဒီအရာက ကံမကောင်းမှုသေးသေးလေးလည်းဖြစ်နိုင်သလို ကြီးမားတဲ့ ဆုတ်ယုတ်မှုကြီးလည်းဖြစ်လာနိုင်တယ်။ ဒီရက်ပိုင်းမှာစိတ်လှုပ်ရှားမှုတွေများနေမယ်။စိတ်ခံစားချက်တွေကို အေးဆေးတည်ငြိမ်စွာထိန်းချုပ်နိုင်အောင်ကြိုးစားသင့်တယ်။ စိတ်ကူးထားတာကြာပြီဖြစ်တဲ့အနာဂတ်အစီအစဉ်တွေကိုပုံဖော်သင့်တယ်။ အချစ်ရေးမှာတော့ နားလည်မှုလွဲမှားတာလေးတွေရှိနိုင်တယ်။ ခရီးသွားလာဖို့သင့်တဲ့အချိန်ကောင်းဖြစ်တယ်။
Virgo (Aug 23 – September 22)
Virgo ရာသီဖွားတွေအတွက် အခုလတ်တလောမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေမယ့်ကာလဖြစ်တယ်။ စိတ်ကြည်လင်ချမ်းမြေ့နေမယ်။ သင့်ရဲ့စကားအပြောအဆိုနဲ့ ပြုမူပုံတွေကို ဂရုတစိုက်ထိန်းချုပ်ခြင်းက အကျိုးဖြစ်ထွန်းစေမယ့်ကာလဖြစ်တယ်။ ကိုယ်ကစိတ်ဝင်တစားလုပ်လင့်ကစား အလုပ်မှာ အနှောက်အယှက်တွေ တုံ့ဆိုင်းမှုတွေနဲ့ကြုံရနိုင်တယ်။ အချစ်ရေးမှာတော့ ချစ်သူက စိတ်အပြောင်းအလဲများနေပြီး စိတ်ကယောက်ကယက်ဖြစ်နေနိုင်တာမို့လို့ အရင်ကထက်ပိုပြီးနားလည်ပေးနေရမယ်။ အပန်းဖြေခရီးထွက်ဖို့သင့်တော်တဲ့အချိန်ကာလကောင်းမှာကျရောက်နေလင့်ကစား အလုပ်နဲ့ပတ်သက်တဲ့ခရီးတွေတော့ မထွက်သင့်သေးဘူး။
Libra (September 23 – October 22)
Libra တွေအတွက်ကတော့ ဒီရက်ပိုင်းမှာ ကိုယ့်လောက်အမျှော်အမြင်မရှိတဲ့သူတွေနဲ့ကြုံရပြီး စိတ်အနှောက်အယှက်ဖြစ်ရမယ်။ အလုပ်နဲ့ဆက်စပ်တဲ့အရေးကြီးတွေ့ဆုံမှုတွေကို အောင်မြင်စွာကျော်ဖြတ်နိုင်မယ်။ ဒီရက်ပိုင်းမှာအနားရောက်လာတဲ့သူတိုင်းကိုသံသယမျက်လုံးနဲ့ကြည့်ပြီး သေချာရွေးချယ်ပေါင်းသင့်တယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးပျော်ရွှင်စရာကောင်းနေမယ့် ကာလပါ။ ခရီးဝေးတွေ စွန့်စားရမယ့်ခရီးတွေမသွားသင့်ဘူး။ အပန်းဖြေခရီးလောက်သာထွက်သင့်တဲ့ကာလမှာကျရောက်နေတယ်။
Scorpio (October 23 – November 21)
