က်ားငယ္နဲ႔ ေခြးေပါက္ေလးေတြရဲ႕ မယုံႏိုင္စဖြယ္ အေဆြခင္ပြန္းဖြဲ႕ အတူေနထိုင္မႈ




Zawgyi ျဖင့္ဖတ္ရန္

မိတ္ေဆြဆိုတာ အသက္အ႐ြယ္၊ လူမ်ိဳး၊ တိုင္းရင္းသားနဲ႔ ဘာသာေရးတို႔နဲ႔ မသက္ဆိုင္ပါဘူး။ အသြင္မတူ ကြဲျပားမႈဟာ ခြဲျခားေကာင္း ခြဲျခားေကာင္းေပမယ့္ ေနာက္ဆုံးမွာေတာ့ အေဆြခင္ပြန္းေတြကို ခြဲမထုတ္ႏိုင္ပါဘူး။

ဒီ ဥပမာကို ဘဂၤလားက်ားေပါက္ေလး ဟန္တာနဲ႔ ဂ်ာမနီမ်ိဳး ေခြးေလး ခ်က္ဆီးတို႔က စံနမူနာ ေကာင္းေကာင္း ျပေနပါတယ္။ေတာင္အာဖရိက တိရစာၦန္ေစာင့္ေရွာက္ေရးစခန္းမွာ ဟန္တာနဲ႔ ခ်က္ဆီးတို႔ဟာ အတူ ေနထိုင္ေနေၾကာင္း ဒီစခန္းမွ လုပ္ကိုင္ေနထိုင္သူ အန္သီယာက ေျပာပါတယ္။



ခုလို ဟန္တာနဲ႔ ခ်က္ဆီးတို႔ လုံးေထြးေဆာ့ကစားေနတာကို ျမင္ရရင္ အရာရာတိုင္းဟာ လွပတယ္လို႔ ထင္ရမွာ ျဖစ္ေပမယ့္ ဟန္တာရဲ႕ ဘဝအစက မေကာင္းလွပါ။
မိခင္က်ားမႀကီးက ေမြးေမြးခ်င္း စြန႔္ပစ္ၿပီး ဟန္တာကို အနားကပ္မခံတာ ျဖစ္ပါတယ္။

“ဒီလို မိခင္ရဲ႕ စြန႔္ပယ္ခံရတဲ့ ဟန္တာဟာ အထီးက်န္ တစ္ေကာင္တည္း ရွိရွာေတာ့တဲ့ က်ားေပါက္ေလး ျဖစ္ေနခဲ့တယ္။”လို႔ အန္သီယာက ေျပာပါတယ္။
အဲဒီေနာက္မွာေတာ့ စခန္းက လူေတြဟာ ဟန္တာကို ခ်က္ဆီးနဲ႔ ေတြ႕ေပးပါတယ္။ ေလွာင္အိမ္က လႊတ္ေပးခ်င္း ဟန္တာထက္ လပိုင္းေလာက္ အသက္ႀကီးတဲ့ ခ်က္ဆီးက ဟန္တာဆီ ေျပးသြားေတာ့တာ ျဖစ္ပါတယ္။




အခ်င္းခ်င္း မိတ္ဆက္ေတြ႕ဆုံၿပီးေနာက္မွာ ခဏခ်င္းပဲ ႏွစ္ေကာင္သား ပြဲက်သြားပါတယ္။ လုံးေထြးေဆာ့ကစားၾကေတာ့တာ ျဖစ္ၿပီး မခြဲအတူ ရွိေနၾကေတာ့တာပဲ ျဖစ္ပါတယ္။


Writer_ ေမာင္သံဆင့္(XYZ News)


Unicode ဖြင့်ဖတ်ရန်

ကျားငယ်နဲ့ ခွေးပေါက်လေးတွေရဲ့ မယုံနိုင်စဖွယ် အဆွေခင်ပွန်းဖွဲ့ အတူနေထိုင်မှု


မိတ်ဆွေဆိုတာ အသက်အရွယ်၊ လူမျိုး၊ တိုင်းရင်းသားနဲ့ ဘာသာရေးတို့နဲ့ မသက်ဆိုင်ပါဘူး။ အသွင်မတူ ကွဲပြားမှုဟာ ခွဲခြားကောင်း ခွဲခြားကောင်းပေမယ့် နောက်ဆုံးမှာတော့ အဆွေခင်ပွန်းတွေကို ခွဲမထုတ်နိုင်ပါဘူး။

ဒီ ဥပမာကို ဘင်္ဂလားကျားပေါက်လေး ဟန်တာနဲ့ ဂျာမနီမျိုး ခွေးလေး ချက်ဆီးတို့က စံနမူနာ ကောင်းကောင်း ပြနေပါတယ်။တောင်အာဖရိက တိရစ္ဆာန်စောင့်ရှောက်ရေးစခန်းမှာ ဟန်တာနဲ့ ချက်ဆီးတို့ဟာ အတူ နေထိုင်နေကြောင်း ဒီစခန်းမှ လုပ်ကိုင်နေထိုင်သူ အန်သီယာက ပြောပါတယ်။



ခုလို ဟန်တာနဲ့ ချက်ဆီးတို့ လုံးထွေးဆော့ကစားနေတာကို မြင်ရရင် အရာရာတိုင်းဟာ လှပတယ်လို့ ထင်ရမှာ ဖြစ်ပေမယ့် ဟန်တာရဲ့ ဘဝအစက မကောင်းလှပါ။
မိခင်ကျားမကြီးက မွေးမွေးချင်း စွန့်ပစ်ပြီး ဟန်တာကို အနားကပ်မခံတာ ဖြစ်ပါတယ်။

“ဒီလို မိခင်ရဲ့ စွန့်ပယ်ခံရတဲ့ ဟန်တာဟာ အထီးကျန် တစ်ကောင်တည်း ရှိရှာတော့တဲ့ ကျားပေါက်လေး ဖြစ်နေခဲ့တယ်။”လို့ အန်သီယာက ပြောပါတယ်။
အဲဒီနောက်မှာတော့ စခန်းက လူတွေဟာ ဟန်တာကို ချက်ဆီးနဲ့ တွေ့ပေးပါတယ်။ လှောင်အိမ်က လွှတ်ပေးချင်း ဟန်တာထက် လပိုင်းလောက် အသက်ကြီးတဲ့ ချက်ဆီးက ဟန်တာဆီ ပြေးသွားတော့တာ ဖြစ်ပါတယ်။



အချင်းချင်း မိတ်ဆက်တွေ့ဆုံပြီးနောက်မှာ ခဏချင်းပဲ နှစ်ကောင်သား ပွဲကျသွားပါတယ်။ လုံးထွေးဆော့ကစားကြတော့တာ ဖြစ်ပြီး မခွဲအတူ ရှိနေကြတော့တာပဲ ဖြစ်ပါတယ်။


Writer_ မောင်သံဆင့်(XYZ News)


Previous
Next Post »
Powered by Blogger.