Scorpio ရာသီဖွားတွေအနေနဲ့ အခုတလောမှာ ပြန်ပြင်လို့မရတဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချမိနိုင်လို့ သတိထားပါ။ ရောင်းမှားဝယ်မှားတွေဖြစ်နိုင်လို့ သတိထားရမယ့်ကာလဖြစ်တယ်။ လူများတဲ့ပွဲလမ်းသဘင်တွေ လူထူထပ်တဲ့နေရာတွေကိုဒီရက်ပိုင်းမှာရှောင်ကြဉ်ပါ။ ငွေဝင်ကြမ်းမယ်။ အသုံးထက်အဖြုန်းတွေပိုလုပ်မိနေမယ့်အချိန်ဖြစ်တယ်။ အချစ်ရေးမှာတော့ ချစ်သူရဲ့မကျေနပ်ချက်တွေကိုဖြေရှင်းနေရမယ်၊ သင့်ချစ်သူက သင့်အပေါ်အထင်လွဲမှားတာတွေရှိနေမယ်။ အားလပ်ရက်မှာနိုင်ငံရပ်ခြားခရီးစဉ်တွေသွားရင် ကြီးမားတဲ့အကျိုးကျေးဇူးခံစားရဖို့ရှိတယ်။
Sagittarius (November 22 – December 21)
လက်ရှိအချိန်မှာ စွန့်စားမှုတစ်ခုခုကို မျက်စိမှိတ်လုပ်သင့်တဲ့ကာလမှာကျရောက်နေလင့်ကစား ကိုယ့်ကိုဒုက္ခပေးမယ့်လူတွေနဲ့ ကြုံရနိုင်လို့သတိထားသင့်တယ်။ အချစ်ရေးမှာတော့ကြားစကားတွေကြောင့်အချင်းများရနိုင်လို့ချစ်သူကိုအရင်ကထက်စိတ်ရှည်ရှည်ထားပြီးဆက်ဆံသင့်တယ်။ စိတ်ကြည်လင်အောင် အပန်းဖြေခရီးထွက်သင့်တဲ့အချိန်ကာလပါ။ ဒီရက်ပိုင်းမှာ မမျှော်လင့်ပဲ သတင်းဆိုးတစ်ခုကြားရပြီးအဲဒီသတင်းဆိုးကြောင့် စီစဉ်ထားတဲ့အစီအစဉ်တွေမှာ အပြောင်းအလဲတွေလုပ်ရတာမျိုးရှိလာနိုင်တယ်။
Capricorn (December 22 – Jan 19)
ဒီရက်ပိုင်းမှာတော့ ကိုယ့်အကြံအစည်တွေကို အနားက လူတွေကိုမပြောပြမိအောင်သတိထားပါ။ စိတ်ညစ်ညူးစရာတွေရှိလာနိုင်လို့ အရှုံးမပေးပဲပြန်ထနိုင်အောင် ကိုယ့်ကိုယ်ကိုယ်အားတင်းထားရမယ့်ကာလဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ်ပြန်လည်ဆန်းစစ်ဖို့အချိန်ယူရသင့်တဲ့အချိန်ဖြစ်သလို ကိုယ့်အနားက လူတွေရဲ့ စိတ်ရင်းအမှန်ကိုလည်းသိလာရမယ့်အချိန်ကာလဖြစ်တယ်။ မကြာခင်မှာ ဘဝက ကောင်းသောပြောင်းလဲခြင်းဘက်ကို ဦးတည်ပြောင်းလဲဖို့ရှိလာနိုင်တယ်။ ငွေရေးကြေးရေးနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေပျောက်ဆုံးနိုင်လို့ ဂရုစိုက်သင့်တယ်။အချစ်ရေးမှာတော့ ကိုယ့်စိတ်ကိုယ်မထိန်းနိုင်ရင် စိတ်ဆင်းရဲမှုတွေနဲ့ရင်ဆိုင်ရမယ်။ ချစ်သူမရှိတဲ့သူတွေကတော့ ချစ်သူထားဖို့စဉ်းစားသင့်တဲ့အချိန်မဟုတ်သေးဘူး။ စိတ်ကိုလန်းဆန်းစေမယ့် camping trip လိုမျိုး adventure ခရီးတွေထွက်သင့်တဲ့အချိန်ကာလဖြစ်တယ်။
Aquarius (January 20 – February 18)
Aquarius တွေကတော့ ဒီရက်ပိုင်းမှာ အပျင်းရောဂါက ဒုက္ခပေးနေမယ်။ အနုပညာနယ်ပယ်ထဲမှာလုပ်ကိုင်နေသူတွေအောင်မြင်မှုရရှိမယ့်ကာလဖြစ်တယ်။ မျှော်လင့်ချက်တွေနဲ့စိတ်ကူးအိပ်မက်တွေအမှန်တကယ်ဖြစ်လာနိုင်တဲ့ကာလလည်းဖြစ်လို့ အင်တိုက်အားတိုက်ကြိုးစားသင့်တယ်။ ပိုက်ဆံအပိုရမယ့်အလုပ်တွေရလာနိုင်တယ်။ သူတပါးက မလိုချင်ပဲအကြံဉာဏ်တွေသွားမပေးမိပါစေနဲ့။ အချစ်ရေးမှာတော့ သင့်ချစ်သူလိုချင်တဲ့အတိုင်းပြောင်းလဲနေထိုင်ပေးဖို့ကြိုးစားနေရမယ်။ ချစ်သူမရှိတဲ့သူတွေကတော့ ကိုယ်မကြိုက်တဲ့သူတွေက လာကြိုက်တာပဲခံနေရပြီး ရတာမလိုလိုတာမရဖြစ်နေမယ်။ လှပတဲ့နေရာတွေကို အပန်းဖြေခရီးသွားလာသင့်တဲ့အချိန်အခါကောင်းဖြစ်တယ်။
Pieces (February 19 – March 20)
ဒီရက်ပိုင်းမှာ ကိုယ့်ကိုဂရုမစိုက်တဲ့သူတွေအတွက် အကူအညီတွေပေးမိနေတတ်တယ်။ သတင်းအမှားတွေ ကိုယ့်ကို နှောက်ယှက်ချင်သူတွေက ဖန်တီးလိုက်တဲ့သတင်းတွေကြောင့် စိတ်ညစ်နေရမယ်။ စိတ်ထင်ရာလျှောက်လုပ်ပြီး ငွေကြေးဆုံးရှုံးမှုတွေဖြစ်လာနိုင်တာကြောင့်သတိကြီးကြီးထားသင့်တယ်။ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ကြောက်မနေဘဲ ရဲရဲဝံ့ဝံ့ဆုံးဖြတ်သင့်တဲ့အချိန်ကာလပါ။ အချစ်ရေးမှာတော့ သင့်ရဲ့ စိတ်ဆတ်မှုနဲ့အတွေးလွန်မှုတွေက သင့်ကိုကောင်းကောင်းကြီးဒုက္ခပေးနေမှာမို့ စိတ်ကိုငြိမ်းချမ်းအောင်ထားပြီး ကိုယ့်ချစ်သူကိုယုံကြည်ပေးသင့်တယ်။ ခရီးသွားလာသင့်တဲ့အချိန်ကာလမဟုတ်သလိုအလုပ်နဲ့နိုင်ငံရပ်ခြားကိုသွားရမယ်ဆိုရင် ပိုပြီးတော့တောင်မသွားသင့်သေးဘူး။ အပန်းဖြေခရီးတွေထွက်ခဲ့ရင်လည်းကိုယ်တိုင် ကားမောင်းခြင်းကို ရှောင်သင့်တယ်။
အခုဖော်ပြသွားတာတွေကတော့ ပြောချင်လွန်းလို့ရဲ့ တစ်ပတ်စာဗေဒင်ဟောစာတမ်းဖြစ်ပါတယ်။ဟောစာတမ်းရဲ့ဖော်ပြချက်တွေနဲ့ ကိုယ့်ရာသီခွင်နဲ့ကိုက်ရဲ့လားဆိုတာလည်း ဖတ်ရှုပြီးပြောခဲ့ကြပါဦး။  နောက်အပတ်တွေမှာလည်းတစ်ပတ်စာဗေဒင်ဟောစာတမ်းတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြပါဦး။
Credit: Yangon News 
Previous
Next Post »
Powered by Blogger.